Zin Min Aye

Zin Min Aye Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zin Min Aye, Interior design studio, Singapore.

Interior Design Consultant & Educator | Co-founder of Leo Creation Design & IDS Design School | Sharing design knowledge, project insights, and industry experiences.

တစ်ရက်က City Hall ဖက် ဟိုဟိုဒီဒီသွားရင်း ရိုက်ခဲ့တဲ့ ဓာတ်ပုံလေး တစ်ပုံကနေ ... 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 မှာ “𝗦𝗽𝗮𝗰𝗲” ဆိုတာ အခန်းအကျ...
09/08/2026

တစ်ရက်က City Hall ဖက် ဟိုဟိုဒီဒီသွားရင်း ရိုက်ခဲ့တဲ့ ဓာတ်ပုံလေး တစ်ပုံကနေ ... 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 မှာ “𝗦𝗽𝗮𝗰𝗲” ဆိုတာ အခန်းအကျယ် (Floor Area) တစ်ခုတည်း မဟုတ်ဘူးဆိုတာလေး ပြောပြမယ်နော် 😊

ဒီနေရာကို ကြည့်လိုက်ရင် ပထမဆုံးခံစားမိတာက “ကျယ်တယ်” ဆိုတာထက် “𝗢𝗽𝗲𝗻 & 𝗦𝗽𝗮𝗰𝗶𝗼𝘂𝘀” ဖြစ်တယ်ဆိုတဲ့ ခံစားချက်ပါပဲ။

အဲဒီ Feeling ကို ဖန်တီးပေးနေတာက Floor Area တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။

𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗦𝗽𝗮𝘁𝗶𝗮𝗹 𝗗𝗲𝘀𝗶𝗴𝗻 ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့—

▪️𝗦𝗽𝗮𝗰𝗲 ရဲ့ ဘေးတိုက် အကျယ် (‌𝗪𝗶𝗱𝘁𝗵)

▪️ကြမ်းခင်းကနေ မျက်နှာကျက်အထိ အမြင့် (𝗖𝗲𝗶𝗹𝗶𝗻𝗴 𝗛𝗲𝗶𝗴𝗵𝘁)

▪️လူတစ်ယောက်ရဲ့ 𝗦𝗰𝗮𝗹𝗲 နဲ့ နှိုင်းယှဉ်ထားတဲ့ Vertical Space (𝗩𝗼𝗹𝘂𝗺𝗲)

▪️Canopy ထဲကနေ စီးဝင်လာတဲ့ သဘာဝအလင်းရောင် (𝗡𝗮𝘁𝘂𝗿𝗮𝗹 𝗟𝗶𝗴𝗵𝘁)

▪️ အပင်တွေ၊ ဆိုင်တွေနဲ့ အပေါ်ဘက် Structure တွေရဲ့ အမြင်အာရုံချိတ်ဆက်မှု (𝗩𝗶𝘀𝘂𝗮𝗹 𝗖𝗼𝗻𝗻𝗲𝗰𝘁𝗶𝗼𝗻)

ဒီအရာတွေကို စနစ်တကျ ပေါင်းစပ်လိုက်မှသာ 𝗦𝗽𝗮𝘁𝗶𝗮𝗹 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 ကောင်းတစ်ခု ဖြစ်လာတာပါ။

မျက်နှာကျက်မြင့်ရုံတင်မကဘဲ Overhead Canopy ကနေ သဘာဝအလင်းရောင် စီးဝင်လာအောင် ဖန်တီးထားတာက Space ကို အမိုးပိတ်အောက်ရောက်နေသလို မခံစားရစေဘဲ၊ ပြင်ပသဘာဝနဲ့ ထိစပ်နေသလို လွတ်လပ်ပြီး အေးချမ်းတဲ့ ခံစားမှုကို ပထမဆုံး ပေးစွမ်းပါတယ်။

အပေါ်ဘက်ကို မျက်စိတစ်ဆုံး မြင်နိုင်တဲ့ Vertical Volume ကြောင့် Space က ပိုမိုလွတ်လပ်ပြီး ကျယ်ဝန်းတယ်လို့ ခံစားရစေပါတယ်။

ဒါပေမယ့် Volume အလွန်ကြီးမားတဲ့ Atrium / Canopy Space တွေမှာ သတိမထားရင် လူက Space ထဲမှာ သေးငယ်ပျောက်ကွယ်သွားသလို Intimidating / Overwhelming ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာတော့ အောက်ခြေမှာရှိတဲ့ Planter Boxes၊ အပင်နိမ့်လေးတွေနဲ့ Low-profile Seating တွေက လူတွေရဲ့ Eye-level အတွင်းမှာ နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ Micro-environment လေးတစ်ခုကို ဖန်တီးပေးထားပါတယ်။

