23/03/2022
ချမ်းသာ ကြွယ်ဝ ခြင်းကို ဘာနဲ့ တိုင်းတာပါသလဲ ........
တရတီ, နှစ်ရတီကိုက် စိန်နားကပ်ကြီး ဝတ်ပြထားပြီးတော့လား .....
သိန်းထောင်ချီတန်တဲ့ ကားတွေ တနေ့တမျိုး စီးပြပြီးတော့လား .....
ရွှေတွေကွပ်ထားတဲ့ အိမ်အကြီးကြီးမှာ နေပြီးတော့လား .......
အဂ်လန် , အမေရိကား နိုင်ငံတွေ ၆ လ တခါလောက် shopping ထွက်ပြနိုင်တာကို ခေါ်တာလား .....
လူတွေ တဦးနဲ့တဦး အဓိပ္ပါယ်ဖွင့်ပုံတွေ မတူကြပေမဲ့ ချမ်းသာကြွယ်ဝခြင်းဆိုရင် ဘယ်သူမဆို ငွေကြေးအင်အားကို ပြေးမြင်ကြမှာ အမှန်ပဲ ...... စိတ်ပိုင်းဆိုင်ရာကို မေ့နေကြတယ် ..... ပိုက်ဆံရှိရင် ဘာမဆိုဖြစ်တယ် ဆိုတဲ့ materialistic ခေတ်ကြီးထဲ ရောက်နေကြတာလေ........
အခုလို တကမ္ဘာလုံးအနှံ့ ကပ်ရောဂါကြီးဖြစ် , ပိုက်ဆံရှိရင်တောင် ပြေးစရာ မြေမရှိတဲ့ အချိန်မှာ ချမ်းသာကြွယ်ဝခြင်းဆိုတာ ကိုယ့်မှာ ရှိတဲ့ ငွေကြေး ပိုင်ဆိုင်မှုတွေကို မခေါ်နိုင်တော့ပါဘူး ...... ငွေရှိလဲ ဘာမှ လုပ်လို့မရဘူး ..... ငွေတွေ အပုံလိုက်ရှိနေလဲ ရောဂါမကူးနိုင်တာ မဟုတ်ဘူးလေ ..... ကပ်ရောဂါဖြစ်ပြီဆိုမှတော့ သူဌေးပဲဖြစ်ဖြစ် လမ်းဘေးက လက်လုပ်လက်စားပဲဖြစ်ဖြစ် တန်းတူကူးစက်နိုင်ခြေရှိတဲ့ အခြေအနေကိုး .......
ဒီလိုအချိန်မျိုးမှာမှ အမှန်တရားဆိုတာ ပေါ်တာ .... အမှန်တကယ်တော့ ချမ်းသာကြွယ်ဝခြင်းဆိုတာ စိတ်လုံခြုံနေမှူ , နွေးထွေးတဲ့ အသိုက်အမြုံ နဲ့ နေထိုင်ရမှု , ကိုယ်ဘာပဲဖြစ်ဖြစ် ဘေးမှာ ရှိနေမဲ့ ချစ်ခင်သူတွေ ရှိနေခြင်းကို ခေါ်ဆိုတာပါ .......
တနေ့ ထမင်းသုံးနပ် မှန်မှန်စားရရင် .....
မနက်မိုးလင်း မျက်လုံးနစ်လုံးဖွင့်တာနဲ့ ကြွေးမြီကင်းကင်းနဲ့ စိတ်အေးအေးနေထိုင်နိင်ရင် ......
ပျော်စရာရှိလဲ လွတ်လွတ်လပ်လပ် ရီမောပျော်ရွှင်နိုင်ရင် .....
ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရင် .....
ညတွေ နစ်နစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်တယ်ဆိုရင် .....
ကိုယ့်အတွက် ဘာမဆို လုပ်ပေးမဲ့ မိသားစုရှိနေရင်....
ကိုယ်ဘာပဲဖြစ်ဖြစ် ရပ်တည်ပေးမဲ့ သူငယ်ချင်းကောင်းတွေ ရှိနေရင် .........
ဒီလူတယောက်ဟာ ချမ်းသာ ပြည့်စုံလို့ နေပါပြီ .......
တချို့သော အရာတွေဟာ ပိုက်ဆံ ဘယ်လောက်ရှိရှ်ိ ငွေကြေးနဲ့ ဝယ်လို့ မရပါဘူး .......
ငွေကြေးနဲ့ ဝယ်လို့မရတဲ့ အရာတွေထဲမှာ ....
စေတနာ , ချစ်ခြင်းမေတ္တာ နဲ့ ကိုယ်ချင်းစာတရားတွေ ပါဝင်နေပါတယ်......