EIS Great things always begin from inside 🧘‍♀️

09/03/2026

ခုတလော Page လေး update မဖြစ်တာကြာလို့ Artist မမ ကလည်းမအားလို့ စာလေးဘဲ ရေးလိုက်ပါတယ်

လူတွေရဲ့ခံယူမှူတွေကြောင့် သုခ ဒုက္ခ တွေက ပိုပြီးထင်ရှားစေပါတယ်

ဥပမာ နေ့စဉ်ဘာဝမှာသုံးလေ့သုံးထရှိတဲ့ စကားလေးနဲ့ဘဲယှဉ် ကြည့်ကြပါစို့
“ကျေးဇူးရှိမှ ကျေးစွပ်တယ်” “စေတနာက ဝေဒနာဖြစ်ရတယ်” ဆိုတဲ့စကားတွေက ခံယူမှူကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်

လူ့သဘာဝအရလူတွေက တခုခုလုပ်ပေးပြီးရင် ကိုယ်လုပ်ပေးတာကို သူတပါးက အသိအမှတ်ပြုစေချင်တာ သူတပါးက ကိုယ်လုပ်ပေးထားတာဆိုပြီ ခံစားစေခြင်တဲ့ စိတ်က မသိစိတ်ကဖြစ်စေ သိစိတ်ကဖြစ်စေ ဖြစ်ပေါ်တတ်လေ့ရှိပါတယ် ဒါပေမဲ့ လူတွေ ရဲ့စိတ်အခြေအနေ မွေးဖွားကြီးပြင်းလာတဲ့ပေါ်မှာမူတည်ပြီး တပါးလူဘက်က လက်ခံတတ်မှူ တုန့်ပြန်မှူတွေဟာကိုယ့်ဘက်ကမျှော်လင့်ထားတာနဲ့မတူညီတတ် တဲ့အခါ ဒုက္ခဖြစ်ပေါ်လာပါတယ်
ဆင့်ကဲ့ဖြစ်စဉ်တမျိုးပါဘဲ

အဲ့ဒီဆင့်ကဲ့ဖြစ်စဉ်ထဲမှာအမှန်တကယ် ဒုက္ခကိုဖန်တီးနေတဲ့အရာက တပါးလူရဲ့ တုန့်ပြန်မှု မဟုတ်ပါဘူး ကိုယ်တိုင်ရဲ့ မျှော်လင့်ချက် နဲ့ ခံယူမှူ ပါဘဲ။

တကယ်တော့စေတနာဆိုတာပြန်လည်ရယူဖို့ မဟုတ်ဘဲလွတ်လပ်စွာ ပေးနိုင်တဲ့အချိန်မှာပဲ
စစ်မှန်လာတာဖြစ်ပါတယ်။
ပေးပြီးမှ မျှော်လင့်ချက် ထပ်ထည့်လိုက်တဲ့အချိန်
စေတနာက ကန့်သတ်ခံရပြီး အဲဒီကန့်သတ်မှုကပဲ
ကိုယ့်စိတ်ကို ပေးမိတဲ့ ဒုက္ခပါဘဲ။

လူတွေက ကိုယ်လို မခံစားကြပါဘူးကိုယ်လို မတွေးကြပါဘူးကိုယ့်ရဲ့ စေတနာကိုလည်း ကိုယ်မြင်သလို မမြင်နိုင်ကြပါဘူး။ အဲ့ဒါကို နားလည်လာတဲ့အချိန်မှာ မလုပ်ပေးတော့ဘူး ဆိုတာ မဟုတ်ဘဲ လုပ်ပေးပေမဲ့ မချည်နှောင်တော့ဘူး ဆိုတဲ့ လွတ်လပ်မှုကို ရလာပါတယ်။

အဲ့ဒီလွတ်လပ်မှုထဲမှာမှ သုခက ချမ်းသာရမှာဖြစ်သလို ဒုက္ခကတော့ ကိုယ်မဖိတ်ခေါ်တော့လို့
တဖြည်းဖြည်း ဝေးသွားပါလိမ့်မယ်။

အရာအားလုံးက ကိုယ့်စိတ်က ဖိတ်ခေါ်လိုက်လို့ ကိုယ်တိုင် ခံစားရတာဖြစ်ပါတယ်။

ဖြစ်ပျက်သမျှကို ဘာမှမဟုတ်ပါဘူး ၊ ငါထိန်းချုပ်လို့ မရပါဘူး၊ ငါနဲ့မဆိုင်ပါဘူး၊ ငါမပိုင်ပါဘူး ဆိုပြီး စိတ်ထဲမှာ အမြဲနှလုံးသွင်းထားနိုင်ဖို့ လိုပါတယ်။

