123Media

123Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 123Media, Yangon.

17/12/2025

ဒါရိုက်တာ ခင်လှိုင်(ဉာဏ်ကြီးရှင် ) ရိုက်ကူးတဲ့ ဂေါင်းကြီးပြန်လာပြီ ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးမှာ သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် အရိုင်းနဲ့ အတူတူ အင်တာဗျူးဖြေထားတဲ့ သရုပ်ဆောင် ညောင်ညောင် ရဲ့ အင်တာဗျူး ကို လွမ်းမောဖွယ် တင်ဆက်ပေးလိုက်ပါတယ်။

သရုပ်ဆောင်မှုပိုင်းမှာ စွယ်စံုရတဲ့ သရုပ်ဆောင် ညောင်ညောင် ကောင်းရာဘံုဘဝ ရောက်ရှိပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

#ညောင်ညောင်

ချစ်တဲ့သူတွေကို ထာဝရ ခွဲခွါသွားတဲ့ သရုပ်ဆောင် ညောင်ညောင်ဟာသသရုပ်ဆောင် ညောင်ညောင် က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက် ညနေပိုင်း...
17/12/2025

ချစ်တဲ့သူတွေကို ထာဝရ ခွဲခွါသွားတဲ့ သရုပ်ဆောင် ညောင်ညောင်

ဟာသသရုပ်ဆောင် ညောင်ညောင် က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက် ညနေပိုင်းမှာ ကွယ်လွန်သွားတယ်လို့သိရပါတယ်။

ကိုညီရေ...
ဒီတခါတော့
တကယ်နှုတ်ဆက်သွားပြီပေါ့..
သံသရာ တကွေ့..ပြန်တွေ့ကြရအောင်ဗျာ...

ဆိုတဲ့ စာရေးပြီး သူငယ်ချင်းဖြစ်သူ သရုပ်ဆောငါ လွင်မိုးက သူ့ရဲ့ လူမှုကွန်ရက်မှာ တင်ထားတာဖြစ်ပါတယ်။

#ညောင်ညောင်

23/11/2025
နေဝင်ဆည်းဆာ
06/10/2025

နေဝင်ဆည်းဆာ

27/10/2017
ရမ်ဘိုလာပြီဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးတဲ့ ရမ်ဘိုလာပြီ ရုပ်ရှင်ဇာတ်ကားမှာ ပြေတီဦး၊ ကျော်ကျော်ဗို၊ စိုးမြတ်သူဇာ၊ ...
27/10/2017

ရမ္ဘိုလာၿပီ

ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးတဲ့ ရမ်ဘိုလာပြီ ရုပ်ရှင်ဇာတ်ကားမှာ ပြေတီဦး၊ ကျော်ကျော်ဗို၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည် စတဲ့သရုပ်ဆောင်များပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ရီစရာလေးတွေနဲ့ တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပါ။ ဘိုးတော်ယောင်ဆောင်ပြီး ခိုင်သင်းကြည်တို့အိမ်ကိုရောက်လာတဲ့ ကျော်ကျော်ဗိုကို ခိုင်သင်းကြည်ရဲ့မိခင် စိုးမြတ်သူဇာ ခိုင်သင်းကြည်ကိုဧည့်သည်တွေအတွက် အအေးဖျော်ခိုင်းလိုက်ပါတယ်။ အဲဒီအချိန်မှာ ကျော်ကျော်ဗိုရဲ့ သူငယ်ချင်း ပြေတီဦးက ခိုင်သင်းကြည်ကိုတွေ့ဖို့ ကျော်ကျော်ဗိုနဲ့အတူပါလာပါတယ်။ အဲဒါကိုသိတဲ့ခိုင်သင်းကြည်ကလဲ ပြေတီဦးနဲ့တွေ့ဖို့ အအေးဖျော်ရင်းအိမ်ဘေးကိုထွက်သွားပါတော့တယ်၊ အအေးဖျော်ဖို့ထွက်သွားတာကြာတဲ့အတွက် စိုးမြတ်သူဇာကလိုက်ရာချိန်မှာ အိမ်ဘေးဘက်မှာစကားပြောသံတွေကြားလို့ ခိုင်သင်းကြည်ရဲ့နာမည်ကိုခေါ်ပြီး ဘယ်သူနဲ့စကားပြောနေတာလဲ အအေးဖျော်ခိုင်းတာ အခုထိမလာသေးဘူးလား၊ ဘာလုပ်နေတာလဲမေးရင်း ပိတ်ထားတဲ့ တံခါးကိုအတင်တွန်းဖွင့်ပါတော့တယ်။ တံခါးဖွင့်လိုက်ရင်ပြေတီဦးကိုတွေ့မှာစိုးလို့ မဖွင့်ပေးပေမယ့် စိုဒမြတ်သူဇာက အတင်းတွန်းဖွင့်လိုက်တာကြောင့် ၀ုန်းခနဲပွင့်သွားပြီး ပြေတီဦးလဲကျသွားပါတော့တယ်။ ပြေတီဦးကိုမြင်လိုက်ရတဲ့ စိုးမြတ်သူဇာ ငါ့အိမ်ထဲကိုဘာလာလုပ်တာလဲ၊ ဘာလဲလို့ပြောတဲ့အခါ....