ဒါကပဲ Large Volume ကို Human Scale နဲ့ Balance လုပ်ထားတဲ့ 𝗦𝗽𝗮𝘁𝗶𝗮𝗹 𝗗𝗲𝘀𝗶𝗴𝗻 လို့ ပြောလို့ရပါတယ်။

ဒါကြောင့် ဒီနေရာဟာ ကြီးမားတဲ့ Volume ရှိပေမယ့် လူတွေအတွက် သက်တောင့်သက်သာနဲ့ နွေးထွေးတဲ့ 𝗦𝗽𝗮𝘁𝗶𝗮𝗹 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 ကို ဖန်တီးပေးထားနိုင်တာပါ။

𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 စဉ်းစားတဲ့အခါ Furniture နဲ့ Decoration တွေကို မရွေးချယ်ခင် Space ရဲ့ Width, Height, Volume နဲ့ Human Scale ကို အရင်ဆုံး စဉ်းစားကြည့်ပါ။

အခု စာဖတ်နေသူအနေနဲ့ရော ဒီ Interior ကို ကြည့်တဲ့အခါ ဘာကို အရင်ဆုံး သတိထားမိလဲ?

🔹 Space ရဲ့ ကျယ်ဝန်းမှုလား?

🔹 Interior Decoration ရဲ့ အလှအပလား?

Comment မှာ အမြင်လေး ပြောခဲ့ပါဦးနော် 😊



Ids_design school
Leo Creation Design

04/08/2026

𝗡𝗮𝗺𝘁𝘀𝗮𝗺 𝗥𝗲𝘀𝗶𝗱𝗲𝗻𝗰𝗲 | 𝗔 𝗗𝗲𝘀𝗶𝗴𝗻 𝘁𝗼 𝗥𝗲𝗺𝗲𝗺𝗯𝗲𝗿

တစ်ခါတလေ 𝗗𝗲𝘀𝗶𝗴𝗻 တစ်ခုဆိုတာ အဆောက်အအုံတစ်ခုကို လှပအောင် ဖန်တီးပေးရုံနဲ့ မပြီးပါဘူး။

နေရာဒေသ၊ သဘာဝပတ်ဝန်းကျင်နဲ့ နေထိုင်မယ့်သူတွေရဲ့ 𝗟𝗶𝗳𝗲𝘀𝘁𝘆𝗹𝗲 ကို သေချာနားလည်ပြီးမှ ပုံဖော်ရတာပါ။

ဒီအိမ်လေးကတော့ ရှမ်းပြည်နယ်အရှေ့တောင်ပိုင်း၊ နမ့်စမ်မြို့ ရဲ့ သဘာဝအလှတရားတွေကြားမှာ ဆောက်လုပ်ထားတဲ့ Residential Project တစ်ခုဖြစ်ပြီး Leo Creation Design မှ တာဝန်ယူဖန်တီးခဲ့တဲ့ Project လေးတစ်ခု ဖြစ်ပါတယ်။

ဒီ Project အတွက် 𝗠𝗼𝗱𝗲𝗿𝗻 𝗖𝗼𝗻𝘁𝗲𝗺𝗽𝗼𝗿𝗮𝗿𝘆 𝗗𝗲𝘀𝗶𝗴𝗻 𝗦𝘁𝘆𝗹𝗲 ရဲ့ သန့်ရှင်းရိုးရှင်းတဲ့ Character ကို အခြေခံပြီး၊ နမ့်စမ်ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်ဖက်အောင် 𝗖𝗼𝗻𝘁𝗲𝗺𝗽𝗼𝗿𝗮𝗿𝘆 𝗧𝗿𝗼𝗽𝗶𝗰𝗮𝗹 𝗦𝘁𝘆𝗹𝗲 နဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။

အိမ်ရဲ့ Massing ကို ရှုပ်ထွေးမှုမရှိဘဲ ရိုးရှင်းသန့်ရှင်းတဲ့ Geometry တွေနဲ့ ဖွဲ့စည်းထားပြီး၊ Horizontal Lines တွေက အိမ်ရဲ့ Low-profile Character ကို ပိုမိုပေါ်လွင်စေပါတယ်။

