Royal Prime Mark Construction & Interior Decorations

Royal Prime Mark Construction & Interior Decorations Your Dream, We Design. Your Home, We Make.

မိုးရာသီမှာ အိပ်ခန်းထဲ အလှစိုက်ထားသင့်တဲ့ အပင် ( ၅ ) မျိုး အိပ်ခန်းထဲမှာ အပင်တွေ ထားရှိခြင်းက သင့်ရဲ့ ကျန်းမာရေး၊ စိတ်ပိ...
30/10/2025

မိုးရာသီမှာ အိပ်ခန်းထဲ အလှစိုက်ထားသင့်တဲ့ အပင် ( ၅ ) မျိုး

အိပ်ခန်းထဲမှာ အပင်တွေ ထားရှိခြင်းက သင့်ရဲ့ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ အိပ်စက်မှု အရည်အသွေးကို များစွာ အထောက်အကူပြုနိုင်ပါတယ်။ စိမ်းစိမ်းစိုစိုနဲ့ လှပတင့်တယ်စေနိုင်တဲ့ အပင်လေးတွေဟာ အခန်းတွင်း အောက်ဆီဂျင်ဓာတ်ကိုလည်း မြင့်မားစေပြီး လေထုကိုပါ သန့်စင်ပေးနိုင်တာကြောင့် စိတ်ဖိစီးမှုတွေကို လျှော့ကျစေနိုင်ပြီး ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။

မိုးရာသီမှာ စိုထိုင်းဆတွေ များနေလို့ အိပ်ခန်းထဲ အနံ့အသက်တွေ မကောင်းဘူး ဖြစ်နေပြီဆိုရင် အပင်လေးတွေထားပြီး လွယ်လွယ်ကူကူ ဖြေရှင်းဖို့ မမေ့ပါနဲ့။ အိပ်ခန်းထဲ အလှစိုက်ထားသင့်တဲ့ အပင် ( ၅ ) မျိုးကတော့-

( ၁ ) Peace Lily ( ရှင်သီဝလီ ဂမုန်း )

ရှင်သီဝလီ ဂမုန်းဟာ လေထဲက ဘင်ဇင်း၊ ဖော်မယ်လ်ဒီဟိုက်၊ ကာဗွန် မွန်နိုက်ဆိုက်၊ ခရိုလိုရိုဖို့များကို အထိရောက်ဆုံး ဖယ်ရှားနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပြီး တစ်နေကုန် လေကောင်းလေသန့် ရရှိစေတဲ့ အပင်ဖြစ်ပါတယ်။ ရှင်သီဝလီ ဂမုန်းရဲ့ အဖြူရောင် ပွင့်ဖတ်တွေက ဆွဲဆောင်မှုရှိတဲ့အပြင် ဝတ်မှုန်တွေကိုလည်း ထုတ်လွှတ်ပေးလို့ အခန်းတွင်းထဲမှာ ပန်းရနံ့လေး သင်းပျံ့နေစေမှာဖြစ်ပါတယ်။

(၂) Snake Plant ( မြွေပင် )

မြွေပင်က အခန်းတွင်း လေထုကို သန့်စင်ပေးနိုင်ပြီး အထူးသဖြင့် ညအချိန်မှာ အောက်ဆီဂျင်ကို ကောင်းစွာ ထုတ်လွှတ်ပေးတာကြောင့် အိပ်ခန်းထဲမှာ မဖြစ်မနေ စိုက်သင့်တဲ့ အပင်ဖြစ်ပါတယ်။

(၃) Aloe Vera ( ရှားစောင်းလက်ပတ် )

ဒီအပင်ဟာ အခန်းတွင်း ဓာတုပစ္စည်းတွေက ထွက်တဲ့ မသန့်ရှင်းတဲ့ လေကို ဖယ်ရှားပေးနိုင်သလို အလင်းရောင် အနည်းငယ် ရရှိရုံနဲ့ ကောင်းစွာ ရှင်သန်နိုင်ပြီး ထိန်းသိမ်းရလည်း လွယ်ကူလို့ အိပ်ခန်းထဲ စိုက်ထားသင့် အပင်တစ်မျိုးပါပဲ။

(၄) English Ivy ( တိုက်ကပ်နွယ်ပင် )

English Ivy ကတော့ လေထုသန့်စင်မှု အပေးဆုံး နံပါတ်တစ် အပင်အဖြစ် နာဆာကတောင် ရည်ညွှန်းပေးထားတဲ့ အပင်တစ်ပင်ပါ။ ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့ကို အထိရောက်ဆုံး စုပ်ယူပေးနိုင်ပြီး ကြမ်းပြင်တွေ၊နံရံတွေမှ အလွယ်တကူ ရှင်သန်နိုင်တဲ့အပြင် အလှဆင်လို့လည်း ကောင်းတဲ့ အပင် ဖြစ်ပါတယ်။

(၅) Bamboo Palm ( ဝါးပင် )

လေထုကို သန့်စင်ပေးနိုင်တဲ့ နောက်ထပ်အပင် တစ်မျိုးကတော့ ဝါးပင်ပါပဲ။ ဝါးပင်ဟာ လေထုစိုထိုင်းဆကိုလည်း ထိန်းသိမ်းပေးနိုင်ပြီး အိပ်ခန်း၊ ရေချိုးခန်း၊ ဧည့်ခန်းနဲ့ ရုံးခန်းလို အခန်းတွေမှာ စိုက်ပျိုးလို့ အထူး သင့်တော်ပါတယ်။