ဆက်လက်ဖတ်ရှု့နိုင်ရန်အောက်ပါလင့်ခ်ကို နှိပ်ပေးပါ။

http://yangonlife.com.mm/mm/article/19132

09/08/2017

#ချစ်နေရုံလေးသာ
လျှပ်တစ်ပြက် မျက်စိတစ်မှိတ် နှလုံးခုန်မှုတစ်ချက်အတွင်းမှာ အချစ်ဆိုတဲ့အရာ ဖြစ်ပေါ်လာခဲ့ပြီး သူရှိတဲ့အရပ်ကို ကျွန်တော့်ခြေလှမ်းတွေလှမ်းသွားခဲ့တာ ကျွန်တော့်ကိုယ်ကျွန်တော်တောင်မသိလိုက်ဘူး။ အဲဒီအချိန်ကစပြီး သူ့ကို ကျွန်တော်ချစ်သွားခဲ့တယ်။ သူဘယ်သူလဲဆိုတာမသိသလို သူဘာလဲဆိုတာလဲမသိခဲ့ဘူး။ ဒါပေမယ့် သူ့ပုံရိပ်ကတော့ ကျွန်တော့်နှလုံးသားမှာ ပုံနှိပ်ပြီးသွားပြီ။ သူ့ကို ကျွန်တော်ချစ်တယ် ။
#ခင်လေးမြင့်
#ချစ်နေရုံလေးသာ ၁
ကျွန်တော်က အချစ်နဲ့ပတ်သက်ရင် ကံဆိုးတတ်တယ်။ အဲဒါကြောင့် သူနဲ့ပတ်သက်ရင် ကံမဆိုးချင်သလို ကံလဲမကောင်းချင်ဘူး။
အထက်တန်းကျောင်းသားဘဝမှာ ကျွန်တော်ချစ်ရတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့တယ်။ ကျွန်တော်က တစ်ယောက်ကိုချစ်မိပြီဆိုရင် သူ့အတွက်လိုအပ်တာမှန်သမျှ သူမသိအောင် ဖြည့်ဆည်းပေးချင်တာ။ အဲဒါကြောင့် သူ့ကိုချစ်တယ်ဆိုတာ ဖွင့်မပြောခဲ့သလို သူသိအောင်လဲ ဘာမှလုပ်မပြခဲ့ဘူး။ ဘယ်သူ့ ဘယ်သူကိုမှလဲ မပြောပြခဲ့ဖူးဘူး။ စာသင်ခန်းတစ်ခန်းထဲမှာ စာအတူတူသင်နေရတာကို ကျေနပ်သလို သူလုပ်ရမယ့်အချို့သောအလုပ်တွေကို သူမသိအောင်လုပ်ပေးနေရတာကို ကျေနပ်ရင်း သူ့ကိုကျွန်တော်ချစ်နေခဲ့တာ။ ဒီလိုချစ်နေခဲ့တာက အထက်တန်းကျောင်းတွေပြီးသွားတယ် ကျွန်တော်သူ့ကိုဖွင့်မပြောဖြစ်ခဲ့ဘူး။
ဒါပေမယ့် တစ်ရက်မှာ ကျွန်တော်သူ့ကိုတွေ့ချင်လို့ သူ့ကိုရှာပေမယ့် သူ့ကိုမတွေ့ခဲ့ရဘူး။ အဲဒီလိုနဲ့ပဲ...........
#ခင်လေးမြင့်
#ချစ်နေရုံလေးသာ ၂
အဲဒီလိုနဲ့ပဲ....
ကျွန်တော့်မျှော်လင့်ချက်တွေနဲ့ပဲ ခြေလှမ်းတွေဆက်လျှောက်လာခဲ့တယ်။ အဲဒီခြေလှမ်းတွေက အဲဒီကောင်မလေးကို ချစ်တဲ့စိတ်နဲ့လှမ်းတဲ့ ခြေလှမ်းတွေပေါ့၊