Open Spaces နဲ့ အခန်းတွေကြားက ကြားခံနေရာတွေကို သဘာဝအလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းမွန်စေဖို့ ထည့်သွင်းစဉ်းစားထားပါတယ်။

Wood Texture + Concrete Finish + Large Glass Openings တွေကို ပေါင်းစပ်အသုံးပြုထားပြီး Modern Character နဲ့ Natural Warmth ကို တစ်ပြိုင်နက်တည်း ရရှိစေဖို့ ရည်ရွယ်ထားပါတယ်။

Building တစ်ခုတည်းကိုပဲ အာရုံစိုက်ထားတာမဟုတ်ဘဲ အိမ်နဲ့ သဘာဝပတ်ဝန်းကျင်ကြားက ဆက်စပ်မှု ကိုလည်း အရေးကြီးစွာ ထည့်သွင်းစဉ်းစားထားပါတယ်။

Landscape Design က အဆောက်အအုံနဲ့ သဘာဝကို တစ်ဆက်တည်း ခံစားရစေဖို့ ဖန်တီးထားပြီး၊ အိမ်ရဲ့ ပုံစံကို ပိုမိုပေါ်လွင်စေပါတယ်။

ညဘက်မှာတော့ Warm Exterior Lighting တွေက Wood Texture၊ Concrete Surface နဲ့ Glass Openings တွေကို နူးညံ့တဲ့ အလင်းရောင်နဲ့ Highlight လုပ်ပေးပြီး အိမ်ရဲ့ Night-time Ambience ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲပေးပါတယ်။

𝗗𝗲𝘀𝗶𝗴𝗻 တစ်ခုရဲ့ တန်ဖိုးဟာ လှပမှုတစ်ခုတည်းမှာ မရှိပါဘူး။
နေရာဒေသနဲ့ လိုက်ဖက်မှု၊ နေထိုင်သူတွေရဲ့ လူနေမှုဘဝနဲ့ သဟဇာတဖြစ်မှု၊
အချိန်ကြာလာလည်း မရိုးနိုင်တဲ့ အလှတရား ..... ဒီအရာတွေမှာပါ ရှိပါတယ်။

Project: 𝗡𝗮𝗺𝘁𝘀𝗮𝗺 𝗥𝗲𝘀𝗶𝗱𝗲𝗻𝗰𝗲
Design by: Leo Creation Design

Another project, another story, and another precious memory for Leo Creation Design. 🤎


01/08/2026

ဓာတ်ပုံလေးတစ်ပုံ၊ ပန်းချီကားတစ်ချပ် လက်ဆောင်ရတာထက် ... ဒီပုံလေးတွေထဲမှာ ပါနေတဲ့ အမှတ်တရတွေက ပိုတန်ဖိုးရှိပါတယ် ❤️

Harmony Light Studio မှ ဓာတ်ပုံလေး၊
Akary Moe (ID 10) ရဲ့ လက်ရာ ပန်းချီကားလေး၊
Htet Myat Nyan (ID 9) ရဲ့ အမှတ်တရ လက်ဆောင်လေးတွေကို လက်ဆောင်ရရှိခဲ့ပါတယ် 🥰

ဒီလို ပျော်စရာ အမှတ်တရလေးတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်နော် ❤️




28/07/2026

ဒီနေ့တော့ မူလရေးဖို့ ရည်ရွယ်ထားတဲ့ အကြောင်းအရာကို ခဏထားပြီး အမှတ်တရလေးတစ်ခုကို မျှဝေချင်ပါတယ်။

မကြာခင်ရက်ပိုင်းအတွင်းမှာ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်သစ်တက်မင်္ဂလာ အခမ်းအနားကို ကျင်းပတော့မှာဖြစ်ပါတယ်။

ဒီအိမ်လေးကို Leo Creation Design ကနေ 𝗗𝗲𝘀𝗶𝗴𝗻 & 𝗗𝗲𝘀𝗶𝗴𝗻 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 ကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ Construction ကို A.G.P Construction and Decoration က အကောင်အထည်ဖော် ဆောက်လုပ်ခဲ့သလို၊ MEP Design & Construction ကို EPCM Company က ဆောင်ရွက်ပေးခဲ့တဲ့ Project လေးဖြစ်ပါတယ်။