အလင်းရောင် လေဝင်လေထွက် ကောင်းမွန်ပြီး သပ်ရပ်လှပတဲ့ ဒီဇိုင်းလက်ရာနဲ့ အိမ်တွင်း အလှဆင်ချင်ရင်တော့ royalprimemark နဲ့ လက်တွဲထားလိုက်ပါ။

အိမ်ဆောက်ဖိုအတွက် စုံစမ်းမေးမြန်းလိုပါက
Contact Us 👇
☎️ 09-250191793



အိမ်ကြမ်းခင်းအတွက် ကြွေပြားနှင့်ပါကေး ဘယ်ဟာကို ရွေးမလဲ...?အိမ်တွင်းအလှဆင်ဖို့ ကြမ်းခင်းတဲ့နေရာမှာ  ကြွေပြားသုံးရင် ကောင်...
28/10/2025

အိမ်ကြမ်းခင်းအတွက် ကြွေပြားနှင့်ပါကေး ဘယ်ဟာကို ရွေးမလဲ...?

အိမ်တွင်းအလှဆင်ဖို့ ကြမ်းခင်းတဲ့နေရာမှာ ကြွေပြားသုံးရင် ကောင်းမလား ပါကေးခင်းရင် ကောင်းမလားဆိုပြီး ဝေခွဲရခက်နေပြီဆိုရင်တော့ အောက်ပါအချက်တွေကို လေ့လာပြီး ရွေးချယ်အသုံးပြုနိုင်ဖို့ ကြွေပြားနှင့်ပါကေးတို့ရဲ့ ကောင်းကွက်၊ဆိုးကွက်တွေကို မျှဝေပေးလိုက်ပါတယ်။

- ကြာရှည်ခံနိုင်မှုအပိုင်းမှာတော့ ကြွေပြားတွေဟာ ပွန်းရာ ၊ ခြစ်ရာများကို ခံနိုင်ပြီး ရေစိုဒဏ်များကိုခံနိုင်ပေမယ့် ပါကေးကတော့ ပွန်းရာ ၊ ခြစ်ရာများ အလွယ်တကူထင်နိုင်တဲ့အပြင် ရေစိုတဲ့ဒဏ်ကိုလည်း ကြာရှည်စွာ မခံနိုင်ပါဘူး။

- ထိန်းသိမ်းမှုအပိုင်းမှာတော့ ကြွေပြားတွေဟာ ပုံမှန်တံမြတ်စည်းလရုံ ၊ ကြမ်းတိုက်ရုံလောက်နဲ့ လွယ်ကူစွာ သန့်ရှင်းရေးလုပ်ရ လွယ်ကူပြီး ထိန်းသိမ်းလို့ရပါတယ်။ ပါကေးကတော့ ပုံမှန်ထက်ကို ပိုပြီးဂရုစိုက်ဖို့ လိုအပ်သလို ပြုပြင်ထိန်းသိမ်းမှုတွေလည်း လုပ်ရတာ ပိုများပါတယ်။

- ကျန်းမာရေးအရ ကြွေပြားတွေက အေးချမ်းမှုကို ပေးပြီး ကြွေပြားတွေပေါ်မှာ ကြာရှည်မတ်တပ်ရပ်ခြင်း ၊ လမ်းလျှောက်ခြင်း ၊ လှဲလျောင်းခြင်းတို့ ပြုလုပ်မိမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ပါကေးတွေကတော့ နွေးထွေးမှုကိုပေးတာကြောင့် အသက်အရွယ်ရတဲ့ လူကြီးများနှင့် အတူနေမယ်ဆိုရင်တော့ ကြွေပြားခင်းခြင်းထက် ပါကေးခင်းတာက ပိုမိုကောင်းမွန်ပါတယ်။

- အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင် ကြွေပြားတွေဟာ အလွယ်တကူ ခင်းလို့ရနိုင်ပြီး ပါကေးခင်းမယ်ဆိုရင် သေသပ်ဖို့အတွက် အချိန်အနည်းငယ်ပိုပေးရပါတယ်။ ရေထိဖို့ အလားအလာနည်းတဲ့ နေရာမျိုးဆိုရင် ပါကေးဟာ ပိုမိုကောင်းမွန်ပြီး ရေရှည်အသုံးပြုချင်တယ်ဆိုရင်တော့ ကြွေပြားများကို အသုံးပြုသင့်ပါတယ်။

အိမ်ဆောက်ဖိုအတွက် စုံစမ်းမေးမြန်းလိုပါက
Contact Us 👇
☎️ 09-250191793



🎯 သင့်အိမ်အတွက် ပြောင်းလဲမှု တစ်ခုကို စတင်ဖို့  စဉ်းစားနေလား ?လူကြီးမင်းတို့ရဲ့ အိမ်၊ အခန်းတွေ၊ လုပ်ငန်းဌာနခွဲတွေကို ခမ်...
28/10/2025

🎯 သင့်အိမ်အတွက် ပြောင်းလဲမှု တစ်ခုကို စတင်ဖို့ စဉ်းစားနေလား ?

လူကြီးမင်းတို့ရဲ့ အိမ်၊ အခန်းတွေ၊ လုပ်ငန်းဌာနခွဲတွေကို ခမ်းနားထည်ဝါမှုနဲ့ ပြန်လည်အသက်သွင်းချင်လား?