အချိန်တွေကြာလာခဲ့ပေမယ့် အဲဒီကောင်မလေးကို ကျွန်တော်ချစ်နေဆဲပါပဲ။ ဒါပေမယ့်လေ ကျွန်တော့်ရဲ့ကံတရားက အချစ်အတွက် ကံကောင်းစေသူလို့ သတ်မှတ်ပေးခြင်းမရှိခဲ့ဘူး။ အဲဒီကောင်မလေးကို တစ်ခြားသောအမျိုးသားတစ်ယောက်နဲ့ အမှတ်မထင်တွေ့လိုက်ရချိန်မှာ ကျွန်တော့်ရင်တွေ ဗလောင်ဆူသွားခဲ့တယ်။ ကျွန်တော်က အချစ်အတွက် ကံမကောင်းခဲ့သူဖြစ်သွားခဲ့ပြီ။ အဲဒီအချိန်ကစလို့ သူ့ကိုမေ့ပျောက်ပစ်လိုက်တော့တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ချစ်တတ်နေသေးတယ်။
#ခင်လေးမြင့်
#ချစ်နေရုံလေးသာ ၃
အချစ်ဆိုတဲ့အရာက ချစ်နေတဲ့အခိုက်အတန့်လေးမှာပဲ လှပတဲ့ပန်းချီကားတစ်ကားကို ရေးဆွဲနိုင်တယ်။ ကဗျာတစ်ပုဒ်ကိုရေးဖွဲ့နိုင်တယ်။ သီချင်းတစ်ပုဒ်အတွက် သံစဉ်လှလှ စာသားလှလှလေးတွေကို ဖန်တီးနိုင်တယ်။ အဲဒီလိုပဲ ကျွန်တော့်နှလုံးသားက အချစ်အတွက် အနည်ထိုင်တဲ့အချိန်မှာ ဒီလိုလှပတဲ့အနုပညာတွေကို ဖန်တီးခွင့်ပေးမယ့် သူ့ကို ကျွန်တော် စတွေ့ခဲ့တယ်။ လျှပ်တစ်ပြက်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့အချစ်တစ်ခု တစ်ဘ၀လုံးအတွက် မခိုင်မာပါဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ကျွန်တော့်အတွက်ကတော့ ထာဝရတည်ရှိနေခဲ့တယ်။
အချိန်ခဏအတွင်းမှာ ချစ်မိသွားခဲ့တဲ့ ကျွန်တော့်ရဲ့အချစ်က သူ ရှိရာကို အရောက်သွားဖို့ တွန်းပို့ခဲ့တာ။ မသိစိတ်နဲ့ သိစိတ်ဆိုတာ ဒီနေရာမှာ အရမ်းသိသာသွားခဲ့တယ်၊ ကျွန်တော့်စိတ်တွေ သူ့ဆီကို ခဏတာရောက်သွားချိန်ကစလို့ သူက ကျွန်တော့်ရဲ့ အိပ်မက်မင်းသမီး တစ်ပါးဖြစ်ခဲ့ရတယ်။
ကျွန်တော့် သူ့ကို အရမ်းချစ်တယ်။ ချစ်တယ်ဆိုတာကို ဘယ်လိုအကြောင်းပြချက်တွေနဲ့မှ ရှင်းပြလို့မရဘူး။ အဲဒီလောက်ထိ သူ့ကို ကျွန်တော်ချစ်တယ်။
ကျွန်တော်က တစ်ခုခုကိုယူချင်ပြီ ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ရအောင်ယူတတ်တယ်၊ မလုပ်နဲ့ဆိုတဲ့အရာကို လုပ်ကြည့်ချင်တယ်၊ မရဘူးဆိုတာကို ယူချင်မိတယ်။ တစ်ဇွတ်ထိုး လုပ်တတ်တယ်၊ ရွတ် တတ်တယ်၊ ဒါပေမယ့် သူ့ကို ကျွန်တော်ချစ်တဲ့ အချစ်တွေကြောင့် သူ့ကိုစိတ်မညစ် မခံစားစေချင်တာကြောင့် သူ့အနားကို သွားဖို့ ကျွန်တော်မကြိုးစားဖြစ်ဘူး။ ဒါပေမယ့် ကျွန်တော် သူ့ကို ချစ်တယ်။ တစ်ရက်မှာတော့……..
