Yooniverse

Yooniverse In this Yooniverse ✨ you will see about the daily life style of an asian living in New Zealand, 🎨art and painting vlogs ✨And some tips about your careers.

All you need to do is "like and follow" this Yooniverse and just jump in🚀🚀

ကျွန်မတို့နဲ့ New Zealand----------------------Chancenkarte အတွက်အသဲအသန် စာတွေလုပ်နေတုန်းCanada က Email ကိုလဲမျှော်ရင်းတ...
19/02/2026

ကျွန်မတို့နဲ့ New Zealand
----------------------
Chancenkarte အတွက်အသဲအသန် စာတွေလုပ်နေတုန်း
Canada က Email ကိုလဲမျှော်ရင်း
တစ်ရက်ကျတော့အိမ်ဦးနတ်က...
"NZ visa approved ဖြစ်ပြီတဲ့"

ဟယ်...ဆိုင်းမဆင့်ဘုံမဆင့်😬
အဲ့တော့မှ Nz ကဘယ်နားကလဲ G earthသွားကြည့်ရတယ်😂
NZ ဆိုကိုသိခဲ့တာက နို့တွေကောင်းတယ်ဆိုပြီးပဲသိခဲ့တာရယ်😂

ပြီးတော့ Fb ထဲလိုက်မွှေ တော့
❗️NZ က ကျောင်းလခစျေးကြီးတယ် 🥲
❗️အလုပ်အကိုင်တွေတအားရှားတာ...Kiwiတွေတောင် Australia ပြောင်းကုန်ကြပြီ🥲
❗️ကုန်စျေးနှုန်းတွေ အိမ်လခတွေစျေးအရမ်းကြီး🥲
❗️Public transportလဲ Sgလိုမကောင်းဖူး🥲......
အဲ့လိုမျိုးတွေတွေ့ရတော့
ဟယ် ဘယ်လိုနိုင်ငံကြီးလဲပေါ့🥺
စျေးတွေမတရးကြီးပြီး အလုပ်ကျရှားတော့ ကိုယ်တွေဘယ်လို နေရမလဲ
အလုပ်မရှိရင် PRလမ်းကြောင်းလဲမလွယ်ဖူး
ကားလဲမမောင်းတတ်သေးဖူး..
ဆိုပြီး D တွေဝင်လာရော
ကို့အသိတွေကလဲ US တို့ Canada တို့မှာဆိုတော့
ဘယ်သူမှလဲမေးမရ🥲

ဒါနဲ့ Deep digလုပ်ကြည့်တော့ NZ-Myanmar gp တွေထဲမယ်
NZရောက်နှင့်နေတဲ့
Sg ကလူတွေအများရှိရှိနေတာတွေ့လိုက်ရတယ်
Sharingလေးတွေလဲရေးထားပေးကြတော့
သူတို့အကောင့်လေးတွေဝင်ကြည့်
Postလေးတွေဝင်ဖတ်နဲ့
ဟယ်..အဲ့လောက်လဲမဆိုးသေးပါဖူးပေါ့😌
Gpထဲက အကိုတွေအမတွေ Share ထားပေးလို့သူတိူ့ကျေးဇူးနဲ့အချိန်တိုလေးအတွင်းအကြောင်းအရာအများကြီးသိခဲ့ရတယ်
ကျေးဇူးတကယ်တင်ပါတယ်နော်🧡🙏

ဘာပဲဖြစ်ဖြစ် စင်ကာပူမှာကလဲ အလုပ်မရှိတာနဲ့နေထိုင်ခွင့်ပါပြုတ်မှာလေ🌚
ပြီးတော့ PR ကလဲ အတော့်ကိုခက်နေတာ

❌US ကလဲတစ်ခါ Jetထားတယ် ခုအနေထားကတော့လုံးဝကိုအခွင့်ရေးမရှိတော့ဖူး
❌Canada ကလဲ အခုနောက်ပိုင်းတအားပြန်ကြပ်လာပြီ
❌Opportunity card နဲ့လာမဲ့ကိုယ့်အတွက် Germany ရဲ့အဓိက အတားအဆီးကလဲ Language မို့