🎯 အိမ်တစ်လုံးက ... နေချင်စရာကောင်းဖို့လည်းလိုသလို သက်တောင့်သက်သာဖြစ်ဖို့လည်း လိုအပ်ပါတယ်။

ဒါဆိုရင်တော့…
👉 Project အမျိုးမျိုးကို တစ်နေရာတည်းမှာ တိကျမြန်ဆန်စွာ ဖြေရှင်းပေးနိုင်တဲ royalprimemark နဲ့ လက်တွဲလိုက်ပါ။

အိမ်ဆောက်ဖိုအတွက် စုံစမ်းမေးမြန်းလိုပါက
Contact Us 👇
☎️ 09-250191793



သေးငယ်တဲ့ ပြုပြင်မှုကနေ ကြီးမားတဲ့ အပြောင်းအလဲကို ဖန်တီးမယ်…✨အိမ်ကို တစ်လုံးလုံး ပြောင်းလဲဖို့ အချိန်မပေးနိုင်သေးဘူးလား❓...
28/10/2025

သေးငယ်တဲ့ ပြုပြင်မှုကနေ ကြီးမားတဲ့ အပြောင်းအလဲကို ဖန်တီးမယ်…✨

အိမ်ကို တစ်လုံးလုံး ပြောင်းလဲဖို့ အချိန်မပေးနိုင်သေးဘူးလား❓

အိမ်ရဲ့ မီးဖိုချောင်နဲ့ ရေချိုးခန်းကို အဆင့်မြှင့်တင်လိုက်ရုံနဲ့ နေအိမ်တစ်ခုလုံးရဲ့ တန်ဖိုးနဲ့ ခံစားမှုကို အံ့မခန်း မြှင့်တင်နိုင်ပါတယ်…🙌

🍳 ချက်ပြုတ်ရတာ ပိုမိုလွယ်ကူပြီး သန့်ရှင်းသပ်ရပ်တဲ့အသွင် တောက်ပစေမယ့် မီးဖိုချောင်ဒီဇိုင်းအသစ်များ…

🛁 အနားယူအပန်းဖြေ Spa လိုမျိုး ခံစားမှုကို ဖန်တီးပေးစွမ်းနိုင်မယ့် ရေချိုးခန်းဒီဇိုင်းများကို…

royalprimemark ရဲ့ ကျွမ်းကျင်မှုနဲ့ အသေးစိတ် ပြောင်းလဲလိုက်ပါ…🙌

အိမ်ဆောက်ဖိုအတွက် စုံစမ်းမေးမြန်းလိုပါက
Contact Us 👇
☎️ 09-250191793



ကိုယ်ပိုင်အိမ်လေးမှာ ပျော်ရွှင်ဖွယ်မိသားစုလေး နဲ့ မိမိ ကြိုက်နှစ်သက်တဲ့ ပုံစံလေးကိုတည်ဆောက်လိုက်ပါ။Modern furniture တွေပ...
28/10/2025

ကိုယ်ပိုင်အိမ်လေးမှာ ပျော်ရွှင်ဖွယ်မိသားစုလေး နဲ့ မိမိ ကြိုက်နှစ်သက်တဲ့ ပုံစံလေးကိုတည်ဆောက်လိုက်ပါ။

Modern furniture တွေပေါ်လာတာနဲ့အမျှ ခောတ်မှီတဲ့ဒီဇိုင်း၊ နှစ်လိုဖွယ်ပုံစံတွေနဲ့အတူ အမြဲနေချင်စဖွယ်ကောင်းအောင် Decorations တွေလုပ်လာနိုင်ပါပြီ။

royalprimemark မှာဆိုရင် Decorations လုပ်မလား၊ Renovation လုပ်မလား
Project အမျိုးမျိုးကို တစ်နေရာတည်းမှာ တိကျမြန်ဆန်စွာ One-Stop Service နဲ့ ယုံကြည်စိတ်ချရမြန်ဆန်တဲ့ ၀န်ဆောင်မူတွေရှိနေပါပြီ။

အိမ်ဆောက်ဖိုအတွက် စုံစမ်းမေးမြန်းလိုပါက
Contact Us 👇
☎️ 09-250191793



အမြင်ဆန်းသစ်စေတဲ့ Textures & Patterns များနဲ့ အိမ်တွင်းအလှဆင်ခြင်း Textures & Patterns ဆိုတာ အိမ်တွင်းအလှဆင်တဲ့အခါ အသုံး...
28/10/2025

အမြင်ဆန်းသစ်စေတဲ့ Textures & Patterns များနဲ့ အိမ်တွင်းအလှဆင်ခြင်း

Textures & Patterns ဆိုတာ အိမ်တွင်းအလှဆင်တဲ့အခါ အသုံးများတဲ့ ဒီဇိုင်းတစ်မျိုးဖြစ်ပါတယ်။ အမြင်အာရုံကို ဆွဲဆောင်နိုင်စွမ်းရှိပြီး မော်ဒန်ဆန်တဲ့ အငွေ့အသက်ကို ပေးစွမ်းနိုင်ပါတယ်။

ဒါ့ကြောင့် အမြင်အားဖြင့် ဆန်းသစ်ပြီး အနုပညာဆန်တာကို သဘောကျနှစ်ခြိုက်ရင်တော့ Textures & Patterns အမျိုးကိုကို အိမ်တွင်းအလှဆင်မှုမှာ အသုံးချကြည့်သင့်ပါတယ်။

Textures & Patterns ကို ဘယ်လို အသုံးချလို့ ရမလဲ...?