#ခင်လေးမြင့်
#ချစ်နေရုံလေးသာ ၎
တစ်ရက်မှာတော့....
နီရဲတဲ့ နှင်းဆီးပန်းခင်းကြားထဲကနေ နှင်းဆီနီတစ်ပွင့်ကိုပန်ပြီး ကျွန်တော့်ရင်ခွင်ထဲမှာ ခိုနားဖို့ လှပတဲ့ခြေလှမ်းတွေနဲ့အတူ အပြေးရောက်လာခဲ့တယ်။ ကျွန်တော်မျှော်လင့်မထားခဲ့သလို ကျွန်တော်မထင်မှတ်ထားတာကြောင့် ကျွန်တော် သူ့ကို ငေးပြီးကြည့်နေခဲ့မိတယ်။ သူကတော့ လှပတဲ့အပြုံးတွေနဲ့ ကျွန်တော့ကိုငေးကြည့်လို့ပေါ့။ ကျွန်တော် သတိဝင်လာချိန်မှာ သူ့မျက်နှာလေးက ကျွန်တော့်ရင်ခွင်မှာအပ် ကျွန်တော့်ခါးကိုသိုင်းဖက်လို့ ။ ကျွန်တော် အဲဒီအချိန်မှာ အော်လိုက်တဲ့စကားလုံးက အရမ်းချစ်တယ်ကွာ တဲ့..
ကျွန်တော်.......
#ခင်လေးမြင့်
#ချစ်နေရုံလေးသာ ၅
ကျွန်တော်...အဲဒီအချိန်မှာပဲ အိပ်မက်ကလန့်နိုးလာခဲ့တယ်။ အိပ်မက်လို့သိလိုက်ရချိန်မှာပဲ ကျွန်တော်ပြုံးလိုက်မိတယ်။ မသိစိတ်ထဲမှာ သူ့ကိုဘယ်လောက်ထိ စွဲလန်းနေလဲဆိုတာ ပိုသိသာသွားခဲ့ပြီ။
ကျွန်တော် သူ့ကိုချစ်တယ်။
သူ့ကို သူမ လို့ ကျွန်တော်မသုံးချင်ဘူး။ ကျွန်တော့အတွက် သူ ဆိုတဲ့အသုံးအနှုန်းလေးက ချစ်စရာကောင်းနေခဲ့တယ်။
အဲဒီလိုနဲ့ပဲ....
သူ့ကို မထင်မှတ်ထားတဲ့နေ့ မထင်မှတ်ထားတဲ့နေရာမှာ အမှတ်မထင်တွေ့လိုက်ရပြန်တယ်။ ဒီအချိန်မှာတော့ ကျွန်တော့သူငယ်ချင်းက မိတ်ဆက်ပေးခဲ့တယ်။ သူ့နာမည်ကိုသိခွင့်ရခဲ့သလို သူ နဲ့ပတ်သက်တာတွေကိုလဲ သိခွင့်ရခဲ့တယ်။ သူ့အကြောင်းတွေသိရလေ သူ့ကို ......
#ခင်လေးမြင့်
#ချစ်နေရုံလေးသာ ၆
သူ့အကြောင်းတွေသိရလေ သူ့ကို....
ပိုချစ်မိလေ ....
ကျွန်တော်ရဲ့စိတ်က လိုချင်တာကို မရ ရအောင်ယူတတ်တယ်။ ဖြစ်ချင်တာကို မဖြစ် ဖြစ်အောင် လုပ်တယ်။ အတ္တကြီးတတ်တဲ့ ကျွန်တော် မှန်တယ်ထင်ရင် အကုန်လုပ်ပစ်တယ်။ အိမ်ပေါ်ကနေ နှစ်ရှည်လများဆင်းပြီး ကျွန်တော်လုပ်ချင်တာတွေကို ပေတေပြီး လုပ်တတ်တဲ့သူ။ အဲဒီလိုတွေလုပ်တတ်တဲ့ ကျွန်တော်နဲ့သူ ချစ်သူဖြစ်သွားရင် အဲဒီလိုဒဏ်တွေကို သူခံနိုင်ပါ့မလား တွေးပူမိတယ်။