✅Language အတားအဆီးမရှိတဲ့နိုင်ငံ
✅စင်ကာပူနဲ့နေထိုင်စရိတ်သိပ်မကွာတဲ့နိုင်ငံ
✅PR လမ်းကြောင်းအတိုဆုံးနိုင်ငံ
✅လူမျိုးရေးမခွဲခြားတဲ့နိုင်ငံ
NZ ကိုပဲသွားကြတာပေါ့ဆိုပြီး
ဆုံးဖြတ်လိုက်ကြတယ်😃

(အကောင်းရှိသလိုအဆိုးလဲဒွန်တွဲနေတာမို့..
ကိုယ်လက်ခံနိုင်တဲ့အခြေနေကြောင့်ရွေးချယ်ခဲ့တာပါ..
တယောက်ချင်းစီနဲ့အမြင်နဲ့ရွေးချယ်မှုမတူနိုင်ပါဖူး✌️)

ဒါပေမဲ့စိတ်ပူစရာရှိသေးတာက
Income🙄
ဟိုရောက်ရောက်ချင်းလဲ Part time တွေယွန်းမလုပ်နိုင်ဖူးသေချာတယ်
ကျန်းမာရေးအရရော လူကStrong Enoughမဖြစ်တာရော..
အိမ်ဦးနတ်က တော့ ..Freelance job တွေ Remote တွေပေါနေတာကို ဘာလို့ Part time တွေလုပ်နေမှာလဲတဲ့...
အဲ့ဒါနဲ့ သူ့Boss ကိုယ့် Boss ပြန်မေးရင်း
Remote Work တွေရခဲ့တယ်..

ဒီလိုနဲ့ကျယ်မတို့နှစ်ယောက်
အသိုက်ပြောင်းလာဖြစ်ကြသည်ပေါ့ရှင်😅

နောက် Postတွေကျမှ
NZ နဲ့ပတ်သက်လို့
အချိန်ရ ပေးပြီး Sharingလေးတွေရေးပေးသွားပါအုန်းမယ်ရှင်
Epsiode လေးတွကိုစိတ်ရှည်ရှည်နဲ့အဆုံးထိဖတ်ပေးလို့ကျေးဇူးပါနော်🤓

゚viralシfypシ゚

ကျွန်မတို့နဲ့ Germany--------------------Canada visa Third round  တင်ထားတုန်းအငြိမ်မနေနိုင်တဲ့ကိုယ်ကEurope ဖက်ဆိုရင်ရောဆ...
19/02/2026

ကျွန်မတို့နဲ့ Germany
--------------------
Canada visa Third round တင်ထားတုန်း
အငြိမ်မနေနိုင်တဲ့ကိုယ်က
Europe ဖက်ဆိုရင်ရောဆိုတဲ့အတွေးနဲ့ Europe ဖက်နိုင်ငံတွေကိုရှာကြည့်ပါတော့တယ်🌍

EU ကတစ်နိုင်ငံမှာနေခွင့်ရရင် Eurpoe တခွင်ရထားပတ်စီးလို့ရပြီဆိုတဲ့ Motiနဲ့🤓

Czech, Netherlands , Germany, Poland
EU ထဲတွေ့သမျှ Gpတွေထဲဝင်စာတွေဖတ် ...
Blogတွေဖတ် ...
ဘယ်နိုင်ငံက အချိန် ..ငွေ ...အခွင့်ရေး ပိုသာလဲ !
အားသာချက် ..အားနဲချက်...
အကုန်ယှဥ်ပြီး သကာလ
Germany ကိုရွေးလိုက်ပါတယ်✌️