အဲ့ဒီလို နှလုံးသွင်းနိုင်လာတဲ့အခါစိတ်က တဖြည်းဖြည်း ပေါ့ပါးလာပြီး ဖြစ်ပျက်လာတဲ့ အရာတွေအတွက် ထိခိုက်စရာ မလိုတော့ပါဘူး။

ဒါပေမဲ့ ဒီလို လွတ်လပ်နိုင်ဖို့ဆိုတာ အခြေခံအဖြစ်
မေတ္တာ ဆိုတဲ့ အရာကို စိတ်ထဲမှာ အမြဲထားနိုင်ဖို့ လိုပါတယ်။

ဒါကြောင့်ကိုယ့်ကိုယ်ကိုယ်လည်းမေတ္တာထားပါ သူတပါးကိုလည်းမေတ္တာထားပါ။ ကိုယ့်ကိုယ်ကို မေတ္တာထားနိုင်မှတပါးသူကိုလည်း မေတ္တာထားနိုင်လာပါတယ်။ကိုယ့်ရဲ့ အားနည်းချက်ကို
ခွင့်လွှတ်နိုင်လာမှ တပါးသူရဲ့ အားနည်းချက်ကိုလည်း လက်ခံနိုင်လာပါတယ်။

မှန်တယ်၊ မှားတယ် ခွဲခြားမနေဘဲ
နားလည်ပေးနိုင်တဲ့ မေတ္တာစိတ်ကိုအခြေခံပြီး နေထိုင်တဲ့အခါ လူတွေ မပြောင်းလဲလာပေမဲ့
ကိုယ့်စိတ်က ပြောင်းလဲလာပါတယ်။ အဲ့ဒီ ပြောင်းလဲမှုထဲမှာပဲ တကယ့် စိတ်အေးချမ်းမှုကတိတ်တိတ်လေး နေရာယူလာပါလိမ့်တယ်။

It’s been a while since our last post. Our page artist is currently busy, so today we’re sharing a short written post instead ✨

Happiness and suffering become clearer because of the way people think and understand things.

In daily life, we often hear phrases like “People show gratitude only when they feel thankful” or “Good intentions can become painful.” These words come from the way we see and expect things.

By nature, when we help others, we want our actions to be noticed. This feeling can come from the conscious mind or the unconscious mind. But people grow up differently and react in different ways. When their response does not match our expectations, suffering begins.

The true cause of suffering is not other people’s reactions. It is our own expectations and way of thinking.

Goodwill is not about receiving something in return. It becomes real only when we give freely. When expectations are added after giving, we create pain for ourselves.

People do not feel or think the same way we do, and they may not see our goodwill as we see it. Understanding this helps us give without attachment. In this freedom, happiness stays and suffering slowly fades away.

Everything we feel comes from our own mind. We need to remind ourselves that we cannot control everything and that not everything belongs to us.

When we can hold this understanding, the mind becomes lighter. To reach this freedom, loving kindness must be our foundation.

Be kind to yourself and be kind to others. When your mind changes, true peace quietly appears.

When you listen deeply, you will notice your inner voice is always speaking. The mind carries many thoughts rising from ...
30/08/2025

When you listen deeply, you will notice your inner voice is always speaking. The mind carries many thoughts rising from the subconscious. Some bring peace some bring fear. Some shine with love some burn with anger. It is like hearing two whispers one from light one from shadow. What you choose to follow shapes your life.