ဒီ Project ရဲ့ အထူးခြားဆုံးအချက်ကတော့ Designer, Engineers, Contractor နဲ့ Client အားလုံးက သူငယ်ချင်းတွေ ဖြစ်ကြတာပါ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုကောင်းကောင်းနဲ့ လက်တွဲခဲ့ကြလို့ အရည်အသွေးကောင်းမွန်တဲ့ Project ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့တာအတွက် အလွန်ဝမ်းသာဂုဏ်ယူမိပါတယ်။

မှတ်မှတ်ရရ မန္တလေးမှာ ကျွန်မတို့ Leo Creation Design ကနေ Design လုပ်ပေးခဲ့တဲ့ သူငယ်ချင်းတွေရဲ့ အိမ် (၃) လုံးကို Contractor သူငယ်ချင်းတစ်ယောက်တည်းက တာ၀န်ယူ ဆောက်လုပ်ပေးခဲ့ပါတယ်။

အိမ်တက်ပွဲတိုင်းကို "ဒီတစ်ခါတော့ သေချာသွားမယ်" လို့ အားခဲခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တစ်ပွဲမှ မတက်ရောက်နိုင်ခဲ့တာကို‌တော့ စိတ်မကောင်းဖြစ်မိပါတယ်။

ဒီအိမ်လေးပြီးစီးသွားတဲ့အခါမှာတော့ ဓာတ်ပုံလှလှတွေနဲ့ Video တွေကို သေချာရိုက်ကူးပြီး အမှတ်တရအဖြစ် သိမ်းဆည်းဖို့ မျှော်လင့်ထားတာပါ။

Classical Design Style ကို အလွန်နှစ်သက်တဲ့ အိမ်ရှင်သူငယ်ချင်းရဲ့ ဆန္ဒကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ဖို့ Leo Creation Design Team က စေတနာအပြည့်နဲ့ ကြိုးစားပုံဖော်ခဲ့ပါတယ်။

ဒီလို Project တစ်ခု အောင်မြင်စွာ ပြီးမြောက်လာတယ်ဆိုတာ လူတစ်ယောက်တည်းရဲ့ အောင်မြင်မှုမဟုတ်ဘဲ Teamwork, communications, ယုံကြည်မှုနဲ့ Collaboration ကောင်းမွန်မှုရဲ့ ရလဒ်တစ်ခုလို့ ယုံကြည်ပါတယ်။

နောက်ဆုံးအနေနဲ့ ...

သူငယ်ချင်း မိသားစုအားလုံး ဒီမင်္ဂလာဂေဟာ အတွင်းမှာ ကျက်သရေမင်္ဂလာအဖြာဖြာ ပြည့်စုံကြပြီး၊ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ စီးပွားဥစ္စာများ တိုးတက်အောင်မြင်ကာ ရည်မှန်းချက်အားလုံး ပြည့်ဝကြပါစေလို့ Leo Creation Design မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ❤️




"Ids_design school မှာ 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 တွေ သင်ပေးလား?"ဒါက IDS ကို သင်တန်းစုံစမ်းသူတွေ အများဆုံး မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။မဇ...
26/07/2026

"Ids_design school မှာ 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 တွေ သင်ပေးလား?"

ဒါက IDS ကို သင်တန်းစုံစမ်းသူတွေ အများဆုံး မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။

မဇင်တို့ရဲ့ အဖြေကတော့ ...
"သင်ရိုးထဲမှာ 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 တွေ မပါပါဘူး။"

ဘာကြောင့်လဲ?
▪️𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 တစ်ခုချင်းစီက သီးသန့် အချိန်လိုပါတယ်။
AutoCAD, SketchUp, Revit, 3ds Max, Photoshop စတဲ့ Software တွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ လေ့ကျင့်ချိန် များစွာ လိုအပ်ပါတယ်။

▪️ IDS ရဲ့ အဓိက ရည်ရွယ်ချက်က 𝗗𝗲𝘀𝗶𝗴𝗻 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ကို ခိုင်မာစွာ တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။
တစ်နှစ်တာ အချိန်ပိုင်းသင်တန်းအတွင်းမှာ Interior Design Theory, Design Thinking နဲ့ Design Process တွေကို ဦးစားပေး သင်ကြားပေးပါတယ်။

ဒါဆို Project တွေ ဘယ်လိုလုပ်မလဲ?
▪️ Project တင်နိုင်ဖို့အတွက် HomeStyler ကဲ့သို့ အသုံးပြုရလွယ်တဲ့ Tool တွေကို အသုံးပြတတ်‌အောင် လမ်းညွှန်ပြသပေးပါတယ်။