Germany ကအခုနောက်ပိုင်း Foreign Worker တွေအတွက်အခွင့်ရေးတွေပေးနေပါတယ်. ကျောင်းပြီးလို့အလုပ်အကိုင်အခွင့်လမ်းအတွက်လဲ ဖြေလျော့ပေးနေတယ် ...
နောက်ပြီး Professional တွေအတွက် ✅Chancenkarte လို့ခေါ်တဲ့ အလုပ်ရှာဖို့ 1Yr visa ကို လိုအပ်ချက်သိပ်မများပဲခေါ်နေတယ်ဆိုတဲ့ အချက်ကြောင့်
Opportunity card လမ်းကြောင်းနဲ့သွားဖို့ရွေးလိုက်ပါတယ်
လိုအပ်တဲ့ 6Points ကလဲကိုယ့်အတွက်အလွယ်တကူပဲမို့လို့ပါ

❗️Germanyအတွက်အဓိကအတားဆီးတစ်ခုက Language ပါ
IELTS နဲ့ရတယ်ဆိုပေမဲ့ တကယ်အလုပ်ရှာမဲ့သူအတွက်ကအနဲဆုံး B1မှအဆင်ပြေမှာပါ
ဒါပေမဲ့အခုနောက်ပိုင်း B2တိုးခေါ်နေတယ်ကြားပါတယ်

➡️German က ခက်တယ်လို့ပြောကြပေမဲ့
အချိန်ပေးပြီးလေ့လာခဲ့တာမို့ ဘာသာစကားအသစ်သင်ရတာပျော်ဖို့ကောင်းလာခဲ့ပါတယ်

သူ့ Grammar တွေကရှုပ်တယ်ဆိုပေမဲ့ သပ်သပ်စီခွဲခွဲမှတ်တတ်ရင် လွယ်ပါတယ်
(A2အထိပဲလေ့လာခဲ့တာမို့ လွယ်တာလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်😅)

Ps.. German ကိုလေ့လာနေတယ်ဆိုရင်
A2 Level ထိ
Meaning တွေ Grammar တွေစုထားတာတွေရှိပါသေးတယ်...လိုတယ်ဆို CB လာတောင်းလို့ရပါတယ်နော်✌️

အဲ့လိုနဲ့
German သင်တန်းတွေတက်
စာတွေကျက်...
Germanyရောက်နေတဲ့အသိ ညမလေးမောင်လေးတွေကိုလဲ အချိန်ရတိုင်းသွားသွားမေးရတာအမော😅
Anabin မှာတင်ဖို့ ZAB လို့ခေါ်တဲ့ Education equivalent လုပ်ဖို့အတွက် ဌာနမှူး တွေမော်ကွန်းထိန်းဆရာတွေ ဆရာမတွေဆီအပူကပ်ရပြန်ရော😬

အရေးထဲ Wedding တွေရဲ့ Appointment တွေရှိသေးတော့
Visa Approve များဖြစ်ခဲ့ရင် လက်ခံထားတဲ့ပွဲတွေဖျက်ရဖို့စဥ်းစားထားရသေးတယ်
(အဲ့တုန်းက Wedding တွေမှာ Live Painting ပန်းချီလိုက်ဆွဲပေးတာပါ)

ယောကျာ်းကတော့အသံထွက်လာပြီ
" Google earth ကြည့်ပြီး ဟိုနိုင်ငံလက်ညှိုးထိုး ဒီနိုင်ငံလက်ညှိုးထိုးနဲ့ ပူဆာနေတော့တာပဲ" တဲ့🤣

------
Eposide 4 ကိုနောက်ထပ်Postလေးတခုအနေနဲ့ဆက်ဖတ်ပေးပါ ေနာ်🥰



ကျွန်မတို့နဲ့ Canada-----------------တနေ့ သူငယ်ချင်းတယောက်နဲ့Wedding လိုက်သွားရင်းကျောင်းနေဖက်သူငယ်ချင်းစုံတွဲနဲ့တွေ့ဖြစ...
18/02/2026

