Mommy Life Diary & Home-Cooked Meals

Mommy Life Diary & Home-Cooked Meals Let’s us enjoy the food together !

16/02/2024
31/12/2023

ကမ္ဘာ အလှဆုံး မီးရူးမီးပန်း 🎆🎆🎆

Be good 2024 🍀✨🙏!




နန်းကြီးသုပ် ချဉ်ငံစပ် ၊ တုပ်ကွေးထက်ပြင်းတဲ့ 🦠 ကို တွန်းလှန်ဖို့ ကိုယ်ခံအားကောင်းနေဖို့ စားဖို့လိုတယ် နော် 😋😋😋
20/12/2023

နန်းကြီးသုပ် ချဉ်ငံစပ် ၊ တုပ်ကွေးထက်ပြင်းတဲ့ 🦠 ကို တွန်းလှန်ဖို့ ကိုယ်ခံအားကောင်းနေဖို့ စားဖို့လိုတယ် နော် 😋😋😋

စီးပွါး လာဘ်လဘတွေ တိုးတက်ကြပါစေ 🙏🙏🙏
21/11/2023

စီးပွါး လာဘ်လဘတွေ တိုးတက်ကြပါစေ 🙏🙏🙏

အရမ်းအစွမ်းထက်၍ နာမည်ကြီးလှသော လာဘ်ရွှင်ငွေဝင် အန္တရာယ်ကင်း ဂါထာတော်ပေါင်းချုပ်(၁)ဖြစ်ပါသည်။ ဒိဝါတပတိ ‌စသ....

မင်္ဂလာရှိသောနေ့လေးဖြစ်ပြီး အတွေးအခေါ် ကောင်းလေးများ ရရှိပြီး အောင်မြင်တိုးတက်ကြပါစေ ။ ✨✨✨
21/11/2023

မင်္ဂလာရှိသောနေ့လေးဖြစ်ပြီး အတွေးအခေါ် ကောင်းလေးများ ရရှိပြီး အောင်မြင်တိုးတက်ကြပါစေ ။ ✨✨✨


ငါးဟင်းဆီပြန်လေး ချက်တယ်။ ✨ငါးအသား ကြီးပဲကို ဆား၊ ငံပြရည် ၊ အသားမှုန့်၊ဆနွင်း တစ်နာရီလောက်နှပ်ထားပါတယ်။✨ကြက်သွန်နီ၊ ဖြူ ...
18/11/2023

ငါးဟင်းဆီပြန်လေး ချက်တယ်။

✨ငါးအသား ကြီးပဲကို ဆား၊ ငံပြရည် ၊ အသားမှုန့်၊ဆနွင်း တစ်နာရီလောက်နှပ်ထားပါတယ်။

✨ကြက်သွန်နီ၊ ဖြူ နှင့် ဂျင်း နှပ်နှပ်စင်း ထားမယ်။ အပေါ်က ရှမ်းနံနံလေး အုပ်ဖို့ ready ပြင်ထားတယ်။

✨အားလုံးပြင်ထားပြီး ဆီထည့် ၊ ကြက်သွန်ဖြူနီ ဆီသတ် ၊ ငရုတ်သီးမှုန့် ထည့် ပြီးရင် နယ်ထားသော ငါးထည့် အပေါ်အောက်လှန် ဆီသတ် ၊ ပြီးရင် ရေအနည်းငယ်ထည့် ၊ အရသာက အနေတော် ငါးနယ်တဲ့ဟာမှ ပါပြီးသားမို့ ထပ်မထည့်တော့ဘူး၊ အကယ်လို့ အပေါ့အငန် မြည်းကြည့်လို့ လိုတယ်ဆိုရင် စိတ်ကြိုက်ပြင်နိုင်ပါတယ်။

✨ငါးဆိုတာ အကျက်မြန် တော့ ခဏချက် ဆီပြန် အနှစ်ကျပြီဆိုမှ ရှမ်းနံနံလေးအုပ် မီးပိတ်ပြီး အဖုံးအုပ်ထားလိုက်တော့ သူအ​နေတော် အနှစ်ကျပြီဆိုရင် ကျက်ပါပြီရှင် 😋😋😋၊၊

အဖြစ်အပျက်ကတော့ ပြောင်းဖူးပြုတ်ရာက ဒီလိုဖြစ်သွားတော့တာပဲ 🤣🤣🤣 ကလေးထိန်းရင် သူကမီးဖိုချောင်ထွက်သွားမရ အခန်းပြင်ပေးမထွက် ဂျ...
18/11/2023

အဖြစ်အပျက်ကတော့ ပြောင်းဖူးပြုတ်ရာက ဒီလိုဖြစ်သွားတော့တာပဲ 🤣🤣🤣 ကလေးထိန်းရင် သူကမီးဖိုချောင်ထွက်သွားမရ အခန်းပြင်ပေးမထွက် ဂျီနေ​တာကနေ ခုတော့ ပြောင်းဖူးက အပြုတ်ကနေ ကင်ပြီးသားဖြစ်သွားပြီ။ 🌽 🌽🌽