- အရောင်ကာလာအတွဲစပ်တွေကို သေချာလေး ရွေးပေးပါ။

အရောင်တွေကလည်း ကျွန်တော်တို့ရဲ့ စိတ်ခံစားမှု၊ အတွေးအထင်၊ လုပ်ဆောင်ချက်တွေနဲ့ တိုက်ရိုက်ကြီး ဆက်စပ်နေတာကြောင့် ဆေးသုတ်တဲ့အခါပဲဖြစ်ဖြစ် ၊ပရိဘောဂတွေနဲ့ အလှဆင်လို့ပဲဖြစ်ဖြစ် အရောင်တွေကို သေချာရွေးပေးဖို့လိုပါတယ်။ အဓိကတော့ တစ်ခုနဲ့ တစ်ခု လိုက်ဖက်မှု ရှိနေဖို့ အရေးကြီးပါတယ်။ ရွေးချယ်သင့်တာကတော့ မျက်စီအေးတဲ့ အရောင်ဖျော့တွေကို ရွေးချယ်သင့်ပါတယ်။

- နံရံတွေကို အသုံးချပါ။

Textures & Patterns အသုံးချပြီး အိမ်တွင်းအလှဆင်တော့မယ်ဆိုရင် နံရံတွေကို ခြယ်သသင့်ပါတယ်။ ဆေးရောင် အမျိုးမျိုးနဲ့ အလှဆင်လို့ ရသလို နံရံကပ် Wallpaper တွေကို အသုံးပြုလို့ ရပါတယ်။ နံရံကပ် Wallpaper တွေမှာ အရောင်စပ်တွေ ၊ Texture တွေ ၊ Pattern တွေရှိနေတဲ့အတွက် သီးသန့် ပုံဖော်စရာ ၊ အရောင်တွေစပ်နေစရာမလိုဘဲ အလွယ်တကူ စိတ်ကြိုက်အလှဆင်လို့ ရနိုင်ပါတယ်။

- သင့်တော်ရာ ခန်းဝင် ပရိဘောဂများနဲ့ အလှဆင်ပါ။

အိမ်တွင်းအလှဆင်တဲ့အခါ Textures & Patterns အသွင်ကို ဖော်ဆောင်ချင်တယ်ဆိုရင် ပရိဘောဂ ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ ပရိဘောဂပစ္စည်းတွေကို အသုံးပြုပြီး မတူညီတဲ့ texture နှင့် pattern တွေကို ပေါင်းစပ်ခြင်းက ဆန်းသစ်ပြီး ပိုမိုထူးခြားတဲ့ အလှတရားကို ဖန်တီးပေးနိုင်ပါတယ်။

- အနုပညာမြောက် လက်ရာပစ္စည်းများနဲ့ အလှဆင်ပါ

Textures & Patterns တွေနဲ့ အမြင်အာရုံကို ဆွဲဆောင်နိုင်တဲ့ ပန်းချီကားတွေ၊ကြွေထည်ပစ္စည်းများဖြင့် အလှဆင်ခြင်းကလည်း တမူထူးခြားတဲ့ ရသကို ပေးစွမ်းနိုင်တာ အသေအချာပါပဲ။

- အပင်တွေနဲ့လည်း အလှဆင်လို့ ရပါတယ်။

အိမ်တွင်း အပင်တွေက စိတ်ကြည်လင်စေပြီး သက်တောင့်သက်သာ ရှိစေတာကြောင့် Snake Plant တို့လို Textures & Patterns ပါတဲ့ အပင်တွေကို အသုံးပြုနိုင်ပါတယ်။

လူမင်းကြီးတို့ အိမ်ခန်းတွေကို အမြင်အားဖြင့် ဆန်းသစ်ပြီး မော်ဒန်ဆန်တဲ့ အငွေ့အသက်တွေနဲ့ Decoration & Renovation လုပ်ဖို့ လိုအပ်နေပြီဆိုရင်တော့ royalprimemark ကိုသာ သတိရလိုက်ပါ။

အိမ်ဆောက်ဖိုအတွက် စုံစမ်းမေးမြန်းလိုပါက
Contact Us 👇
☎️ 09-250191793



ရေလုံဆေး (Waterproofing Sealant) ဆိုတာကတော့ ရေစိုခံစေဖို့ အသုံးပြုတဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတစ်မျိုးပါ။ အဓိကအားဖြင့် အ...
28/10/2025

ရေလုံဆေး (Waterproofing Sealant) ဆိုတာကတော့ ရေစိုခံစေဖို့ အသုံးပြုတဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတစ်မျိုးပါ။ အဓိကအားဖြင့် အိမ် ၊ တိုက်ခန်းနဲ့ အဆောက်အဦးတွေ ဆောက်တဲ့အခါ ‌ရေစိမ့်ဝင်နိုင်ခြင်းကင်းစေရန် ၊ ရေဒဏ်ခံနိုင်စေရန်အတွက် အသုံးပြုကြခြင်း ဖြစ်ပါတယ်။

နေအိမ်တွေရဲ့ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်၊ အမိုးတွေက ရေတွေစိမ့်တော့ slab rebar တွေက သံချေးတက်ပြီး concrete တွေပွလာ၊ ကွာကျလာ၊ သံချောင်းတွေပေါ်၊ slab soffit ဆေးတွေကကြွလာပြီး ရေစက်တွေ တစက်စက်နဲ့ တိုက်တွေ တော်တော်များများမှာ တွေဖူးကြပါလိမ့်မယ်။ ဒါဟာ အိမ်ဆောက်တုန်းက ရေလုံဆေးကို မသုံးလို့ အများစု တွေ့ရတဲ့ ပြဿနာတွေပါပဲ။