▪️ Presentation ပိုင်းအတွက်လည်း PowerPoint နဲ့ Photoshop ရဲ့ အခြေခံသဘောတရားတွေကို လိုအပ်သလို လမ်းညွှန်ပြသပေးပါတယ်။

မဇင်တို့ရဲ့ ယုံကြည်ချက်
Designer တွေအတွက် Software တွေက 𝗧𝗼𝗼𝗹 တွေဖြစ်တာကြောင့် မဖြစ်မနေ သုံးရပါတယ်။ ဒါ့ကြောင့်လည်း Software တွေကို သီးသန့် အချိန်ပေးပြီး စနစ်တကျ လေ့လာသင့်ပါတယ်။

ဒါပေမယ့် ရေရှည်မှာ Designer ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုရင် 𝗗𝗲𝘀𝗶𝗴𝗻 𝗧𝗵𝗶𝗻𝗸𝗶𝗻𝗴၊ 𝗦𝗽𝗮𝗰𝗲 𝗣𝗹𝗮𝗻𝗻𝗶𝗻𝗴 နဲ့ 𝗣𝗿𝗼𝗯𝗹𝗲𝗺 𝗦𝗼𝗹𝘃𝗶𝗻𝗴 𝗦𝗸𝗶𝗹𝗹𝘀 တွေက ပိုအရေးကြီးပါတယ်။

Design အခြေခံကို IDS မှာ ခိုင်ခိုင်မာမာ တည်ဆောက်ပြီး Software တွေကို သီးသန့် ဆက်လက်လေ့ကျင့်သွားမယ်ဆိုရင် ပိုမိုထိရောက်တဲ့ သင်ယူမှုနဲ့ ပိုမိုကောင်းမွန်တဲ့ Career လမ်းကြောင်းကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

နောက် Post မှာတော့ ...

"𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 တစ်ယောက်အတွက် ဘယ် 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 တွေကို လေ့လာသင့်လဲ?" ဆိုတာကို မျှဝေပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးပါဦး 😊




မျဉ်းတစ်ကြောင်းရဲ့ နောက်ကွယ်က တန်ဖိုးကို သိပါသလား?"𝗗𝗲𝘀𝗶𝗴𝗻 𝗙𝗲𝗲 က 𝗗𝗿𝗮𝘄𝗶𝗻𝗴 စာရွက်အတွက် ပေးတာပဲလေ ... ... ..."ဒီလို အမြင်မျိ...
21/07/2026

မျဉ်းတစ်ကြောင်းရဲ့ နောက်ကွယ်က တန်ဖိုးကို သိပါသလား?

"𝗗𝗲𝘀𝗶𝗴𝗻 𝗙𝗲𝗲 က 𝗗𝗿𝗮𝘄𝗶𝗻𝗴 စာရွက်အတွက် ပေးတာပဲလေ ... ... ..."

ဒီလို အမြင်မျိုးကို 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 တော်တော်များများ ကြားဖူးကြမှာပါ။

တကယ်တော့ ..... 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 တစ်ယောက်ရဲ့ အလုပ်က 𝗗𝗿𝗮𝘄𝗶𝗻𝗴 ဆွဲပေးတာတစ်ခုတည်း မဟုတ်ပါဘူး။

မျဉ်းတစ်ကြောင်းချင်းစီရဲ့ နောက်ကွယ်မှာ အချိန်အများကြီးပေးပြီး လေ့လာသင်ယူထားတဲ့ ပညာရပ်၊ လက်တွေ့ အတွေ့အကြုံ၊ တာဝန်ယူမှုနဲ့ ပြဿနာဖြေရှင်းနိုင်တဲ့ အတွေးအခေါ်တွေ ပါဝင်နေပါတယ်။

ဒါပေမယ့် 𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿 အများစု ကြုံရတတ်တဲ့ အဖြစ်အပျက်တွေကတော့ ...