ကျွန်တော်က အနုပညာနယ်ပယ်မှာ နေရာတစ်ခုရဖို့ ကြိုးစားနေသူ။ ဘာဆို ဘာမှ မဟုတ်သေးတဲ့သူ။ သူကတော့ အဆင့်များစွာကျော်ဖြတ်ပြီး နေရာတစ်ခု အောင်မြင်မှုတွေရနေသူ။
အဲဒီလို နဲ့ သူ့အကြောင်းတွေ သိလာလေလေ သူ့ကို အဝေးကနေပဲ........
#ခင်လေးမြင့်
#ချစ်နေရုံလေးသာ ၇
သူ့အကြောင်းတွေ သိရလေလေ သူ့ကို အဝေးကနေပဲ ချစ်ဖို့ဆုံးဖြတ်မိလေလေ....
ဒါပေမယ့်လဲ ချစ်ခြင်းတရားမှာ ရယူခြင်းကမှ အချစ်လို့မဆိုသာပေမယ့် ပေးဆပ်မှုကလဲ အချစ်လို့မဆိုပြန်လေဘူး။ သူ ကျွန်တော့်ကိုပြန်ပြီးချစ်စေချင်သလို ပြန်ချစ်မှာကိုလဲ မလိုချင်ပြန်ဘူး။ အစွန်းနှစ်ဖက်အပေါ်မှာ ရှိနေသူတစ်ယောက်အတွက် ဆုံးဖြတ်ရမှုက တကယ့်ကိုခက်ခဲလှပါတယ်။
ကျွန်တော့်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို သူဘယ်လောက်ထိနားလည်ပေးနိုင်မလဲ။ သူ့နေရာကနေကြည့်ပြီး ကျွန်တော်စဉ်းစား ကြည့်လေ.....
#ခင်လေးမြင့်
#ချစ်နေရုံလေးသာ ၈
သူ့နေရာကနေ ကြည့်ပြီး ကျွန်တော်စဉ်းစားကြည့်လေလေ အဝေးကနေပဲ ချစ်နေဖို့ ဆုံးဖြတ်မိလေလေပါပဲ။
သူ့ကို ချစ်တယ်လို့ တွေးလိုက်ရင် ကျွန်တော်ရင်ခုန်တယ်။ ကြည်နူးတယ်။ ပျော်ရွှင်တယ်၊ စိတ်လှုပ်ရှားတယ်။ အဲဒီစိတ်လေးကိုပဲ ကျွန်တော်ပိုင်ဆိုင်ချင်နေတော့တယ်။ ကျွန်တော့်ရဲ့ သီချင်းတွေအတွက် သံစဉ်လှလှလေးတွေအတွက် သူ့ကို အဝေးတစ်နေရာကနေပဲ ချစ်နေတော့မယ် လို့ စိတ်ကူးထားတယ်။ ဒါပေမယ့်လဲလေ အချစ်စစ် အချစ်မှန်ရင်တော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ စိတ်ကိုဆက်သွယ်ပေးမှာဖြစ်သလို ကျွန်တော်ကလဲ သူ့တစ်ယောက်တည်းကိုပဲ ချစ်တယ်ဆိုတာ အသိအမှတ်ပြုလာမှာပါ။
စိတ်ချင်းဆက်သွယ်မှုတွေနဲ့အတူ မဖြစ်နိုင်တာမရှိသလို မဖြစ်သေးတာပဲရှိတာတွေကို လက်ခံနေရင်းနဲ့ ကျွန်တော် သူ့ကို ….
ချစ်နေရုံလေးသာ ပါပဲ။
ကျွန်တော်သူ့ကို အရမ်းချစ်တယ် ။
#ခင်လေးမြင့်
# ချစ်နေရုံလေးသာ(ဇာတ်သိမ်း)
#ဆက်ရေးနိုင်စွမ်း မရှိတော့လို့ အဆုံးသတ်လိုက်ပြီ ကွာ

