06/03/2026
https://www.facebook.com/share/p/1CNsP46dvm/?mibextid=wwXIfr
Susan ရဲ့ clients တွေများသောအားဖြင့် အိမ်တစ်လုံးကို ပြင်ဆင်တော့မယ်ဆိုရင် "ဘယ်လိုအရောင်လေး သုံးမလဲ၊ ဘယ်လိုပရိဘောဂလေးတွေ ဝယ်မလဲ" ဆိုတဲ့ အလှအပပိုင်းကို အရင်ဆုံး ပြေးမြင်မိကြတာများပါတယ်။
ဒါပေမဲ့ အိမ်ဆိုတာ မျက်စိပသာဒဖြစ်ဖို့တင်မကဘဲ ကိုယ်တွေရဲ့ နေ့စဉ်ဘဝကို တကယ်ပဲ ပံ့ပိုးပေးနိုင်ဖို့ လိုအပ်တာမျိုးပါ။
ဒါတွေခဏထားပြီး ဒီနေ့မှာတော့ Susan က အခန်းတစ်ခုကို ဖန်တီးတဲ့အခါ မျက်စိနဲ့မမြင်ရတဲ့ "အသေးစိတ်အချက်အလက်" တွေက ဘယ်လောက်အရေးကြီးကြောင်းကို မျှဝေပေးချင်ပါတယ်။
✨ Designer တစ်ယောက်ရဲ့ အမြင်မှာ...
Interior Design ဆိုတာ မိတ်ကပ်လိမ်းသလိုမျိုး အပြင်ပန်းကို လှအောင်လုပ်ပေးရုံ (Decoration) မဟုတ်ပါဘူး။ အခန်းတစ်ခန်းရဲ့ "အနှစ်သာရ" ကို အသက်သွင်းပေးရတာမျိုးပါ။
• Structure & Flow: အခန်းထဲမှာ လေဝင်လေထွက်ကောင်းရဲ့လား ?လမ်းလျှောက်ရတာ အဆင်ပြေရဲ့လား? ဗီဒိုတံခါးဖွင့်ရင် တစ်ခုခုနဲ့ တိုက်နေသလား? ဒီလို Ergonomics လို့ခေါ်တဲ့ အသေးစိတ်ကျမှု့တွေကို နေထိုင်မယ့်သူတွေရဲ့ လှုပ်ရှားမှုနဲ့ ကိုက်ညီအောင် တွက်ချက်ပြင်ဆင်ပေးရတာက ကျွန်မတို့ရဲ့ အဓိက အလုပ်ပါ။
• Technical Safety: လျှပ်စစ်ဝါယာကြိုးသွယ်တာတွေကအစ ဘေးကင်းရဲ့လား? သုံးပေးမယ့်ပစ္စည်းတွေရဲ့အရည်သွေးကရောစိတ်ချရရဲ့လား?မီးဘေးအန္တရာယ်အတွက်ကော စိတ်ချရအောင် ဘယ်လိုပြင်ဆင်မလဲ? အလင်းရောင် အထားအသိုက မျက်စိကို ပင်ပန်းစေသလား? ဒီလို နည်းပညာပိုင်းဆိုင်ရာ (Technical knowledge) တွေက နေထိုင်သူရဲ့ ကျန်းမာရေးနဲ့ သက်တောင့်သက်သာဖြစ်စေဖို့အတွက် တိုက်ရိုက်သက်ဆိုင်ပါတယ်။
• Sustainability: အခုပြင်ပြီးချင်းတော့လှပြီး နောက်နှစ်မှာ ပျက်စီးသွားမယ့် ပစ္စည်းမျိုးထက်၊ ရေရှည်ခိုင်ခံ့ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ပစ္စည်းတွေကို ရွေးချယ်ပေးနိုင်ခြင်းကလည်း အိမ်ရှင်တွေအတွက် တကယ့်ရေရှည်အကျိုးရှိစေမယ့်တန်ဖိုး (Long-term value) တစ်ခုပါပဲ။
💡 Professional တစ်ယောက်ကို ဘာကြောင့် လိုအပ်တာလဲ?👇
Interior Decorator တစ်ယောက်က အိမ်ကို "စတိုင်လ်ကျ" အောင် အမြင်လှပအောင်ကူညီပေးနိုင်ပေမယ့်၊ Interior Designer တစ်ယောက်ကတော့ သင့်အိမ်ကို "စနစ်ကျ" အောင် ရေရှည်အတွက်အဆင်ပြေအောင်ဖန်တီးပေးနိုင်တာမျိုးပါ.
Interior Designer နဲ့ Interior Decorator ကို အတူတူထင်ကြတတ်ပါတယ်။ တကယ်တော့ role နှစ်ခုက design process ထဲမှာ မတူညီတဲ့ အခန်းကဏ္ဍတွေရှိပါတယ်။
ခြုံပြောရမယ်ဆိုရင် -
Interior Designer က space planning, functionality နဲ့ safety ကို အခြေခံပြီး design solution ကို ဖန်တီးပေးတဲ့ professional ဖြစ်ပါတယ်။
• Space planning
• Architectural visualization
• Lighting & automation
• Building codes & construction knowledge
• Ergonomics, accessibility & safety
စတဲ့ technical aspects တွေကိုပါ ထည့်သွင်းစဉ်းစားပြီး space တစ်ခုကို အသုံးဝင်ပြီး balanced ဖြစ်အောင် design လုပ်ပေးတာပါ။
Interior Decorator ကတော့ room တစ်ခုရဲ့ look & feel ကို အလှဆင်ပေးတဲ့ပိုင်းကို အဓိက focus လုပ်ပါတယ်။
• Color palette
• Furniture selection
• Textiles & fabrics
• Decorative accessories
• Textures & styling
တို့ကို အသုံးပြုပြီး space ကို aesthetic ဖြစ်အောင် ဖန်တီးပေးတာပါ။
တစ်ခုချင်းစီမှာ role မတူပေမယ့် project တစ်ခုကို complete ဖြစ်အောင် Designer နဲ့ Decorator နှစ်ဖက်လုံးက အရေးကြီးတဲ့ role တွေဖြစ်ပါတယ်။
Susanအနေနဲ့ကတော့ space တစ်ခုကို function + beauty နှစ်ခုလုံး balance ဖြစ်အောင် design approach နဲ့ create လုပ်ပေးပါတယ်။
ကျွန်မ အမြဲယုံကြည်ထားတာတစ်ခုက"ဒီဇိုင်းကောင်းဆိုတာ မျက်စိနဲ့ကြည့်ရင် လှရုံတင်မကဘဲ၊ နေထိုင်တဲ့သူရဲ့ စိတ်ကိုပါ အေးချမ်းစေရမယ်" ဆိုတဲ့အချက်ပါပဲ။ ဒါကြောင့် ကျွန်မ Design ထိုင်ဖို့ စဉ်းစားတိုင်းမှာ နေထိုင်မယ့်သူရဲ့ လူနေမှုပုံစံ၊ ဘေးကင်းလုံခြုံမှုနဲ့ အသုံးဝင်မှု (Functionality) ကို အမြဲတမ်း ဦးစားပေး စဉ်းစားဖြစ်ပါတယ်။
"Design is a formal response to a strategic ambition."
အိမ်ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး အလေးအထားဆုံး အချက်က ဘာဖြစ်မလဲဆိုတာကိုပြောပြခဲ့ပေးဦးနော်🩶