▪️ Design ပြီးသွားပေမယ့် နောက်ဆုံး Fee ကို မပေးဘဲ ရပ်သွားတာ။

▪️ "Project မလုပ်ဖြစ်တော့ဘူး" ဆိုပြီး လုပ်ပြီးသား Design အတွက် အခကြေးငွေ မပေးတော့တာ။

▪️Design Service ကို Professional Service တစ်ခုအဖြစ် မမြင်ဘဲ "Drawing ပဲလေ" လို့ ထင်ပြီး တန်ဖိုးလျှော့တွက်တာ။

တကယ်တော့ 𝗗𝗲𝘀𝗶𝗴𝗻 𝗙𝗲𝗲 ဆိုတာ 𝗗𝗿𝗮𝘄𝗶𝗻𝗴 အတွက် ပေးတာ မဟုတ်ပါဘူး။

Client ရဲ့ အချိန်၊ ငွေကြေးနဲ့ နောင်တရစရာ အမှားအယွင်းတွေကို လျှော့ချနိုင်ဖို့ ကြိုတင်စဉ်းစားပြီး ဖြေရှင်းပေးထားတဲ့ 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲, 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 နဲ့ 𝗣𝗹𝗮𝗻𝗻𝗶𝗻𝗴 အတွက် ပေးဆောင်ရတာ ဖြစ်ပါတယ်။

အိမ်တစ်လုံး၊ ရုံးခန်းတစ်ခု၊ ဆိုင်တစ်ဆိုင် ဆောက်လုပ်တာဟာ နှစ်ပေါင်းများစွာ အသုံးပြုရမယ့် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။

အစကတည်းက စနစ်တကျ Design လုပ်ထားရင် ဆောက်လုပ်နေစဉ် ပြန်ပြင်ရတဲ့ ကုန်ကျစရိတ်တွေ၊ နောင်တရစရာ အမှားတွေကို များစွာ လျှော့ချနိုင်ပါတယ်။

Designer၊ Engineer၊ Contractor နဲ့ Client... ဘယ်သူမဆို ကိုယ့်ကဏ္ဍမှာ Professional တစ်ယောက်ချင်းစီ ဖြစ်ပါတယ်။

တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ ယဉ်ကျေးမှု ပိုများလာမယ်ဆိုရင် ပိုကောင်းတဲ့ Project တွေ၊ ပိုကောင်းတဲ့ Quality တွေ ထွက်ပေါ်လာမှာ သေချာပါတယ်။

Designer, Engineer တွေ အနေနဲ့ ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံတွေကို Comment မှာ မျှဝေပေးခဲ့ပါဦး။ အတွေ့အကြုံ နဲ့ အမြင်အမျိုးမျိုးကို ဖလှယ်ကြရအောင်။



18/07/2026

Ids_design school မှာ ဘယ်လိုလူတွေ သင်တန်းလာတက်ကြလဲ?

သင်တန်းအပ်ဖို့ စုံစမ်းတဲ့သူတော်တော်များများက မေးလေ့ရှိပါတယ်။

"ဒီသင်တန်းက ကျောင်းသားတွေပဲ တက်တာလား?" "အလုပ်လုပ်နေတဲ့သူ တက်လို့ရလား?"

မဇင်တို့ရဲ့ အဖြေကတော့...

IDS မှာ လာတက်တဲ့သူတွေဟာ အသက်အရွယ်၊ အလုပ်အကိုင်၊ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ လာကြတာပါ။

၁၀ နှစ်နီးပါး သင်ကြားလာတဲ့ အတွေ့အကြုံအရ ကြည့်မယ်ဆိုရင် အဓိကအားဖြင့် အုပ်စု (၄) မျိုးကို တွေ့ရပါတယ်။

(၁) လုပ်ငန်းခွင်ရောက်နေသူများ

ဒီအုပ်စုက IDS ရဲ့ သင်တန်းသားအများစု ဖြစ်ပါတယ်။

သူတို့ထဲမှာ...

• Civil Engineer, Electrical Engineer, Architect စတဲ့ နယ်ပယ်အသီးသီးက Professionals တွေ ရှိတယ်။

• Visualizer အဖြစ် လုပ်ကိုင်နေသူတွေ ရှိတယ်။

• Construction နဲ့ Decoration ကိုယ်ပိုင်လုပ်ငန်း လုပ်နေသူတွေ ရှိတယ်။

• Signboard လုပ်ငန်း၊ သင်ကြားရေးလုပ်ငန်း စတဲ့ မတူညီတဲ့ နယ်ပယ်က လူတွေလည်း ပါပါတယ်။

ဒီလို လုပ်ငန်းခွင်ရောက်ပြီးသားသူတွေကတော့ အလုပ်လိုအပ်ချက်ကြောင့်ဖြစ်စေ၊ 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 ကို ပိုစိတ်ဝင်စားလာလို့ဖြစ်စေ လာရောက်လေ့လာကြတာ များပါတယ်။