ရေလုံဆေး (Waterproofing) ကို သုံးသင့်တဲ့အကြောင်းရင်းတွေကတော့—

- အိမ်တွင်း အပျက်အစီးကို ကာကွယ်ပေးနိုင်ခြင်း

စိုစွတ်မှုတွေကြောင့် နံရံတွေ၊ ကြမ်းခင်းတွေကို အလွယ်တကူပျက်စီးစေနိုင်လို့ ရေလုံဆေး သုံးခြင်းဖြင့် စိုထိုင်းမှုတွေကို ကြိုတင်တားဆီးနိုင်ပါတယ်။

- အဆောက်အဦး ကြာရှည်ခံနိုင်ခြင်း

စိုထိုင်းမှုတွေကြောင့် အိမ်ရဲ့ နံရံတွေမှာဖြစ်ဖြစ် မီးဖိုချောင်၊ရေချိုးခန်းဖြစ်ဖြစ် ပျက်စီးသွားရင် ပြန်လည်ပြုပြင်ရတဲ့ စရိတ်က မသေးပါဘူး။ အကုန်အကျလည်း များသလို အလုပ်လည်း ပိုလာနိုင်တာကြောင့် အိမ်ဆောက်တဲ့အခါ ရေလုံဆေးကို မဖြစ်မနေ သုံးပေးသင့်ပါတယ်။

- ကျန်းမာရေးအတွက် များစွာ အကျိုးပြုခြင်း

အိမ်အတွင်းဘက် နရံများတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော ဖုန်မှုန့်နှင့်
မှိုတို့သည် စွဲကပ်လျက်ရှိနေပါတယ်၊ယိုစိမ့်လာတဲ့ ရေနဲ့လဲထိရော မှိုများသည် လျင်မြန်စွာကြီးထွားလာပြီး နရံတွင် အမည်းမှိုကွက်များ ထင်ပေါ်ယုံတင်မက လေထုညစ်ညမ်းမူ့ပါ ဖြစ်ပေါ်လာစေပါတယ်။ ညစ်ညမ်းနေတဲ့လေထုကို ရှုရှိုက်မိခြင်းကြောင့် နှာစေးခြင်း၊အသက်ရှုကျပ်ခြင်း၊ချောင်းဆိုးခြင်းနှင့် ပန်းနာရင်ကျပ်တို့ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

အသုံးများတဲ့ ရေလုံဆေးအမျိုးအစားများကတော့-

- Cementitious Base Waterproofing
- Liquid Base Waterproofing
- Microfiber reinforced Elastomeric Waterproofing
- Acrylic Polymer Waterproofing
- Multi Purpose Waterproofing တွေကတော့ အသုံးများကြပါတယ်။

ရေလုံဆေးလုပ်ငန်းအတွက် အကြီးစားပြင်ဆင်ခြင်း လုပ်ငန်းများဟာ ပွင့်လင်းရာသီဖြစ်တဲ့ နွေရာသီမှာ ဆောင်ရွက်ခြင်းက အကောင်းမွန်ဆုံး ဖြစ်ပါတယ်။မိုးရာသီရောက်မှ ပြင်ဆင်မယ်ဆိုရင်တော့ လုံလောက်တဲ့ အချိန်မရတဲ့အတွက် ရေယိုစိမ့်မှုကို ရာနှုန်းပြည့် ကာကွယ်ဖို့ အခက်အခဲတွေ ရှိနိုင်ပါတယ်။

အိမ်ဆောက်ဖိုအတွက် စုံစမ်းမေးမြန်းလိုပါက
Contact Us 👇
☎️ 09-250191793



✨ မိသားစုနဲ့ပျော်ရွှင်ဖွယ်ရာ အိမ်လေးတစ်လုံးကို အမြဲတမ်းမရိုးစေမည့် ဒီဇိုင်းများနဲ့ အလှဆင်ဖို့အတွက် အကောင်းဆုံး နေရာ (၃)ခ...
28/10/2025

✨ မိသားစုနဲ့ပျော်ရွှင်ဖွယ်ရာ အိမ်လေးတစ်လုံးကို အမြဲတမ်းမရိုးစေမည့် ဒီဇိုင်းများနဲ့ အလှဆင်ဖို့အတွက် အကောင်းဆုံး နေရာ (၃)ခု ကိုမျှဝေပေးလိုက်ပါတယ်ရှင့်။ ✨

အိမ်တစ်အိမ်ကို ပိုမိုလှပဖို့ အကောင်းဆုံးနေရာ ၃ ခု👇

1️⃣ ဧည့်ခန်း (Living Room) – မိသားစုအချိန်တွေ အတူတူဖြတ်သန်းမယ့် နေရာ။ နူးညံ့ပျော့ပျောင်းတဲ့ အရောင်နဲ့ အလှဆင်ပစ္စည်းလေးတွေနဲ့ သက်တောင့်သက်သာရှိအောင် ပြင်ဆင်ပါ။
2️⃣ မီးဖိုခန်း (Kitchen) – အိမ်ရဲ့ နှလုံးသားပါပဲ။ သန့်ရှင်းပြီး စနစ်တကျ လှအောင်ထားမယ်ဆိုရင် ဟင်းချက်တဲ့အခါမှာ ပျော်ရွှင်မှု ပြန့်နှံ့နေမှာပါ။
3️⃣ အိပ်ခန်း (Bedroom) – အိမ်တစ်အိမ်ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးဖြစ်တဲ့ မိမိရဲ့အိပ်ခန်းကို မိမိစိတ်ကြိုက်၊ အိပ်မက်တွေအတိုင်း မျှတတဲ့ အရောင်နဲ့ ပျော့ပျောင်းတဲ့ မီးအလင်းတွေသုံးပါ။