ဂရုတစိုက် နားထောင်တဲ့အခါ ကိုယ့်ရဲ့ စိတ်ထဲမှာ အမြဲတမ်း ကိုယ့်ကို စကားပြောနေတဲ့ ကိုယ့်ရဲ့ အတွေးပုံရိပ်တွေ ရှိပါတယ်။ နက်ရှိုင်းတဲ့ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ရဲ့ ထောင့်တနေရာဆီမှာ ကိုယ့်အသိမှတ်ပြုမိသော မပြုမိသော အတွေးများစွာကို သိုလှောင်ထားတယ်ဆိုတာကို သတိကပ်မိရင် ပိုပြီး သတိထားမိကြမှာပါ။ ဥပမာပြောရရင် တရားစစ ထိုင်တဲ့ လူတယောက်မှာ အတွေးတွေကို ကျော်ဖြတ်ရပါတယ်။ အဲဒီအချိန်မှာ သတိမထားမိလိုက်တဲ့ အရာသေးသေးလေးကတောင် ကိုယ့်စိတ်ရဲ့ တစိတ်တပိုင်းအဖြစ် ပြန်တွေ့ရဖူးတာတွေ ကြုံဖူးကြမှာပါ။ ထိုထိုသော အတွေးတွေကဘဲ မိမိရဲ့ နေ့စဉ် နေထိုင်မှုပုံစံတွေကို ပုံဖော်နေတာဖြစ်ပါတယ်။

မသိစိတ်က နားထောင်မိတဲ့ အကောင်းအဆိုး အကြောင်းအကျိုးတွေကြောင့် တစ်ချို့အချိန်တွေမှာ ချစ်ခြင်းမေတ္တာနဲ့ တောက်ပနေသလို တစ်ချို့အချိန်မှာ ဒေါသနဲ့ လောင်ကျွမ်းနေရတတ်ပါတယ်။ အလင်းနဲ့ အမှောင်လိုမျိုး ကိုယ့်ရဲ့ စိတ်က ဘယ်အသံကို နားထောင်မလဲဆိုတာပေါ် မူတည်ပြီး ဘဝကို ဖန်တီးသွားတာပါ။

ကိုယ့်အတွေးတွေကို သတိကပ်ပေးခြင်းဖြင့်သာ မကောင်းတဲ့ အသံတွေကို ပါယ်ချနိုင်မယ်။ အဲ့ဒီအချိန်မှာသာ အမှန်တရားနဲ့ ကောင်းမှုတွေရဲ့ အသံက မိမိရဲ့ လမ်းညွှန်ဖြစ်လာပါလိမ့်မယ်။ ကိုယ့်ကိုကိုယ် အောင်နိုင်ပြီဆိုတဲ့ အချိန်က စိတ်ထဲမှာ ဘယ်စိတ်အတွေးတွေကို အားပေးပြီး ကြီးထွားစေမလဲ ဆိုတာ ဆုံးဖြတ်နိုင်တဲ့ အချိန်ပါပဲ။

~ EIS

When a soul enters the world, it cries.Not from pain, but from memory. It knows: “Here we go again.”In this life, suffer...
27/05/2025

When a soul enters the world, it cries.
Not from pain, but from memory. It knows: “Here we go again.”

In this life, suffering is part of the journey but not all pain comes from the world. Some of it, we create ourselves 🙂 from greed, from always wanting more.

We chase gold, clothes, shiny phones, car, house and dream vacations. We want luxury, we want fame. And so we work more, earn more, and spend more. We are told: “Buy more, be happy!” But are we?

People are tied up. Not with ropes of chains, but with ropes of money. They are not living, only surviving. Their spirits are tired. This is the trap of desire. We need to know the difference between what we need and what we want 🧠 if not the more we chase, the more we are chased. 🔄

The world offers illusions. Until we are content, we remain trapped. Only when desire fades, the soul can breathe.

May your soul grow eyes that see the trap of this matrix and may you master your desire before it masters you. 🫂

ကလေးတစ်ယောက် လောကထဲ ဝင်လာတဲ့အခါ ငိုပြီး မွေးဖွားလာပါတယ်။ 😢 “ပြန်လာရပြန်ပြီလား” ဒုက္ခတွေကိုရင်ဆိုင်ရဦးမှာပါလားဆိုတဲ့ အသိစိတ်ကြောင့်လားလို့ ထင်မိပါတယ်။ 🌍

ဒီဘဝမှာ အသက်ရှင်လာကတည်းက ဒုက္ခတွေဟာ ဘဝခရီးရဲ့ အစိတ်အပိုင်းတစ်ခုဆိုပေမဲ့ 💭 တချို့သော ဒုက္ခတွေကိုတော့ ကိုယ့်လောဘနဲ့ လိုချင်တတ်မက်စိတ်တွေကနေ ကိုယ်တိုင် ဖန်တီးယူမိတတ်ပါတယ် 💸🔥