ကျွန်မတို့နဲ့ Canada
-----------------
တနေ့ သူငယ်ချင်းတယောက်နဲ့Wedding လိုက်သွားရင်း
ကျောင်းနေဖက်သူငယ်ချင်းစုံတွဲနဲ့တွေ့ဖြစ်ကြတယ်
"ငါတို့ Canada သွားတော့မှာ..ငါအရင်ကျောင်းနဲ့သွားမယ်
ပြီးမှသူက SOWP နဲ့လိုက်မယ်" တဲ့

ဟယ် ဟုတ်လား.. PR အခြေနေရောဘယ်လိုလဲ
Visa ကရော ခက်လား
ကျောင်းလခတွေဘယ်လောက်ရှိလဲ

ကျယ်မ စပ်စုပါလေရော😅
သူငယ်ချင်းက အစဆုံး Detailသေချာရှင်းပြတယ်
အဲ့ဒီမှာ US ထက် Camada ကခုချိန်ပိုလွယ်တာရယ်
ကျောင်း ပြီး တာနဲ့ PGWP 2နှစ်ရပြီး
အဲ့မှာအလုပ်ရ ရင် PR Stream ထဲဝင်ပြီး PR လွယ်ကြောင်းရယ်
တခြား US ထက်သာတဲ့အချက်တွေအများကြီးသိခဲ့ရတယ်..

ဘယ်လိုပဲတွက်ကြည့်ကြည့် US က Green cardရဖို့လမ်းကြောင်းထက် Canada PR ရဖို့ကပိုလွယ် ပိုမြန်နေတော့ ...ယောကျာ်းကိုလက်တို့ပြန်ရော😅😅

ယောကျာ်းကလဲ "Tryကြည့်ကြတာပေါ့
ဒီတိုင်းနေတာ ထက်စာရင် တခုခုလုပ်လိုက်တာ ကို့အတွက်အခွင်းရေးရှိနိုင်တာပဲ" တဲ့

အဲ့မှာ
ကျောင်းလျောက်ဖို့စပြင်ရရော
လိုတဲ့ Certificate တွေ Docတွေ Bank statement တွေအစုံနဲ့ သူငယ်ချင်းတက်တဲ့ Fanshawe မှာ Post Graduate လျောက်တာ တန်းရသွားပါရော🤩

ဖြစ်ချင်တော့ Visa လျောက်တဲ့အခါ Canada က စကြပ်သွားတယ်
သူငယ်ချင်းတို့အသုတ်ထိ အဆင်ချောနေတာ
ကိုယ့်အလှည့်ကျမှ Bank statement နှစ်ဆလောက်ထ တက်သွားတယ် တခြားအ ချက်လေးတွေလဲနဲနဲစ ကြပ်လာတယ်
Show money အတွက် ထပ်စုကြရတာပေါ့

First time visa reject❌
Reason က အတိုချုပ်ရ ရင်
-ပိုက်ဆံမလောက်ဖူးဆိုတာရယ်
-အမိနိုင်ငံပြန်မှာမဟုတ်လောက်ဖူးဆိုတာရယ်

ဒါနဲ့Second time ကို Agent အကိုတယောက်နဲ့ထပ်တင်တယ်
-ပိုက်ဆံက လိုတာထက်ပိုပြထားတာဖြစ်ကြောင်း
ပိုင်ဆိုင်မှုတွေလဲAttached တွဲပြထားကြောင်း
သေချာပြန်ရှင်း
-ကျောင်းပြီးတာနဲ့အမိနိုင်ငံကိုပြန်မှာသေချာပါတယ်ဆိူတဲ့အကြောင်းပြချက်တွေတပုံကြီးရယ်
-တခြား သက်သေအထောက်အထားအများကြီးရယ်နဲ့ ထပ်တင်ကြတယ်

