Honour Friend Construction & Decoration

Honour Friend Construction & Decoration Realize Your Dream With Us
(1)

ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေကြောင်း Honour Friend က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ 🎉ဖုန်းနံပါတ်☎️ 09...
19/12/2025

ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေကြောင်း Honour Friend က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ 🎉

ဖုန်းနံပါတ်

☎️ 0943139199
☎️ 09421159878
☎️ 09795840133



𝐑𝐂𝐌𝐘 (𝐑𝐨𝐭𝐚𝐫𝐲 𝐂𝐥𝐮𝐛 𝐎𝐟 𝐌𝐞𝐭𝐫𝐨 𝐘𝐚𝐧𝐠𝐨𝐧) နှင့်  𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 - 𝐌𝐈𝐂 တို့ရဲ့ MOU ထိုးပွဲကနေပြီးတော့  ပူးပေါင်းပြုလုပ...
09/10/2025

𝐑𝐂𝐌𝐘 (𝐑𝐨𝐭𝐚𝐫𝐲 𝐂𝐥𝐮𝐛 𝐎𝐟 𝐌𝐞𝐭𝐫𝐨 𝐘𝐚𝐧𝐠𝐨𝐧) နှင့် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 - 𝐌𝐈𝐂 တို့ရဲ့ MOU ထိုးပွဲကနေပြီးတော့ ပူးပေါင်းပြုလုပ်မဲ့ 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐢𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩📚𝐌𝐈𝐂 ''အိပ်မက်မက်ပါ''ပညာဒါနသင်တန်း အစီစဉ်နှင့် ပတ်သက်ပြီး Gemora ရဲ့ Founder အနေဖြင့်ရော Honour Friend ရဲ့ MD တစ်ယောက်အနေဖြင့်ရော RCMY ရဲ့ Member အဖြစ်နဲ့ပါ လူငယ်တွေအနေနဲ့ ပရိုဂရမ်လေးကို တက်ရောက်ဖို့အတွက် ဝင်ရောက် ဆွေးနွေးပြီး တိုက်တွန်းအားပေးစကားလေးပြောထားပါတယ်ရှင် ... 🥰

05/10/2025

Honour Friend ကတင်သွင်းဖြန့်ချိနေတဲ့ Aluminium Ceiling တွေအကြောင်းနဲ့ ပထမဆုံး တပ်ဆင်ပေးခဲ့တဲ့ ပရောဂျက် အကြောင်းလေး ပြောပြပေးထားပါတယ်နော် 🥰

ဖုန်းနံပါတ်

☎️ 0943139199
☎️ 09421159878
☎️ 09795840133



🕯️ ဝါလကင်းလွတ် သီတင်းကျွတ်ကာလလေးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အေးချမ်းခြင်းတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ Honour F...
03/10/2025

🕯️ ဝါလကင်းလွတ် သီတင်းကျွတ်ကာလလေးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အေးချမ်းခြင်းတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့

Honour Fried Co.,Ltd ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် 🥰

ပျော်ရွှင်စရာ သီတင်းကျွတ်ကာလလေးကို ပိုင်ဆိုင်နိုင်ကြပါစေ 🙏

ဖုန်းနံပါတ်

☎️ 0943139199
☎️ 09421159878
☎️ 09795840133



🏘️ Interior Decoration အတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနေတဲ့ Honour Friend ♥️ဘယ်လိုဝန်ဆောင်မှုတွေပေးနေလဲဆိုရင်...♦️ ...
01/09/2025

🏘️ Interior Decoration အတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနေတဲ့ Honour Friend ♥️

ဘယ်လိုဝန်ဆောင်မှုတွေပေးနေလဲဆိုရင်...

♦️ သတ်မှတ်ထားတဲ့ ဘတ်ဂျက် ပမာဏနဲ့ အကိုက်ညီဆုံးဖြစ်အောင်ဖန်တီးပေးခြင်း

♦️ 3D Design ဆွဲပေးပြီး စိတ်တိုင်းကျပြီဆိုမှ လက်တွေ့အကောင်အထည်ဖော်ပေးခြင်း

♦️ Wall Hang Cabinet, Table, Sofa စတဲ့ Furniture တွေကို အရည်အသွေးကောင်းမွန်မှု၊ လိုက်ဖက်ညီမှု၊ အသုံးဝင်မှုဆိုတဲ့ အချက်တွေနဲ့ ကိုက်ညီအောင် ရွေးချယ်အသုံးပြုပေးခြင်း

