25/05/2026
မရမ်းကုန်းမြို့နယ်က
Aunty Aye သို့
စတီးဘူးလေးတွေက
Size ရေးထားပါတယ်။
လက်နဲ့ ကိုင်ပြထားတဲ့ အပြင်ပုံ တင်ပေးထားပါတယ်။
ပစ္စည်းရောက်လာပြီး deli ကို 6 လွှာအထိတက်ခိုင်းပြီးမှ ဘူးက သေးလို့ မယူဘူးဆိုတော့
မယူဖြစ်ရင် deli ခ ပေးရပါတယ်ရှင်။
အန်တီတို့ အိမ်အရောက်ထိ deli က လာပြရတာမို့လို့
Deli ခ ပေးရမှာပါရှင့်။
ပါဆယ်ထဲက အန်တီတို့ကြိုက်တဲ့ ပစ္စည်းပဲ ရွေးယူလို့မရပါဘူးရှင်။
Deli က ကျွန်မတို့ ဝန်ထမ်းမဟုတ်ပါဘူး
Royal Express က ဝန်ထမ်းပါ။
ပစ္စည်းအပ်လိုက်ကတည်းက ဒီပါဆယ်အတွက် ကောက်ခံရမယ့် ငွေ တခါတည်း စာရင်း သွင်းပြီးသားပါ။
ကိုယ်တိုင်ကျတော့ ပါဆယ်ကို အောက်အထိ ဆင်းယူဖို့တောင် မကူညီပေးနိုင်ပဲနဲ့ သူများကိုကျတော့ ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ စိတ် နဲ့ page ကို block လုပ်လို့ ဒီ post ကိုတင်တာပါ။
5 လက်မဆိုတာ ဘယ်လောက်မှန်းမသိရင် online က မဝယ်ပါနဲ့ ရှင့်။
လူအချင်းချင်း အလုပ်ရှုပ်ခြင်း ကင်းဝေးကြပါစေရှင့်