ချစ်လို့မင်းငါ့ကို လိမ်နေတာ ချစ်လို့မင်းငါ့ကို ညာနေတာ ချစ်လို့မင်းကိုငါ မလိမ်ဘူး ချစ်လို့မင်းကို ငါမညာဘူး ချစ်လို့ ငါမျက...
25/05/2017

ချစ်လို့

မင်းငါ့ကို လိမ်နေတာ ချစ်လို့

မင်းငါ့ကို ညာနေတာ ချစ်လို့

မင်းကိုငါ မလိမ်ဘူး ချစ်လို့

မင်းကို ငါမညာဘူး ချစ်လို့


ငါမျက် ရည်ကျတာ မင်းကြောင့်

ငါ့ကြောင့် မင်း မျက်ရည် မကျစေရ

မင်းအတွက် ငါ့အချစ် ဘယ်တော့ မှအဆုံးမသတ်

ငါ့အတွက် မင်း အချစ် အမြဲရှင် သန်စေ

10/05/2017

အချစ်စစ်တို့အတွက် ဖြောင့်ဖြူးတဲ့လမ်းတွေရှိနိုင်သလို ကြမ်းတမ်းတဲ့ကန္တာရတွေလဲ ရှိနိုင်တယ်

ဘာတွေပဲရှိနေပါစေ

အချစ်တွေပြည့်နေတဲ့ ချစ်သူရဲ့ နှလုံးသားဗဟိုချက်ဆီ ကိုယ်လျှောက်လှမ်းလာနေပြီ 💜💜💜

10/08/2015

သတိမပြုမိတဲ့ အနီးကပ်ဆုံး အန္တရာယ်

လူတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေထဲမှာ သတိမပြုမိတဲ့ အနီးကပ်ဆုံး အန္တရာယ်ဆိုတာတွေရှိပါတယ်။ တကယ်ပါ..အဲဒါတွေကို အမှတ်တမဲ့နဲ့ ပြုမှုနေကြတယ်ဆိုတာ သတိထားကြည့်ပါ။ ဒါတွေက ဘာမှမဟုတ်လောက်ဘူးလို့ ထင်ပေမယ့် တကယ့်ကို အန္တရာယ်ကြီးတဲ့ ပြုမူမှုတွေပါ။

သတိမမူမိတဲ့ အန္တရာယ်ဆိုတာတွေက ဖုန်းပြောရင်း လမ်းဖြတ်ကူးတာ၊ နားနှစ်ဖက်မှာ နားကြပ်တပ်ပြီး သီချင်းတွေကို အကျယ်ကြီးဖွင့်ထားရင်း လမ်းလျှောက်တာ၊ စက်ဘီးစီးတာတွေ စတာတွေက သတိမမှုပဲ လုပ်နေမိတဲ့ အသက်အန္တရာယ်များပါပဲ။

ဖုန်းပြောရင်းလမ်းဖြတ်ကူး…………..