Second time visa လဲ Reject ❌🤓
Reason ကဘာလဲဆိုတော့
-Income က မခိုင်မာဖူးတဲ့ 🥴🥴🥴

အမှန်တော့ယွန်းတို့က Design ကို Sales အပိုင်းနဲ့လုပ်ကြတာပါ
Sales ဆိုတော့ Basic salary ကနဲတယ်
ဒါပေမဲ့ Pj ပြီးတိုင်း ရတဲ့ Profit က ကုမဏီနဲ့ကိုယ်နဲ့အချိုးကျအမြတ်ခွဲယူရတာမျိုးဆိုတော့
Yearly Income အနေနဲ့များပေမဲ့ လစာဝင်တဲ့လမ်းကြောင်းက
တချို့လတွေဆို 1500 ပဲရတာမို့ဖြစ်ပါလိမ့်မယ်

ပြီးတော့ ဟိုတခါ US ကလဲ Rejectထားတော့ အဲ့ဒါနဲ့လဲဆက်နွယ်မယ်ထင်ပါတယ်😬

အဲ့ဒါနဲ့ ကျောင်းကိုလဲ နောက် Semester ထပ်ရွှေ့ဖို့ပြောရ
အလုပ်အတွက်လဲကုမဏီနဲ့ညှိရ
လုပ်နိုင်တာတွေအကုန်ပြင်ဆင်ပြီး Third round အတွက် visa ထပ်တင်ပြန်ပါတယ်🤓🤓
တင်ပြီး Email replyစောင့်ရင်း အချိန် 4/5လလောက်ထပ်ကြာသွားတယ် Pending ဖြစ်တုန်းပဲ🤤
-----
Episode 3လေးမှာဆက်ဖတ်ပေးပါအုန်းနော်

အပေါင်းအသင်းအများကြီး လူအများကြီးနဲ့ မနေချင်တဲ့Adultတစ်ယောက်အနေနဲ့ပျော်ရွှင်စရာဆိုတာကလေးဘဝနဲ့စာရင်တော့အတော့်ကိုရှားတာပါက...
30/12/2025

အပေါင်းအသင်းအများကြီး လူအများကြီးနဲ့
မနေချင်တဲ့
Adultတစ်ယောက်အနေနဲ့
ပျော်ရွှင်စရာဆိုတာ
ကလေးဘဝနဲ့စာရင်တော့အတော့်ကိုရှားတာပါ

ကိုယ်မသိသေးတဲ့အကြောင်းအရာ ပညာရပ်အသစ်တစ်ခုသင်ယူတိုင်း အသစ်တစ်ခုပျော်ရတဲ့အရသာကိုတော့ ပျော်ရွှင်မှုလို့ခေါင်းစဥ်တပ်ထားပါတယ်

ပြီးတော့ Inner peace လား ရောင့်ရဲမှူလားမသိတဲ့
ဘဝကိုကျေကျေနပ်နပ်ပျော်ပျော်ရွှင်ရွှင်နေထိုင်ခြင်းကိုလဲကြိုက်တတ်လာတယ်

☕️မနက်အလုပ်စားပွဲထိုင်ခါနီးကော်ဖီလေးဖျော်သောက်တဲ့အခိုက်အတန့်မျိုး

🌭🍜Pantryထဲမှာ မုန့်တွေစားစရာတွေရှိနေတာမျိုး

📚အလုပ်Pressureမရှိပဲ ပုံမှန်ဝင်ငွေလေးရနေတာမျိုး

🌸🌼ပန်းနံ့လေးတွေ လေပြေနံ့လေးတွေ အမြဲရှုရှိုက်နေရတဲ့ပတ်ဝန်းကျင်မှာနေခွင့်ရနေတာမျိူး

👩‍👩‍👧‍👧👨‍👨‍👧‍👧 အပေါင်းသင်းတွေတရုံးရုံးနဲ့မဟုတ်ဖဲ
ကိုယ်တကယ်အရေးအကြောင်းဆို
ဘေးမှာအမြဲခံတပ်တွေလိုရှိနေပေးတဲ့
မိတ်ဆွေကောင်း လေးတွေရှိနေတာမျိုး