Theory တွေ သင်ပေးတဲ့အခါလည်း လက်တွေ့အတွေ့အကြုံနဲ့ ချိတ်ဆက်ပြီး ပိုမြင်၊ ပိုနားလည်ကြတာကို တွေ့ရပါတယ်။

ဒါပေမယ့် အလုပ်တစ်ဖက်နဲ့ သင်တန်းတက်ရတာ မလွယ်တဲ့အတွက် "တစ်နှစ်ကို စိတ်ရှည်ရှည်နဲ့ ပြီးအောင်တက်ပါ" လို့ အမြဲအားပေးရပါတယ်။

(၂) ကျောင်းသား၊ ကျောင်းသူများ

ဒီအုပ်စုမှာ Architecture နဲ့ Engineering ကျောင်းသားတွေသာမက အခြားမေဂျာက ကျောင်းသား၊ ကျောင်းသူတွေလည်း ပါပါတယ်။

GED, IGCSE, HND ပြီးထားတဲ့သူတွေ၊ တချို့ဆိုရင် ကိုယ့်ရဲ့ ပင်မကျောင်းတက်ရင်း IDS ကို တွဲတက်တဲ့သူတွေလည်း ရှိပါတယ်။

ဒီလို ကျောင်းတက်နေရင်း လာတက်မယ့်သူတွေကိုတော့ စာမေးပွဲအချိန်နဲ့ တိုက်မိနေတယ်ဆိုရင် အရင်စဉ်းစားစေချင်ပါတယ်။

တကယ်ပဲ တွဲတက်ချင်တယ်ဆိုရင်တော့ ပင်မကျောင်းရဲ့ စာမေးပွဲကို ဦးစားပေးပြီး အချိန်ကို စနစ်တကျ စီမံဖို့ အမြဲ အကြံပေးပါတယ်။

(၃) 𝗖𝗮𝗿𝗲𝗲𝗿 𝗖𝗵𝗮𝗻𝗴𝗲 လုပ်ချင်သူများ

တချို့က အလုပ်တစ်ခု လုပ်နေရင်း 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 ကို စိတ်ဝင်စားလာလို့ လာတက်ကြတယ်။

တချို့က Career အသစ်တစ်ခု တည်ဆောက်ချင်လို့ လာကြတယ်။

တချို့က နိုင်ငံခြားမှာ အလုပ်အကိုင် အခွင့်အလမ်း ပိုရမယ်လို့ မျှော်လင့်ပြီး လာလေ့လာကြတယ်။

သူတို့ကိုတော့ အချိန်ပိုပေးဖို့၊ ပိုကြိုးစားဖို့နဲ့ စိတ်ရှည်ဖို့ အမြဲပြောရပါတယ်။ Career ပြောင်းတယ်ဆိုတာ လွယ်တဲ့ခရီး မဟုတ်ပေမယ့် မှန်ကန်တဲ့ ပြင်ဆင်မှုနဲ့ ဖြစ်နိုင်ပါတယ်။

(၄) နိုင်ငံခြားမှာ ကျောင်းဆက်တက်မယ့်သူများ

ဒီအုပ်စုကတော့ များသောအားဖြင့် အခြေခံကောင်းကောင်း ရချင်လို့၊ 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 ပြင်ဆင်ချင်လို့ လာတက်ကြတာပါ။

အချိန်ကန့်သတ်ထားတဲ့အတွက် ရှိတဲ့အချိန်အတွင်း 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 အတွက် အကောင်းဆုံး ကြိုးစားဖို့ တိုက်တွန်းရပါတယ်။

ဒါတွေအပြင်...

ကလေးပြုစုနေရလို့ အလုပ်နားထားပြီး အခုမှ အလုပ်ပြန်ဝင်ချင်တဲ့သူတွေ၊ ကိုယ့်ရဲ့ ဝါသနာကို အခုမှ အကောင်အထည်ဖော်ချင်တဲ့သူတွေလည်း ရှိပါတယ်။

ဒါကြောင့် Ids_design school မှာ တွေ့ရတဲ့ သင်တန်းသားတွေဟာ...

အသက်အရွယ် မတူဘူး။ အလုပ်အကိုင် မတူဘူး။ အတွေ့အကြုံ မတူဘူး။ ရည်ရွယ်ချက် မတူဘူး။

ဒါပေမယ့်...