နေရာ တော်တော်များများမှာ သွားလာနေကြတဲ့ အထူးသဖြင့် လူငယ်တွေမှာ အလုပ်ကိုယ်စီနဲ့အတူ မအားလပ်ကြပါဘူး။ လမ်းသွားရင်းနဲ့ အလုပ်နဲ့ပတ်သက်တာ၊ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်တဲ့ ဖုန်းတွေကကိုယ့်ဆီကို ၀င်လာတတ်စမြဲပါပဲ။ အချိန်နေရာ ဒေသမရွေး ကိုယ့်ရဲ့ လက်ကိုင်ဖုန်းကို ၀င်လာတတ်တာကြောင့် တစ်ခါတစ်လေ လမ်းဖြတ်ကူးနေချိန်မှာ ဖုန်းဝင်လာခဲ့ရင် မကိုင်မိစေဖို့ ပြောချင်ပါတယ်။ လမ်းဖြတ်ကူးတဲ့အချိန်မှာ ဘယ်၊ညာ သွားလာနေတဲ့ ကားတွေကို သတိထား
နေရသေးတာကြောင့် ဖုန်းလာတာကို အာရုံရောက်ပြီး သွားနေတဲ့ ကားဘက်ကို အာရုံလွတ်သွားရင် အန္တရာယ်ဆိုတာကြုံတတ်ပါတယ်။ ကိုယ်ကူးချင်တဲ့ လမ်းတစ်ဘက်ခြမ်းကိုရောက်မှ ဖုန်းကိုဖြေချင်ရင်ဖြေပါ၊ ဒါမှမဟုတ် လမ်းဖြတ်မကူးခင်မှာ ၀င်လာတဲ့ ဖုန်းဆိုရင် လမ်းဖြတ်မကူးသေးပဲ ဖုန်းကိုကိုင်တာမျိုးလုပ်ပါ။ ဒါက ကိုယ့်အတွက် အန္တရာယ်ကင်းစေတဲ့ သတိထားသင့်တဲ့ အချက်တစ်ချက်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံက လမ်းတွေမှာ ယာဉ်ထိန်းရဲတွေက အချိန်ပြည့် ရှိနေပေးတာမဟုတ်သလို ကားမောင်းသူအချို့ကလဲ လူကူးမျဉ်းကြားရယ် မကြည့်ပဲ ကားကို အရမ်းမောင်းနှင်တာတွေရှိတဲ့အတွက် ဒီလိုပြုမူတာကို အတတ်နိုင်ဆုံးရှောင်ကြဉ် သင့်ပါတယ်။

နားကြပ်တပ်ပြီး သီချင်းနားထောင်…………..