ဆိုတဲ့ စလယ်ဆုံး One Stop Service ပေးနေပါတယ်နော်။

စိတ်ကူးထဲကအတိုင်း စိတ်တိုင်းကျ လှပတဲ့ အတွင်းခန်းအပြင်အဆင်လေး ဖန်တီးချင်တယ်ဆိုရင်

🎈 ၁၁ နှစ်ကျော်အတွေ့အကြုံတွေနဲ့ အကောင်းဆုံးသော ဖန်တီးမှုတွေကိုသာ ပေးနေခဲ့၊ ပေးနေဆဲဖြစ်တဲ့ Honour Friend က လူကြီးမင်းတို့အတွက် မမှားနိုင်သော ရွေးချယ်မှုဖြစ်စေမှာပါ။

ဖုန်းနံပါတ်

☎️ 0943139199
☎️ 09421159878
☎️ 09795840133



🏡 အိမ်ဆောက်တဲ့ အခါ အရှေ့ဘက်လှည့်ဆောက်ကြမလား? အနောက်ဘက်လှည့်ဆောက်ကြမလား?ဘာကွာလဲဆိုရင်တော့ နေရောင်ခြည်ရရှိမှုမတူတာပဲကွာပါတ...
30/08/2025

🏡 အိမ်ဆောက်တဲ့ အခါ အရှေ့ဘက်လှည့်ဆောက်ကြမလား? အနောက်ဘက်လှည့်ဆောက်ကြမလား?

ဘာကွာလဲဆိုရင်တော့ နေရောင်ခြည်ရရှိမှုမတူတာပဲကွာပါတယ်။

အရှေ့ဘက်လှည့်ဆောက်တဲ့ အိမ်တွေက

✅ မနက်ခင်းနေရောင်ခြည်ရရှိစေလို့ လန်းဆန်းတက်ကြွမယ်။
✅ အလင်းရောင် ကောင်းကောင်းရမယ်။
✅ အပူသက်သာမယ်။

အနောက်ဘက်လှည့်ဆောက်တဲ့ အိမ်တွေကတော့

♦️ မနက်ခင်းမှာ အလင်းရောင်ရရှိမှုနည်းမယ်။
♦️ မွန်းလွဲနေက ပိုပူတာကြောင့် အပူဒဏ်ပိုခံရမယ်။
♦️ နေဝင်ချိန် အလှကိုတော့ တဝကြီးခံစားနိုင်မယ်။

နေ့လည်ခင်းနေရောင်ကိုခံရတဲ့ နံရံတွေက အပူပိုစုပ်ယူမှုများတာကြောင့် မြန်မာနိုင်ငံလို ပူတဲ့ ဒေသတွေအတွက် အရှေ့ဘက်လှည့်ဆောက်တာကတော့ အကောင်းဆုံးဖြစ်စေမှာပါ။

လမ်းနဲ့ ခြံဝင်းအနေအထားကြောင့် အနောက်ဘက်လှည့်ဆောက်ရတဲ့အခါမှာလည်း အပူဒဏ်သက်သာစေဖို့ Heat-reflective glass အသုံးပြုတာ၊ အရိပ်ရ သစ်ပင်တွေစိုက်ထားတာမျိုးနဲ့ ကာကွယ်လို့ရပါတယ်။

လူကြီးမင်းတို့ရော ကိုယ့်ရဲ့ အိမ်လေးကို အရှေ့ဘက်လှည့်ဆောက်ထားလား? အနောက်ဘက်ကိုလှည့်ဆောက်ထားလား? အားသာချက်၊ အားနည်းချက်လေးတွေကို Comment မှာ ပြောသွားခဲ့ကြဦးနော် 🥰

ဖုန်းနံပါတ်

☎️ 0943139199
☎️ 09421159878
☎️ 09795840133



အလူမီနီယံမျက်နှာကျက်တွေက သံချေးမတက်ဘူးဆိုပြီး နာမည်ကျော်နေတာ ဘာကြောင့်လဲ❓✅ ပထမဆုံးအနေနဲ့ အလူမီနီယံသတ္ထုက သဘာဝထဲက တူးဖော်...
27/08/2025

အလူမီနီယံမျက်နှာကျက်တွေက သံချေးမတက်ဘူးဆိုပြီး နာမည်ကျော်နေတာ ဘာကြောင့်လဲ❓

✅ ပထမဆုံးအနေနဲ့ အလူမီနီယံသတ္ထုက သဘာဝထဲက တူးဖော်ပြီးလေနဲ့စတင်ထိတွေ့တာနဲ့ Aluminium Oxide အလွှာတစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒီအလွှာက သတ္ထုအတွင်းပိုင်းကို နောက်ထပ်ဓာတ်ပြုမှုတွေဖြစ်ပေါ်မလာအောင် ကာကွယ်ပေးနေတာဖြစ်ပါတယ်။