💜တစ်စိတ်ထဲ တကျင့်တဲ့ တူတဲ့ ဘဝလက်တွဲဖော်လေးနဲ့ အေးအတူပူအမျှရှိနေခွင့်ရတာမျိုး

ဘဝကြီးက အကောင်းအမြင်နဲ့သာတွေးကြည့်
ပျော်စရာတွေကြီးပဲ😇😇😇

ဒီစာကိုဖတ်ဖြစ်တဲ့သူတွေလဲ
ကိုယ့်ပတ်ဝန်းကျင်က
စိတ်တိုင်းမကျတာ.. မကျေနပ်တာ..အမုန်းအယဃာတတွေထားတာ...အမြင်မကြည်တာ တွေကို
ခနတံခါးပိတ်ပြီး...

ကိုယ့်မှာရှိနေတဲ့ အကောင်းလေးတွေပဲ တွေးပြီး
2026ကို ...စိတ်သစ်လူသစ်
ပျော်စရာအသစ်လေးတွေနဲ့စနိုင်ဖို့
Yooniverse မှဆုတောင်းပေးလိုက်ပါတယ်ရှင်😇

လမ်းထိပ်ထွက်တာနဲ့ ဘုရားရောက်တဲ့ ကိုယ့်နိုင်ငံမှာတုန်းကရွှေတိဂုံကိုတောင်အတူတူမသွားဖူးခဲ့ဖူးတခါမှ🥺ခုတော့ ဘုန်းကြီးကျောင်းမ...
21/12/2025

လမ်းထိပ်ထွက်တာနဲ့ ဘုရားရောက်တဲ့
ကိုယ့်နိုင်ငံမှာတုန်းက
ရွှေတိဂုံကိုတောင်အတူတူမသွားဖူးခဲ့ဖူးတခါမှ🥺

ခုတော့ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတွေဦးချဖို့
စေတီနဲ့ဘုရားကိုမြင်ရဖို့
တစ်နာရီလောက်သွားလိုက်ရတယ်🙏🙏🙏

သံဃာတွေရယ် စေတီရယ်အပြင်
ထန်းပင်လေးတွေကိုပါမြင်တော့ အလွမ်းပြေရပါတယ်💙💙💙

မနက်ဆို နေရောင်လေးက အခန်းထဲဝင်ပြီးရေငွေ့လေးတွေရိုက်နေတဲ့ မှန်လေးနဲ့😇😇Life is so sweet ❄️❄️❄️❄️
09/12/2025

မနက်ဆို နေရောင်လေးက အခန်းထဲဝင်ပြီး
ရေငွေ့လေးတွေရိုက်နေတဲ့ မှန်လေးနဲ့😇😇

Life is so sweet ❄️❄️❄️❄️

Air New zealand နဲ့ SG to NZ အမှတ်တရ ပုံလေးတွေအတူတူမျှဝေပါရစေနော်🇳🇿✈️🌼🌼Window seat ကိုရအောင်ဝယ်ပါနော်Sunrise ရော Sunsetရ...
01/12/2025

Air New zealand နဲ့
SG to NZ အမှတ်တရ ပုံလေးတွေအတူတူမျှဝေပါရစေနော်🇳🇿✈️
🌼🌼Window seat ကိုရအောင်ဝယ်ပါနော်
Sunrise ရော Sunsetရော ပါကြည့်လို့ရတော့အရမ်းတန်🤩
Night flight ရွေးမိတာလဲမှန်သွားတယ် လူကိုပိုသက်သာစေတယ်

28/11/2025

ဒီ background music နဲ့တင်ချင်တာ တအားလက်ယားနေရော🤣
ခုတော့ Finally တင်နိုင်ပြီ🤣

Kia Ora☘️☘️☘️☘️ကျွန်းသေးသေးလေးကနေ ကျွန်းကြီးကြီးဆီသို့✈️✈️အပူပိုင်းဒေသကSafeအဖြစ်ဆုံးကျွန်းလေးကိုတော့လွမ်းနေရတော့မှာပဲ💝ယွ...
27/11/2025