လက်ဝတ်တန်ဆာ💍၊ အဝတ်အစား👗🧥၊ ဖုန်းအသစ်📱နဲ့ အိမ်🏠၊ ကား🚘 စတဲ့ မပြီးဆုံးနိုင်သော လိုချင်စိတ်တွေကို နောက်လိုက်မိတယ်။ ဇိမ်ခံချင်တယ်✨၊ ကျော်ကြားချင်တယ်📸။ ဒါကြောင့် အလုပ်ပိုလုပ်💼၊ ပိုရှာ🔁၊ ပိုသုံးတယ်💳။

ဒါပေမယ့် အဲ့ဒါတွေမှာ အဆုံးမရှိသလို ♾️ အကုန်လုံးက တဘဝစာအတွက်ချည်း သပ်သပ်သာ ဖြစ်တဲ့အတွက် ☁️ သေသွားရင် ထားခဲ့ရမဲ့ အရာတွေကြီးပါပဲ ⚰️။
လိုချင်တာတွေနောက်လိုက်လို့ ပင်ပန်းရတာနဲ့ 😮‍💨
ပင်ပင်ပန်းပန်းလုပ်ထားရလို့ “လိုချင်တာလေးတော့ ဝယ်လိုက်ရမှ” ဆိုတဲ့ စိတ်တွေက
ကိုယ့်ကို ကိုယ် လိုချင်လောဘ သံသရာထဲမှာ 🕸️ ပိတ်လှောင်နေတယ်ဆိုတာ သတိထားရပါမယ် 🧠

လူတွေဟာ ချည်နှောင်ခံနေရတာပါ 🪢။ သံကြိုးတွေနဲ့လက်ထိပ်တွေ မဟုတ်ဘဲ ငွေကြေးကြိုးတန်းကြီးတွေနဲ့ပါ 💵🪤
ခေတ်သစ် ငွေဝယ်ကျွန်ဘဝပါပဲ မမေ့ပါနဲ့ 🚫
ဘဝမှာ ပျော်ရွှင်စွာ ရှင်သန်နေတာ မဟုတ်ပဲ
သေသွားလည်း ထားခဲ့ရမဲ့အရာတွေအတွက် 😵‍💫 ကြိုးစားရင်း ဘဝသက်တမ်းတွေဟာ လောင်ကြွမ်းနေတာပါ 🔥
ဒါက မဆုံးနိုင်သော အလိုဆန္ဒတွေရဲ့ ထောင်ချောက်ပါပဲ 🕳️
ဒါကြောင့် ဘဝမှာ လိုချင်တာနဲ့ လိုအပ်တာရဲ့ ခြားနားချက်ကို ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ် 🧘‍♀️📿
အဲ့ဒီလို မဟုတ်ရင်
လိုချင်လို့ ဝယ် လိုချင်တာ ဝယ်နိုင်ဖို့လုပ်နဲ့ မဆုံးသော ပါဘဲ 🔄

လောကကြီးက လှည့်စားမှုတွေနဲ့ 🎭 အမြဲ သံသရာမှာ ပိတ်မိစေတဲ့ ထောင်ချောက်ကြီးပါပဲ 🔒 လောဘထဲမှာ ဘယ်တော့မှ မရှိနိုင်တဲ့ စိတ်ကြေနပ်မှုကို ရှာဖွေနေသရွေ့ 🫥 ထောင်ချောက်ထဲမှာ ပိတ်မိနေကြဦးမှာပါ 😔
အလိုဆန္ဒတွေ၊ လိုချင်တက်မက်စိတ်မီးတောက်တွေကို 🔥 လျှော့ချနိုင်မှစိတ်ငြိမ်းချမ်းခြင်းကို ခံစားနိုင်မှာ ဖြစ်ပါတယ် 🕊️

ကိုယ့်ရဲ့ လိုချင်လောဘတွေက ကိုယ့်ကို မထိန်းချုပ်ခင်ဒီ Matrix 🧿 ရဲ့ ထောင်ချောက်ကို မြင်နိုင်ပြီး
ကိုယ့်ရဲ့ ဆန္ဒတွေကို ကိုယ်တိုင် ထိန်းချုပ်နိုင်ကြပါစေလို့ 🙏🫂


It has been a long time since my last journey, but I feel called to share something from one of my past experiences. I h...
07/05/2025

It has been a long time since my last journey, but I feel called to share something from one of my past experiences. I have always struggled with negative thoughts. Whenever I begin a journey with a question in my heart, I somehow receive an answer by the end.