အိုးကတော့ သွားပြီ

အိုးတူးတာက်ုဘယ်လိုပြန်ဆေး ဘယ်လိုဆေးရမလဲရှင် 🤦🏻‍♀️၊၊

ပြောပြရင် လွန်တယ် ထင်ကြဦးမယ် ၊ ဘဝ ဆိုတာ အမြဲ ဖြောင့်ဖြူးသော လမ်း မဟုတ်ပဲ … ဖိနပ်တစ်ရံကို ဒီလိုအခြေအနေထိ ဝတ်ရတယ်ဆိုတာ သိစ...
16/11/2023

ပြောပြရင် လွန်တယ် ထင်ကြဦးမယ် ၊ ဘဝ ဆိုတာ အမြဲ ဖြောင့်ဖြူးသော လမ်း မဟုတ်ပဲ … ဖိနပ်တစ်ရံကို ဒီလိုအခြေအနေထိ ဝတ်ရတယ်ဆိုတာ သိစေချင်တယ်။

ကိုယ်တွေ ဘာလို့သူများနိုု်ငံမှာ နေရတာလဲဆိုတာ လိုအပ်ချက်တွေရှိနေသေးလို့ လက်ရှိမိသားစု အတွက် အနစ်နာခံ စိတ်ရှိနေလို့ ၊ ကိုယ့်သားသမီးလေးတွေရှေ့ရေးအတွက် စသဖြင့် သူတိုင်းမှာ ကိုယ်စီ တာဝန် ထုပ်ပိုး ဝန်စီစလယ်တွေနဲ့ပါ။

ပျော်ချင်လို့ သာယာချင်လို့ ဖလန်းဖလန်းပြီး ဇိမ်ခံနေတယ်လို့ မင်းတို့ထင်ရင်မှားသွားလိမ့်မယ်။
ချမ်းသာရင် လိုအပ်ချက်တွေမရှိရင် ကိုယ့်နိုင်ငံမှာပဲ နေတော့မှာပေါ့၊၊

အဲဒါလေးတွေကို မြင်စေ သိစေ နားလည်စေချင်တယ် ။ 🙏🙏🙏
ဘဝတူ များ အားလုံး ကိုလည်း ဖိုက်တင်ပါ လို့ ပြောချင်ပါတယ် 💪🏼💪🏼💪🏼။

ခရမ်းချဉ်သီး ငပိချက် ၊ ကြက်သားပဲလိပ်ပေါင်း ရယ် ထမင်းကို နယ် ရေနွေးလေး နဲ့ သောက်ရတဲ့ အရသာ အရမ်းကို ရှိပဲ ။  😋😋😋စားပါဦး။
15/11/2023

ခရမ်းချဉ်သီး ငပိချက် ၊ ကြက်သားပဲလိပ်ပေါင်း ရယ် ထမင်းကို နယ် ရေနွေးလေး နဲ့ သောက်ရတဲ့ အရသာ အရမ်းကို ရှိပဲ ။

😋😋😋စားပါဦး။

14/11/2023

Hotel Faber Park Singapore - Handwritten Collection မှာ မိသားစု အပန်းဖြေ 👨‍👩‍👧


ပိတ်ရက်ကို ချဉ်ရည်ဟင်း ကို ကျားပုစွန်နဲ့ ချက်ပေး ၊ ဒေါ်ယွမ် စားလို့ရအောင် အစပ်ကောငပိကော မထည့်တော့ ချဉ်ရည်ဟင်း ပုံမကျတကျပ...
12/11/2023

ပိတ်ရက်ကို ချဉ်ရည်ဟင်း ကို ကျားပုစွန်နဲ့ ချက်ပေး ၊ ဒေါ်ယွမ် စားလို့ရအောင် အစပ်ကောငပိကော မထည့်တော့ ချဉ်ရည်ဟင်း ပုံမကျတကျပေါ့ 😅 အချဉ်ဓါတ်လေးရအောင် အဲ့လိုပုံစံလေး တစ်ခါတစ်ခါ ချက်ကျွေးတယ်။

ပြီးတော့ buy 1 get 1 နဲ့ရတဲ့ အသားပြား​လေး အပေါ်ယံတင်းအောင်ကြော်လိုက်တယ်။ တစ်နေ့တစ်နေ့ သူစားလို့ရအောင်ပြင်ဆင်ရတာလည်း တာဝန်လေး တစ်ခုပါပဲ ☺️

ပျော်ရွှင်စရာ ပိတ်ရက်ရှည်လေးဖြစ်ပါစေ။ 😍😍😍



Address

Singapore

Website

Alerts

Be the first to know and let us send you an email when Mommy Life Diary & Home-Cooked Meals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share