✅ နောက်တစ်ချက်က Honour Friend ရဲ့ အလူမီနီယံမျက်နှာကျက်တွေဟာ Nano technology နဲ့ နောက်တထပ် paint လုပ်ပေးထားတာပါ။

ကဲ ဒီလောက် အထပ်ထပ်ကာကွယ်ပေးထားတဲ့ မျက်နှာကျက်တွေက ဘယ်အကြောင်းနဲ့ သံချေးတက်တော့မှာလဲနော် 😍

ဒါ့အပြင် ဆေးသားအာမခံလည်း ၇ နှစ်ထိပေးထားလို့

သံချေးတက်ခြင်းကင်းဝေးပြီး အမြဲသစ်လွင် တောက်ပနေတဲ့ အလူမီနီယံ မျက်နှာကျက်ကောင်းကင်ကြီးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့...

ဖုန်းနံပါတ်

☎️ 0943139199
☎️ 09421159878
☎️ 09795840133



ဂန္ထဝင်ဆန်တဲ့ အလှတရားတွေဟာ ခေတ်အဆက်ဆက် ဘယ်တော့မှ ရိုးအီမသွားဘူးနော် 🥰ခုဖော်ပြထားတဲ့ အတွင်းခန်း ဒီဇိုင်းလေးဟာ Honour Frie...
25/08/2025

ဂန္ထဝင်ဆန်တဲ့ အလှတရားတွေဟာ ခေတ်အဆက်ဆက် ဘယ်တော့မှ ရိုးအီမသွားဘူးနော် 🥰

ခုဖော်ပြထားတဲ့ အတွင်းခန်း ဒီဇိုင်းလေးဟာ Honour Friend က Classical Design Concept ကိုအခြေခံပြီး Client စိတ်တိုင်းကျ ဖန်တီးပေးထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

ရီဝေယစ်မူးဖွယ် အလှတရားမှာ တည်ငြိမ်ခန့်ငြားမှုတွေ အပြည့်ပေါင်းစပ်ပေးထားလို့ ဝင်လိုက်တာနဲ့ ဂန္ထဝင်ဆန်မှုကို အလိုလိုခံစားလာစေရမဲ့ ဒီဇိုင်းလေးပါပဲ။

ပုံလေးတွေကိုကြည့်ရင်း ကိုယ့်ရဲ့ မိသားစုရိပ်မြုံလေးကို စိတ်ကူးထဲကအတိုင်း စိတ်တိုင်းကျ ဖန်တီးဖို့ လိုအပ်နေပြီဆိုရင်တော့

✅ Interior Decoration အတွက် ၁၁ နှစ်ကျော်အတွေ့အကြုံတွေနဲ့အတူ

✅ 3D Design ဆွဲပေးသည်မှစပြီး Furniture တွေရွေးချယ်နေရာချပေးသည်ထိ One Stop Service ပေးနေတဲ့ Honour Friend ကိုသာ ယုံကြည်စိတ်ချစွာ လက်တွဲလိုက်ပါ။

ဖုန်းနံပါတ်

☎️ 0943139199
☎️ 09421159878
☎️ 09795840133



🌧️ စိုထိုင်းဆ များတဲ့ မိုးတွင်းကာလမှာ စိုစွတ်နေတဲ့ မျက်နှာကျက်ကြောင့် ကျန်းမာရေး တွေးပူနေရပြီဆိုရင်....Honour Friend ရဲ့...
18/08/2025

🌧️ စိုထိုင်းဆ များတဲ့ မိုးတွင်းကာလမှာ စိုစွတ်နေတဲ့ မျက်နှာကျက်ကြောင့် ကျန်းမာရေး တွေးပူနေရပြီဆိုရင်....