💡 အိမ်လှရင် စိတ်လှ၊ စိတ်လှရင် နေ့တိုင်း ပျော်ရွှင်မယ်။

အိမ်ဆောက်ဖိုအတွက် စုံစမ်းမေးမြန်းလိုပါက
Contact Us 👇
☎️ 09-250191793



ကိုယ့်စိတ်ကူးနဲ့ ထပ်တူကျတဲ့ ဒီဇိုင်းအသွင်အပြင်နဲ့ ကိုယ်ရဲ့အိမ်လေးကို အလှဆင်ချင်ကြတာ လူတိုင်းရဲ့ စိတ်ကူးအိပ်မက်တစ်ခုပါ။အိ...
12/10/2025

ကိုယ့်စိတ်ကူးနဲ့ ထပ်တူကျတဲ့ ဒီဇိုင်းအသွင်အပြင်နဲ့ ကိုယ်ရဲ့အိမ်လေးကို အလှဆင်ချင်ကြတာ လူတိုင်းရဲ့ စိတ်ကူးအိပ်မက်တစ်ခုပါ။

အိုဟောင်းနွမ်းနေတဲ့ လုံးချင်းအိမ်နှင့်ဆိုင်ခန်း၊ရုံးခန်းတွေကို Renovation လုပ်ဖို့ပဲ ဖြစ်ဖြစ်၊အကြမ်းထည် အိမ်ခန်းတွေကို Decoration လုပ်ချင်လို့ပဲ ဖြစ်ဖြစ် One Stop Decoration & Renovation Service နဲ့ လူကြီးမင်းတို့ရဲ့ စိတ်ကူး အိပ်မက်တွေကို အကောင်းဆုံး ပုံဖော်ပေးနိုင်တဲ့ royalprimemark ကို သတိရလိုက်ပါ...

ဘာကြောငroyalprimemarkနဲ့ လက်တွဲထားသင့်တာလဲ...?

✅ Interior, Exterior Design များနှင့် Floor Plan များကိုပါ ရေးဆွဲပေးနေတဲ့အပြင်
✅ ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် စီမံတွက်ချက်ပေးခြင်း
✅ အတွေ့အကြုံရှိ ကျွမ်းကျင်လုပ်သားများနှင့်
✅ အရည်အသွေးပြည့် ပစ္စည်းကောင်းများကိုသာ အသုံးပြုပေးခြင်း
✅ အရည်အသွေးပြည့်မီခြင်းရှိမရှိ Quality Control Management (QC) စစ်ဆေးပေးခြင်းတို့ဖြင့် အိမ်ရှင်စိတ်တိုင်းကျ ဖြစ်စေတဲ့အထိ အထူးဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။

အိမ်ဆောက်ဖိုအတွက် စုံစမ်းမေးမြန်းလိုပါက
Contact Us 👇
☎️ 09-250191793



အမြင်ဆန်းသစ်စေတဲ့ Textures & Patterns များနဲ့ အိမ်တွင်းအလှဆင်ခြင်း Textures & Patterns ဆိုတာ အိမ်တွင်းအလှဆင်တဲ့အခါ အသုံး...
12/10/2025

အမြင်ဆန်းသစ်စေတဲ့ Textures & Patterns များနဲ့ အိမ်တွင်းအလှဆင်ခြင်း

Textures & Patterns ဆိုတာ အိမ်တွင်းအလှဆင်တဲ့အခါ အသုံးများတဲ့ ဒီဇိုင်းတစ်မျိုးဖြစ်ပါတယ်။ အမြင်အာရုံကို ဆွဲဆောင်နိုင်စွမ်းရှိပြီး မော်ဒန်ဆန်တဲ့ အငွေ့အသက်ကို ပေးစွမ်းနိုင်ပါတယ်။

ဒါ့ကြောင့် အမြင်အားဖြင့် ဆန်းသစ်ပြီး အနုပညာဆန်တာကို သဘောကျနှစ်ခြိုက်ရင်တော့ Textures & Patterns အမျိုးကိုကို အိမ်တွင်းအလှဆင်မှုမှာ အသုံးချကြည့်သင့်ပါတယ်။

Textures & Patterns ကို ဘယ်လို အသုံးချလို့ ရမလဲ...?