Kia Ora☘️☘️☘️☘️
ကျွန်းသေးသေးလေးကနေ ကျွန်းကြီးကြီးဆီသို့✈️✈️

အပူပိုင်းဒေသကSafeအဖြစ်ဆုံးကျွန်းလေးကိုတော့လွမ်းနေရတော့မှာပဲ💝

ယွန်းရဲ့ New chapter ကdaily life လေးတွေလဲကြိုးစားပြီးပုံမှန်တင်ပေးပါမယ်နော်
Love you all💝💝💝

တချို့သူတွေကလေ သူများကို ထိုးထိုးနှက်နှက်လေးပြောလိုက်ရမှ နေသာထိုင်သာရှိတာမျိုး....တခြားဘာမှလုပ်ခွင့်မရှိတာတောင်သူတစ်ဖက်သ...
05/11/2025

တချို့သူတွေကလေ သူများကို
ထိုးထိုးနှက်နှက်လေးပြောလိုက်ရမှ
နေသာထိုင်သာရှိတာမျိုး....

တခြားဘာမှလုပ်ခွင့်မရှိတာတောင်
သူတစ်ဖက်သားထိခိုက်အောင်
အနဲဆုံးသူ့အပြော သူ့စကားတစ်ခုကြောင့်
နစ်နာစေဟဲ့..
စိတ်အနှောင့်အယှက်ဖြစ်စေဟဲ့...ဆိုပြီး
စိတ်စေတနာနဲ့ကိုပြောကြတာနော်
တကယ်အံ့သြဖို့ကောင်းတယ်
ဘယ်လိုလူတွေလဲကိုမသိဖူး

အဲ့လိုလူတွေကြည့်လိုက်
သူတို့ဘဝလဲဘယ်တုန်းကမှ မသာယာခဲ့သလို
ဘယ်တော့မှလဲပြောင်ပြောင်ယောင်ယောင်မရှိကြဖူး

သူတို့နေရတဲ့ဘဝကြီးကိုလဲ
သူတို့ကိုယ်တိုင်စိတ်ပျက်နေသလို
သူများမိသားစု သာယာပျော်ရွှင်နေရင်လဲ
တစ်စက်ကလေးမှမနာလိုကြဖူး
မရှုစိမ့်ကြဖူး..

အဲ့လိုစိတ်ကြောင့်ပဲ သူတို့က
သူတို့နဲ့တန်တဲ့ဘဝမှာ နေနေကြရတာ.
အမြဲတမ်း မကောင်းတဲ့ဖက်က စ, မြင်တယ်
မကောင်းတဲ့ဖက်က စ,တွေးတယ်
သူများတွေရဲ့ ကြိုးစားမှုတွေကိုလှောင်တယ်

အသီးပွင့်ဝေလာတာတွေ့ရင်.. ခဲ လေးနဲ့လှမ်းပေါက်လိုက်ရမှ..

တကယ့် အမှိုက်တွေ..
Sry အမှိုက်ကမှ Recycle ပြန်သုံးလို့ရသေးတယ်
သူတို့က ဘယ်နားမှသုံးမရ ..ထားမရတဲ့
ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့ အကောင်ကြီးတွေ
🌚🌚🌚

゚viralシfypシ゚viralシalシ

တစ်ခါက boss ရောက်လာပြီးယွန်းရေ ..ငါ့ကိုဒါလေးကူညီပေးပါအုန်းဆိုပြီးစာရွက်လေးတစ်ရွက်လာချပေးတယ်Schedule list လေး.." ငါ့အမေကမ...
27/10/2025

တစ်ခါက boss ရောက်လာပြီး
ယွန်းရေ ..ငါ့ကိုဒါလေးကူညီပေးပါအုန်းဆိုပြီး
စာရွက်လေးတစ်ရွက်လာချပေးတယ်

Schedule list လေး..