Honour Friend ရဲ့ Aluminium Ceiling တွေကတော့ စိုစွတ်မှုကြောင့်ဖြစ်လာတဲ့ ပြဿနာတွေကို လုံးဝမေ့ထားနိုင်စေပါတယ်။

ဘာလို့ဆို
✅ ရေစိုခံတယ်။
✅ ရေစုပ်ယူမှုမရှိလို့ မှိုတက်ခြင်းနဲ့ ဘက်တီးရီးယားပေါက်ဖွားမှုတွေကို ကာကွယ်ပေးတယ်။
✅ ဒါ့အပြင် Chemical 167 မျိုးနဲ့ ဓာတ်ပြုမှုမရှိလို့ ကျန်းမာရေးနဲ့ အထူးညီညွတ်စေတာကြောင့်

Aluminium Ceiling တွေနဲ့အတူ မိုးတွင်းမှာ ပိုးမွှားကင်းကင်း မှိုနံ့ရှင်းတဲ့ မျက်နှာကျက်နဲ့ နေထိုင်ဖို့ Honour Friend ကိုခုပဲဆက်သွယ်လိုက်ရအောင် 🥰

ဖုန်းနံပါတ်

☎️ 0943139199
☎️ 09421159878
☎️ 09795840133



ရုံးပျော်ကြီးတို့ရဲ့ ကမ္ဘာမှာ ဝန်ထမ်းတွေရဲ့  အလုပ်အလာက အမြဲတမ်းတက်ကြွနေဖို့ဆိုရင် ဆွဲဆောင်မှုရှိတဲ့ ရုံးခန်းအပြင်အဆင်လေး...
14/08/2025

ရုံးပျော်ကြီးတို့ရဲ့ ကမ္ဘာမှာ ဝန်ထမ်းတွေရဲ့ အလုပ်အလာက အမြဲတမ်းတက်ကြွနေဖို့ဆိုရင်

ဆွဲဆောင်မှုရှိတဲ့ ရုံးခန်းအပြင်အဆင်လေး ဖြစ်နေဖို့လိုတယ်မလား....❓

လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုက ဝန်ထမ်းတွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့်ဆိုရင် လုပ်ငန်းခွင်မှာ ကြိုးစားချင်စိတ် ဖြစ်လာဖို့ ရုံးခန်းအပြင်အဆင်လေးကို Honour Friend မှ တာဝန်ယူဖန်တီးပေးပါရစေ။

လူကြီးမင်းတို့ရဲ့ အိမ်၊ ရုံးခန်း၊ ဆိုင် စတာတွေရဲ့ အတွင်းခန်းဒီဇိုင်းအပြင်အဆင်ကို

3D Design ရေးဆွဲပေးစဉ်ကစပြီး Furniture တွေရွေးချယ်နေရာချ ပေးသည်ထိ စ၊လယ်၊ဆုံး ပြင်ဆင်ဖန်တီးပေးနေတာဖြစ်တဲ့အတွက်

ရုံးခန်းလှလှလေးကြောင့် ဝန်ထမ်းတွေအလုပ်လာရတာ တက်တက်ကြွကြွ ဖြစ်စေချင်တယ်ဆိုရင် Honour Friend နဲ့ လက်တွဲလိုက်ဖို့မမေ့နဲ့နော် 🥰

ဖုန်းနံပါတ်
☎️ 0943139199
☎️ 09421159878
☎️ 09795840133



ပုံထဲက ဘယ်ဧည့်ခန်း ဒီဇိုင်းကို မျက်လုံးထဲစွဲသွားလဲ❓react လေးတွေနဲ့ ကိုယ်နှစ်သက်တဲ့ ဒီဇိုင်းလေးကို ဖော်ပြသွားလို့ရတယ်နော်...
07/08/2025

ပုံထဲက ဘယ်ဧည့်ခန်း ဒီဇိုင်းကို မျက်လုံးထဲစွဲသွားလဲ❓

react လေးတွေနဲ့ ကိုယ်နှစ်သက်တဲ့ ဒီဇိုင်းလေးကို ဖော်ပြသွားလို့ရတယ်နော် 🥰

ဖုန်းနံပါတ်
☎️ 0943139199
☎️ 09421159878
☎️ 09795840133



Interior Decoration လုပ်မယ်လို့ တွေးတဲ့အခါ ဘယ်ကနေစပြီး လုပ်မယ်လို့ စဉ်းစားကြလဲ❓ဒီနေ့တော့ အတွင်းခန်းဒီဇိုင်းဖန်တီးတဲ့အခါ ...
30/07/2025

Interior Decoration လုပ်မယ်လို့ တွေးတဲ့အခါ ဘယ်ကနေစပြီး လုပ်မယ်လို့ စဉ်းစားကြလဲ❓

ဒီနေ့တော့ အတွင်းခန်းဒီဇိုင်းဖန်တီးတဲ့အခါ ဖြစ်လေ့ရှိတဲ့ အမှား တွေထဲက ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်နော် 🥰