During that trip, I asked, “How can I become more positive in daily life?”

The journey felt magical. It spoke to me in ways that words alone cannot explain. I saw how even a single negative thought can ripple outwards, touching many parts of my existence. 🌪️It was like a drop falling into still water, creating endless waves. Positive thoughts do the same. They send out light, reaching far beyond what we can see.

That moment revealed a deep truth. Every thought carries energy. Every thought helps shape the reality we live in. 💫

Psychedelic journeys, when approached with respect and intention, often reveal this deeper wisdom. They show us that clarity and insight already live within us. But the real journey begins after the vision fades 🔁 when we return to daily life and try to live what we have seen.

To stay aligned with this truth, we must practice. Meditation becomes the bridge between higher awareness and the everyday world. It strengthens our spirit and raises our inner frequency, helping us embody the light we received.

Sometimes the understanding feels crystal clear during the experience, as if I have remembered something ancient and sacred. But it’s hard to live in moments of chaos. That is part of being human. And every step taken with awareness brings us closer to harmony. ☮️

🪷 “The Divine Recipe” 🌌🔸 Brahma, the Creator, cracks open the Earth like an egg, symbolizing birth, vulnerability, and t...
04/05/2025

🪷 “The Divine Recipe” 🌌

🔸 Brahma, the Creator, cracks open the Earth like an egg, symbolizing birth, vulnerability, and the fragile beginning of all life. He holds the power to start existence by breaking what was once whole, exposing the essence inside so life can form.

🔸 Vishnu, the Preserver, lovingly sprinkles salt into the mixture—not only to preserve but to enhance the flavor of life. His gesture teaches that even hardship (like salt to a wound) is a necessary part of maintaining balance and depth in our journey.

🔸 Shiva, the Destroyer and Transformer stirs the cosmic spoon—mixing chaos and calm, joy and sorrow, beginnings and endings. Through his motion, the universe evolves, transforms, and becomes something new again and again.

The lotus bowl holds it all: light, darkness, stars, dreams, the weight of history, and the breath of tomorrow.

Together, these hands show us that life is not just lived—
It is crafted. Stirred with purpose. Seasoned with lessons. Broken open to release new beginnings. 🥣✨


Sometimes, the mistakes we make lead us to understand ourselves better. They help us become more empathetic, more compas...
19/04/2025

Sometimes, the mistakes we make lead us to understand ourselves better. They help us become more empathetic, more compassionate toward others. And even the guilt we feel from past mistakes can push us to do better, to become a better version of ourselves. So, those moments can turn into the support we need to grow.

In this way, the good and the bad are deeply connected. Darkness gives value to light. Even if you've suffered from past mistakes, that pain helps strengthen you for the journey ahead. That’s why every mistake holds the opportunity to become a meaningful mistake.

But first and foremost, it's important to recognize the mistake as a mistake. Only then can we truly learn the right lessons from them. So let’s choose the right lessons from our mistakes and keep leveling up our lives together! 💪🌱✨

တစ်ခါတစ်လေမှာ မှားဖို့မရည်ရွယ်ဘဲ မှားခဲ့မိတဲ့အမှားတွေက ဘဝမှာ ဘာက မှန်တယ်၊ ဘာက မှားတယ်ဆိုတာ နားလည်ဖို့ ကူညီပေးဖို့အတွက်မှားခဲ့ရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အတိတ်က ကိုယ်ရွေးချယ်ခဲ့တဲ့ မှားယွင်းမှုတွေဟာ မကြာခဏဆိုသလို ကိုယ့်ကို မှန်ကန်တဲ့လမ်းကြောင်းပေါ်ပို့ပေးနိုင်တဲ့ သင်ခန်းစာတွေဖြစ်လာတတ်ပါတယ်။

တစ်ခါတလေမှာ ကိုယ်လုပ်မိတဲ့အမှားတွေကြောင့် ကိုယ့်ကိုယ်ကိုပိုနားလည်လာတာ သူများကိုပိုပြီးကိုယ်ချင်းစာတတ်လာတာ ပိုပြီးကြင်နာတတ်လာတာမျိုးတွေအထိဖြစ်လာစေနိုင်တဲ့အပြင် အတိတ်ကအမှားတခုခုလုပ်ခဲ့ရာကနေအပြစ်ရှိတယ်လို့ ခံစားမိတာကြောင့်လည်း ပိုကောင်းအောင် လုပ်ဖို့ တွန်းအားပေးမိရင်းကနေကောင်းတာတွေပိုလုပ်မိတာမျိုးဖြစ်ဖို့အထောက်အပံ့ဆိုတာမျိုးလည်းဖြစ်လာနိုင်ပါ။