လူတိုင်းမှာ စိတ်ခံစားချက် အမျိုးမျိုးရှိပါတယ်။ ဘယ်အချိန်မှာ ဘယ်လိုခံစားနေရမယ်ဆိုတာ တသမတ်တည်းမရှိပါဘူး။ စိတ်လက်ပေါ့ပါးစွာနဲ့ သီချင်းတွေကို နားထောင်ရတာကို ကြိုက်တဲ့အချိန်တွေ ဆိုတာတွေလဲရှိမှာပါ။ ဒီနေ့အချိန်မှာတော့ သီချင်းနားထောင်တယ်ဆို ကက်ဆက်ဖွင့်ပြီးမှ နားထောင်နိုင်တဲ့ အခြေအနေမျိုးမဟုတ်တော့ပါဘူး။ ကိုယ့်ရဲ့ ဖုန်းတွေထဲမှာ Mp 3 သီချင်းများစွာကိုထည့်ပြီး နားကြပ်လေးတွေနဲ့ အချိန်မရွေး နေရာမရွေးနားထောင်လို့ ရနေပါပြီ။ ဒီနေ့ခေတ် လူငယ်တော်တော်များများကို ကြည့်လိုက်ရင် သူတို့တွေရဲ့ နားနှစ်ဖက်မှာ နားကြပ်ကို အမြဲလိုလို တပ်ထားတတ်ကြတယ်လေ။ အိမ်မှာနားနေတဲ့အချိန်ပဲဖြစ်ဖြစ် ဆိုင်တစ်ဆိုင်မှာ ထိုင်နေတဲ့ အချိန်ပဲဖြစ်ဖြစ် သီချင်းတွေကို အကျယ်ကြီးဖွင့်ပြီး နားကြပ်တပ်နားထောင်တာမျိုးက ဘာမှမဖြစ်လောက်ပေမယ့် ကားလမ်းမပေါ်မှာ လမ်းလျှောက်ရင်း အဲဒီလိုတွေလုပ်တာက အသက်အန္တရာယ်အတွက် စိုးရိမ်ရပါတယ်။ ကားလာရာဘက်ကို မျက်နှာမူပြီးလျှောက်နေရင် ကားလာတာကို မြင်ပေမယ့် ကားလာရာကို ကျောပေးလျှောက်နေတာမျိုးဆိုရင်တော့ နားကြပ်တပ်ထားရင် သီချင်းအကျယ်ကြီးဖွင့်ထားရင် နောက်ကကားက ကိုယ့်ကိုမရှောင်ပဲ ဖြတ်တိုက်သွားနိုင်ပါတယ်။

လမ်းလျှောက်ရင်း အင်တာနက်ကြည့်………………

တချို့လူငယ်တွေရှိပါသေးတယ်။ ဖုန်းပြောတာအပြင် လမ်းလျှောက်ရင်း Facebook ကြည့်တာ၊ အင်တာနက်သုံးတွေ တွေ့ရပါသေးတယ်။ မြန်မာနိုင်ငံက ပလက်ဖေါင်းတွေမှာ ကွန်ကရစ်အပြည့်ခင်းထားတာ၊ ချောမွေ့တဲ့လမ်းဆိုတာ ရှားနေပါသေးတယ်။ ချိုင့်ခွက်တွေ၊ ပလက်ဖောင်းပေါက်တွေရှိတာကြောင့် အင်တာနက်ကို အာရုံရောက်သွားရင် လမ်းပေါ်ကိုမကြည့်မိတော့ပဲ အပေါက်ကျွံသွားတာတွေ၊ ခလုတ်တိုက်ချော်လဲတာတွေ ဖြစ်နိုင်ပါတယ်။ လူတိုင်းက အလုပ်ကိုယ်စီနဲ့ အားတဲ့အချိန်ဆိုတာ ရှားပေမယ့် ဒီလိုသွားလာနေတဲ့ အချိန်မှာ အချိန်ကိုအသုံးချတာဆိုပေမယ့် ကောင်းသောအသုံးချမှုမျိုးနဲ့ အသုံးချနိုင်ပါစေ။

ဒါတွေက လူတွေနေ့စဉ်လုပ်မိနေတတ်တဲ့ အရာတွေဖြစ်ပြီး အန္တရာယ်ဖြစ်နိုင်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ တချို့ရပ်ကွက်တွေထဲမှာ လူငယ်တွေ စက်ဘီးစီးတဲ့အခါ နားကြပ်ကိုနားမှာတပ်ပြီးစီးကြတာ တွေ့ရပါတယ်။ ကားအရမ်းမရှုပ်ဘူးဆိုပြီး အရမ်းမောင်းတဲ့ ကားတွေနဲ့တွေ့တဲ့အခါ နောက်ကနေကိုယ့်ကို ၀င်တိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီအချက်တွေက မဖြစ်သေးရင်တော့ ဘာမှမဖြစ်ဘူး။ ဖြစ်ရင်တော့ အသက်အန္တရာယ်ပါ ထိခိုက်နိုင်တဲ့အတွက် သတိပြုရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။

ခင်လေးမြင့် @ Emily

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 123Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share