♦️ အချိုးအစားကို ဂရုမပြုမိတာ

ဥပမာ အခန်းကျဉ်းကျဉ်းကို စားပွဲကြီးကြီး၊ အခန်းကျယ်ကျယ်ကို စားပွဲသေးသေးလေး ထားမိတာမျိုးပါ။ ဒါကြောင့် Furniture တွေရွေးချယ်မဲ့အခါမှာ အခန်းအရွယ်အစားနဲ့ လိုက်ဖက်ညီဖို့ကို ထည့်သွင်းစဉ်းစားဖို့လိုတယ်နော်။

♦️ အလင်းရောင် ကောင်းကောင်းမရတာ

အခန်းတွင်း အလင်းအမှောင်က အရမ်းအရေးကြီးပါတယ်။ အားလုံးတပ်ဆင်ပြီးခါမှ အလင်းအားနည်းနေတဲ့အခါ ပြန်လုပ်ရတာလက်ဝင်တာမို့ Lighting ကလည်း သေချာ တွက်ချက်စဉ်းစားထားဖို့ လိုတဲ့အရာပါ။

♦️ Furniture တွေအကုန် နံရံမှာကပ်ထားတာ

Furniture တွေကို နံရံနဲ့ ကပ်ထားတာက အခန်းကိုပိုကျယ်သလိုခံစားရမယ်ဆိုပြီး လုပ်ကြလေ့ရှိတာပါ။ တကယ်က အဲ့လိုမခံစားရပါဘူး။ အဲ့အစား အလယ်မှာ Coffee table လေးတစ်လုံးချပြီး ခုံတွေကို နံရံနဲ့ ခွာထားတာက စကားပြောချင်ဖွယ်နေရာလေးတစ်ခုကို ဖန်တီးနိုင်ပါတယ်။

♦️ အသုံးဝင်မှုကို ထည့်မစဉ်းစားမိတာ

ပစ္စည်းတစ်ခုခုရွေးချယ်တဲ့အခါ လှပပေမဲ့ တကယ့်လက်တွေ့မှာ အဆင်မပြေတာမျိုးလည်းဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိမ်ခန်း၊ မီးဖိုချောင်စတဲ့ နေရာတွေအတွက် Furniture တွေရွေးချယ်တဲ့အခါ ကိုယ်တကယ်သုံးဖြစ်ပါ့မလား၊ သက်သောင့်သက်သာရှိပါ့လား စတဲ့မေးခွန်းတွေပေါ်မူတည်ပြီး ရွေးချယ်ဖို့လိုတယ်နော်။

♦️ အလှဆင်ပစ္စည်းတွေကို ချိတ်တဲ့နေရာ မြင့်နေတာ (သို့) နိမ့်နေတာ

ဒါကဘာမှမဟုတ်သလိုလိုနဲ့ အရေးကြီးတဲ့အရာပါ။ ပန်းချီကားလိုမျိုးအရာတွေကို နံရံမှာ ချိတ်တဲ့အခါ အလယ်နေရာကို ကြမ်းပြင်ကနေ အမြင့် ၅၇ လက်မကနေ ၆၀ လက်မအတွင်းလောက်ထားဖို့လိုပါတယ်။ ဒါမှသာ မျက်လုံးနဲ့တတန်းတည်း နေရာလောက်မှာရှိနေမှာဖြစ်ပါတယ်။

ဒါတွေကတော့ Interior Decoration လုပ်တဲ့အခါ မှားလေ့ရှိတာတွေပဲဖြစ်ပါတယ်။

ဒီလိုကိစ္စတွေကို စိတ်မပူချင်ဘူးဆိုရင်တော့ လူကြီးမင်းတို့ရဲ့ စိတ်ကူးထဲက အတွင်းခန်းဒီဇိုင်းလေးအတွက် စ၊လယ်၊ဆုံး တာဝန်ယူဖန်တီးပေးမဲ့ Honour Friend ရဲ့ Interior Designer တွေကိုသာ ယုံကြည်ပြီးဆက်သွယ်လိုက်ပါ။

ဖုန်းနံပါတ်

☎️ 0943139199
☎️ 09421159878
☎️ 09795840133



Address

No. 840, NatYayKan 2 Street , 35-Quarter, North Dagon
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 14:00

Telephone

+95943139199

Alerts

Be the first to know and let us send you an email when Honour Friend Construction & Decoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Honour Friend Construction & Decoration:

Share

Category