" ငါ့အမေကမြန်မာအကူလေးတစ်ယောက်ငှားထားတာ..အဲ့ဒါသူကရောက်စဆိုတော့
ငါတို့ပြောတာသိပ်နားမလည်ဖူး
သူ့အတွက်ဒီ Schedule လေးမြန်မာလိုပြန်ရိုက်ပေးပါနော်" တဲ့

ကိုယ်လဲ Okပါပေါ့
Excel ထဲဝင်ပြီးရိုက်မယ်အလုပ်..မျက်လုံးတောင်ပြူးသွားတယ်

မနက် 5နာရီကစတဲ့အလုပ် ည 11ခွဲမှ schedule ပိတ်တယ်..
မနက်နိုးလို့ ရေနွေးအိုးတည်ဖို့ကအစ
ညဖက်မီးပိတ်တဲ့အထိ
ကြားထဲ 15မိနစ်ကို နားချိန်မပေးတာ🥲

တနေ့စာမဟုတ်ဖူးနော်
တစ်ပတ်စာ..Schedule..
တစ်နေ့ 2ခါ တံမြက်စည်းလှဲတာကစလို့
တစ်ပတ် 2ခါ Deep cleaning..အလယ်
နေ့တိုင်းည2ချက်တီးတစ်ခါ အဖိုးကြီးဆေးထတိုက်ရတာအဆုံး...

ကြားထဲလဲသူ့ချွေးမအိမ်ကိုတစ်ပတ်3ခါသွားပေးရသေးတယ်🥴

Sunday ပိတ်ပေမဲ့
မနက်အစောကြီးတစ်ပိုင်းအရင်လုပ်သွားရသေးတာ
ညပြန်လာရင်လဲသူတို့မအိပ်ခင်ထိ လုပ်စရာရှိတာတွေဆက်လုပ်ပေးရသေး..

Monday to Saturday ကို
ကြားထဲ 15မိနစ်တောင်အနားမပေးထားတာနော် Schedule က
ထမင်းစားချိန်လဲ မိနစ်20ပဲ🥲

ဒါတောင်ကျွန်မBoss တို့ Family က
သဘောတအားကောင်းကြတာ
စလုံးတွေထဲသဘောကောင်းတဲ့လူတွေထဲပါတယ်..
အစားအစာတန်းတူကျွေးတယ်
အဝတ်အစားPad ကအစဝယ်ပေးတယ်
ကိုယ်ပိုင်အခန်းပေးတယ်..

Work load တွေကတကယ်မလွယ်ဖူး
တချို့အိမ်ရှင်တွေတို အစားအသောက်သေချာမကျွေးဖူး..အခန်းမပေးဖူး..ပိတ်ရက်သေချာမပေးဖူး

အဲ့ထက်ဆိုးကြတာ က
အနိုင်ကျင့်တာ..ကိုယ်ထိလက်ရောက်ပါတာမျိုးတွေအထိဖြစ်လာရော
အဲ့တော့ သူတို့လေးတွခမျာ
Agent ကလဲမျက်နှာလဲခဲပစ်..
MOM ကလဲထိထိရောက်ရောက်မကူညီနဲ့
မလုပ်သင့်တာတွေလုပ်မိကြရော..

စလုံးမှာအိမ်အကူလုပ်မယ်ဆို
အဓိက ကိုယ့်စိတ်ကိုယ်ခိုင်အောင် အရင်ပြင်ဆင်ထားသင့်ပါတယ်
မဟုတ်ရင် အိမ်ရှင်ဆိုးနဲ့တွေ့ရင်
နေ့တိုင်းကငရဲကျနေသလိုပါပဲ...
ပြေးဖို့လမ်းမရှိ..အသက်ရှူဖို့မရှိ....😞

#စလုံး ゚viralシfypシ゚

Address

560578
Singapore
560578

Telephone

+6585804261

Website

Alerts

Be the first to know and let us send you an email when Yooniverse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yooniverse:

Share