- အရောင်ကာလာအတွဲစပ်တွေကို သေချာလေး ရွေးပေးပါ။

အရောင်တွေကလည်း ကျွန်တော်တို့ရဲ့ စိတ်ခံစားမှု၊ အတွေးအထင်၊ လုပ်ဆောင်ချက်တွေနဲ့ တိုက်ရိုက်ကြီး ဆက်စပ်နေတာကြောင့် ဆေးသုတ်တဲ့အခါပဲဖြစ်ဖြစ် ၊ပရိဘောဂတွေနဲ့ အလှဆင်လို့ပဲဖြစ်ဖြစ် အရောင်တွေကို သေချာရွေးပေးဖို့လိုပါတယ်။ အဓိကတော့ တစ်ခုနဲ့ တစ်ခု လိုက်ဖက်မှု ရှိနေဖို့ အရေးကြီးပါတယ်။ ရွေးချယ်သင့်တာကတော့ မျက်စီအေးတဲ့ အရောင်ဖျော့တွေကို ရွေးချယ်သင့်ပါတယ်။

- နံရံတွေကို အသုံးချပါ။

Textures & Patterns အသုံးချပြီး အိမ်တွင်းအလှဆင်တော့မယ်ဆိုရင် နံရံတွေကို ခြယ်သသင့်ပါတယ်။ ဆေးရောင် အမျိုးမျိုးနဲ့ အလှဆင်လို့ ရသလို နံရံကပ် Wallpaper တွေကို အသုံးပြုလို့ ရပါတယ်။ နံရံကပ် Wallpaper တွေမှာ အရောင်စပ်တွေ ၊ Texture တွေ ၊ Pattern တွေရှိနေတဲ့အတွက် သီးသန့် ပုံဖော်စရာ ၊ အရောင်တွေစပ်နေစရာမလိုဘဲ အလွယ်တကူ စိတ်ကြိုက်အလှဆင်လို့ ရနိုင်ပါတယ်။

- သင့်တော်ရာ ခန်းဝင် ပရိဘောဂများနဲ့ အလှဆင်ပါ။

အိမ်တွင်းအလှဆင်တဲ့အခါ Textures & Patterns အသွင်ကို ဖော်ဆောင်ချင်တယ်ဆိုရင် ပရိဘောဂ ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ ပရိဘောဂပစ္စည်းတွေကို အသုံးပြုပြီး မတူညီတဲ့ texture နှင့် pattern တွေကို ပေါင်းစပ်ခြင်းက ဆန်းသစ်ပြီး ပိုမိုထူးခြားတဲ့ အလှတရားကို ဖန်တီးပေးနိုင်ပါတယ်။

- အနုပညာမြောက် လက်ရာပစ္စည်းများနဲ့ အလှဆင်ပါ

Textures & Patterns တွေနဲ့ အမြင်အာရုံကို ဆွဲဆောင်နိုင်တဲ့ ပန်းချီကားတွေ၊ကြွေထည်ပစ္စည်းများဖြင့် အလှဆင်ခြင်းကလည်း တမူထူးခြားတဲ့ ရသကို ပေးစွမ်းနိုင်တာ အသေအချာပါပဲ။

- အပင်တွေနဲ့လည်း အလှဆင်လို့ ရပါတယ်။

အိမ်တွင်း အပင်တွေက စိတ်ကြည်လင်စေပြီး သက်တောင့်သက်သာ ရှိစေတာကြောင့် Snake Plant တို့လို Textures & Patterns ပါတဲ့ အပင်တွေကို အသုံးပြုနိုင်ပါတယ်။

လူမင်းကြီးတို့ အိမ်ခန်းတွေကို အမြင်အားဖြင့် ဆန်းသစ်ပြီး မော်ဒန်ဆန်တဲ့ အငွေ့အသက်တွေနဲ့ Decoration & Renovation လုပ်ဖို့ လိုအပ်နေပြီဆိုရင်တော့ royalprimemark ကိုသာ သတိရလိုက်ပါ။

royalprimemarkရဲ့ One-stop Service တွေအနေနဲ့ -

🔹 အကောင်းဆုံး Project တစ်ခု ဖြစ်လာစေဖို့ အခမဲ့ ဆွေးနွေးတိုင်ပင်ပေးခြင်း
🔹 Project တစ်ခု ဖန်တီးရန် လိုအပ်သည်များကို အခမဲ့ လေ့လာဆန်းစစ်ပေးခြင်း
🔹 လူကြီးမင်းတို့ စိတ်တိုင်းကျ Layout Plan နှင့် Design များ ရေးဆွဲပေးခြင်း
🔹 ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် တွက်ချက်စီမံပေးခြင်း
🔹 အတွေ့အကြုံရှိ ကျွမ်းကျင်လုပ်သားများနှင့်
🔹 အရည်အသွေးပြည့် ပစ္စည်းကောင်းများကိုသာ အသုံးပြုပေးခြင်းအပြင်
🔹 𝗤𝘂𝗮𝗹𝗶𝘁𝘆 𝗖𝗼𝗻𝘁𝗿𝗼𝗹 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 များကိုပါ နိုင်ငံတကာအဆင့်မီ ကျွမ်းကျင် Architecture များ ကိုယ်တိုင်ဦးစီးပြီး အထူးဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။

အိမ်ဆောက်ဖိုအတွက် စုံစမ်းမေးမြန်းလိုပါက
Contact Us 👇
☎️ 09-250191793



အရွေးများတဲ့ ပါကေးခင်း အမျိုးအစား (၃) မျိုးအိမ်တွင်းအလှဆင်တဲ့အခါ ကြမ်းခင်း ရွေးချယ်မှုကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခ...
12/10/2025