မဇင်တို့မှာ အုပ်စုအလိုက် အတန်းခွဲသင်ပေးနိုင်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။

အတန်းချိန်က ညနေပိုင်းသာရှိပြီး၊ တန်းခွဲ (၂) တန်းထက် ပိုမဖွင့်နိုင်ပါဘူး။

စာသင်တာအပြင် သင်ခန်းစာတွေ ပြင်ဆင်ရတာ၊ ပြန်လေ့လာရတာ၊ သင်တန်းသားတွေအတွက် ပိုနားလည်လွယ်အောင် အမြဲကြိုးစားရတာတွေကြောင့် အရေအတွက်ထက် အရည်အသွေးကိုပဲ ဦးစားပေးထားပါတယ်။

ဒါကြောင့် သင်တန်းသားအားလုံးကို တစ်ပြေးညီ သင်ကြားပေးရပါတယ်။

အထူးသဖြင့် လုပ်ငန်းခွင်က အတွေ့အကြုံရှိတဲ့သူတွေအနေနဲ့ လူငယ်ကျောင်းသားတွေကို နားလည်ပေးဖို့၊ လူငယ်တွေကလည်း အတွေ့အကြုံရှိတဲ့ Senior တွေဆီကနေ သင်ယူဖို့ အမြဲတိုက်တွန်းပါတယ်။

မဇင်တို့ ယုံကြည်တာက...

စာသင်ခန်းတစ်ခန်းဟာ ဆရာကပဲ သင်ပေးတဲ့နေရာ မဟုတ်ပါဘူး။ တစ်ယောက်ဆီက တစ်ယောက် သင်ယူနိုင်တဲ့ 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 တစ်ခု ဖြစ်သင့်ပါတယ်။

ဒါပေမယ့်...

သင်တန်းမစခင် အမေးအများဆုံး မေးခွန်းတစ်ခုတော့ အမြဲရှိပါတယ်။

"IDS မှာ AutoCAD, SketchUp, Revit, 3ds Max, Photoshop တွေ သင်ပေးလား?"

ဒီမေးခွန်းရဲ့ အဖြေကိုတော့ နောက် Post မှာ မဇင်တို့ရဲ့ သင်ကြားရေး Philosophy နဲ့အတူ အသေးစိတ် မျှဝေပေးပါမယ်။




14/07/2026

"𝗗𝗲𝘀𝗶𝗴𝗻 ဆွဲဖို့ မလိုပါဘူး..."

ဒါပေမယ် .....

"𝗗𝗲𝘀𝗶𝗴𝗻 က ဈေးကြီးလား?"
ဒါမှမဟုတ်...
"𝗗𝗲𝘀𝗶𝗴𝗻 မရှိလို့ နောက်မှ ပြန်ပြင်ရတဲ့ ကုန်ကျစရိတ်က ပိုကြီးလား?"
ဒီမေးခွန်းကို ကိုယ်တိုင် စဉ်းစားကြည့်စေချင်ပါတယ်။



11/07/2026

သင်ကြားပေးနေသူတစ်ဦးအနေနဲ့ သင်တန်းသားတွေရဲ့ အောင်မြင်မှုတိုင်းက မဇင်အတွက်လည်း ဂုဏ်ယူဝမ်းသာရတဲ့ အောင်မြင်မှုတစ်ခုပါ 😊

တစ်နှစ်ကျော် အတူတကွ ကြိုးစားသင်ယူခဲ့ကြပြီးတဲ့နောက် ဒီလို ရလဒ်ကောင်းတွေကို မြင်တွေ့ရတာ အလွန်ပီတိဖြစ်ရပါတယ် 🥰

အခုဆိုရင် Ids_design school ရဲ့ သင်တန်းသားတွေထဲက အများအပြားဟာ စင်ကာပူမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိပြီး ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နေကြပါပြီ 🏆

ဒီထက်ပိုပြီး အောင်မြင်မှုတွေ ရရှိနိုင်ဖို့ ဆက်လက်ကြိုးစားကြပါဦး ကလေးတို့ ❤️

𝗜𝗗𝗦 𝗗𝗲𝘀𝗶𝗴𝗻 𝗦𝗰𝗵𝗼𝗼𝗹 က ဆရာ၊ ဆရာမများ အားလုံးကလည်း အမြဲအားပေးပြီး ဂုဏ်ယူနေမှာပါ ❤️😊




07/07/2026

"အိမ်ဆောက်ရင် ဘယ်လောက်ကုန်မလဲ?"

Design and Design Management _ Leo Creation Design


Address

Singapore

Opening Hours

Monday 09:00 - 05:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Zin Min Aye posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share