အရွေးများတဲ့ ပါကေးခင်း အမျိုးအစား (၃) မျိုး

အိမ်တွင်းအလှဆင်တဲ့အခါ ကြမ်းခင်း ရွေးချယ်မှုကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကြမ်းခင်းရွေးချယ်တဲ့အခါမှာ ကိုယ့်အိမ် ကိုယ့်မိသားစုတို့ရဲ့ နေထိုင်မှုပုံစံနဲ့ ကိုက်ညီတဲ့ ကြမ်းခင်းတွေကို ရွေးချယ်နိုင်ဖို့က အဓိကပါပဲ။ အရွေးများတဲ့ ပါကေးခင်း အမျိုးအစား (၃) မျိုးရဲ့တွေကတော့-

- Engineered Wood Flooring ( ကျွန်းပါကေး )

ကျွန်းပါကေး ကတော့ ခန့်ညားပြီး ဈေးကြီးပါမယ်။ သေချာပေါင်းထားတဲ့ ပစ္စည်းရယ် ကျွမ်းကျင်တဲ့တပ်ဆင်သူရှိမှ ရေရှည်ခံပါတယ် ။ ကြမ်းပြင် အစိုပြန်ရင် ကော်တွေကပြန်ကွာလာတတ်တာတော့ ရှိပါတယ်။ Quality ကောင်းတာလည်း ကြိုက်တယ်၊ Budget လည်း တတ်နိုင်တယ်ဆိုရင်တော့ ကျွန်းပါကေးကို ရွေးချယ်သင့်ပါတယ်။

- Vinyl Flooring

Vinyl Floor တွေကတော့ ကော်ကပ်၊ Click Type အဖြစ် အကြမ်းအားဖြင့် (၂)မျိုးလာပါတယ် ။ Click မှာဆိုရင် SPC / LVT ဆိုပြီး ကုန်ကြမ်းပေါ်မူတည်ပြီး ထပ်မံကွာခြားသွားပါသေးတယ်။

အညစ်အကြေးနဲ့ ခြစ်ရာထင်မှုတို့ကို အတော်လေး ခံနိုင်ရည်ရှိတဲ့အပြင် သန့်ရှင်းရေးလုပ်ရ လွယ်ကူမှုတို့ကြောင့် ဧည့်ခန်းနဲ့ အိပ်ခန်းမှသည် မီးဖိုချောင်အထိ တစ်အိမ်လုံးအပြည့် စိတ်ချလက်ချ ခင်းကျင်းနိုင်ပါတယ်။ ရေရှည်ခံပြီးစိတ်သောက မရောက်မယ့်ကြမ်းခင်းခင်းမယ်ဆိုရင် အခု အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

- Laminate Flooring

Laminate ဆိုတာကတော့ ဈေးကွက်မှာတော့ ကိုရီးယားပါကေးခင်းလို့ လူသိများပြီး သစ်အစားထိုးသုံး ကြိတ်သားကြမ်းခင်း တစ်မျိုးပါ။ ကြိတ်သားဖြစ်တဲ့တွက် ရေထိရင်ပွလာတယ်၊သန့်ရှင်းရေးလုပ်ရ လွယ်ကူပါတယ်။ ခြအရမ်းကြိုက်ပြီး ခြစ်ရာ၊ ပွန်းရာများ အလွယ်တကူ ထင်နိုင်ပါတယ်။ အစိုဓာတ်မခံနိုင်ပေမယ့် ငွေကြေးချွေတာချင်တဲ့သူတွေ ခဏပဲ သုံးမယ်လို့ ရည်ရွယ်ထားတဲ့သူတွေကတော့ သုံးစွဲသင့်ပါတယ် ။

အိမ်ဆောက်ဖိုအတွက် စုံစမ်းမေးမြန်းလိုပါက
Contact Us 👇
☎️ 09-250191793



🏡 Interior Decoration ပြင်ဖို့ စိတ်ကူးနေလား?💁🏻‍♀️ အတတ်နိုင်ဆုံးဈေးနဲ့  အကောင်းဆုံးနဲ့ ပြုပြင်ချင်တာလား?ဒါဆိုရင်… “ရည်မှန...
12/10/2025

🏡 Interior Decoration ပြင်ဖို့ စိတ်ကူးနေလား?

💁🏻‍♀️ အတတ်နိုင်ဆုံးဈေးနဲ့ အကောင်းဆုံးနဲ့ ပြုပြင်ချင်တာလား?

ဒါဆိုရင်… “ရည်မှန်းထားတာထက် ပိုကောင်းတဲ့ရလဒ်” ကိုရရှိစေမဲ့ Interior Decoration Partner ကိုရွေးချယ်ဖို့ အချိန်ရောက်ပါပြီ။

➡️ ဒီနေ့မှာ interior Decoration လုပ်ငန်းတွေ များပြားလာပေမဲ့ …
ပေးသွင်းထားတဲ့ Budget အတိုင်း အချိန်မီပြီးစီးအောင်လုပ်ပေးနိုင်တဲ့အဖွဲ့ ရှာဖို့ကတော့ မလွယ်တော့ပါဘူး။

💁🏻‍♀️ ဒါကြောင့်ပဲ…
royalprimemark မှ Professional Interior Decoration Partner တစ်ခုအဖြစ် မိတ်ဆွေတို့ကို မိတ်ဆက်ပေးလိုက်ပါတယ်။

အိမ်ဆောက်ဖိုအတွက် စုံစမ်းမေးမြန်းလိုပါက
Contact Us 👇
☎️ 09-250191793



Address

Yangon

Telephone

+9595411655

Website

Alerts

Be the first to know and let us send you an email when Royal Prime Mark Construction & Interior Decorations posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Prime Mark Construction & Interior Decorations:

Share