ဒီလိုမျိုးနည်းနဲ့ အဆိုးနဲ့ အကောင်းဟာ ဆက်စပ်နေပါတယ်။ အမှောင်ဟာ အလင်းကို တန်ဖိုးထားလာစေပါတယ်။ မှားခဲ့တဲ့အမှားတွေကြောင့်နာကျင်ခဲ့ရဖူးတယ်ဆိုရင်တောင် နာကျင်မှုက ဘဝမှာလျှောက်လှမ်းဖို့ပိုပြီးသန်မာအောင် ကူညီပေးပါတယ်။ ဒါကြောင့်အမှားတိုင်းကအမှားကောင်းဖြစ်လာဖို့အခွင့်အရေးရှိတယ်ဆိုတာကိုသတိပြုမိစေလိုပါတယ် ဒါပေမဲ့ ပထမဦးဆုံးအနေနဲ့မှားတာကို မှားမှန်းသိဖို့ အရေးကြီးပါတယ်။ ထိုမှတဆင့်အမှားတွေကနေမှန်ကန်တဲ့သင်ခန်းစာတွေယူတတ်ဖို့လိုပါတယ်။ ဒါကြောင့်အမှားတွေကနေ မှန်ကန်တဲ့သင်ခန်းစာတွေရွေးချယ်ရင်း ကိုယ့်ဘဝကိုယ်မြှင့်တင်ကာ lvl up ကြပါစို့။💪🌱✨


Human nature can be quite strange. When someone shares their sadness or struggles, it’s natural to feel compassion and w...
25/01/2025

Human nature can be quite strange. When someone shares their sadness or struggles, it’s natural to feel compassion and want to comfort them. But when it comes to people who are wealthy or successful, many feel jealousy instead of joy, often judging or criticizing them even when their success has no impact on their own lives.

The truth is, everyone is carrying their own burdens, their own unseen struggles. In the grand scheme of life, every living being is small, fragile, and just trying to survive. Instead of judging or comparing, perhaps it’s wiser to see others with kindness and humility, recognizing that we are all on different paths, but equally part of this shared existence. 🫂

လူ့သဘာဝဟာ တော်တော်လေး ထူးထူးဆန်းဆန်းနိုင်တယ်။ တစ်ယောက်ယောက်က သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုကို ဒါမှမဟုတ် ရုန်းကန်ဆင်းရဲနေမှုကို မျှဝေလိုက်တဲ့အခါမှာတော့ သူတို့အပေါ် သနား နှစ်သိမ့်ဖို့လွယ်ကြတယ် ဒါပေမဲ့ ချမ်းသာ အောင်မြင် အဆင်ပြေမူတွေကို မျှဝေပေးမိတဲ့အခါမှာတော့ လူတော်တော်များများဟာ ဝမ်းသာပေးရမဲ့မယ့်အစား အခြားလူတွေရဲ့ အောင်မြင်မှုတွေက သူတို့ဘဝတွေကို အကျိုးသက်ရောက်မှု မရှိတာတောင်မှ မကောင်းတဲ့အမြင်နဲ့ မနာလိုတတ်ကြတယ်၊ ဝေဖန်ကြတယ်။

အမှန်တရားက လူတိုင်းဟာ သူတို့ကိုယ်ပိုင် ဝန်ထုပ်ဝန်ပိုးတွေနဲ့ လူမသိသူမသိ ဒါမှမဟုတ် သိသိသာသာဘဲဖြစ်ဖြစ် ရုန်းကန်နေကြရတာပါ။ ဘဝတိုက်ပွဲကိုတထောင့်တစ်နေရာစီကတိုက်နေကြရတဲ့ ဒီသံသရာထဲကလူတွေကြီးပါဘဲ။ ဘယ်အရာမှမမြဲတဲ့လောကကြီးမှာ ကိုယ်စွမ်းရှိသလောက် အကောင်ဆုံး ရှင်သန်ဖို့ အကောင်းဆုံး သေဆုံးဖို့ အတွက် ကြိုးစားနေကြရတဲ့ သနားစရာ သတ္တဝါတွေပါဘဲ။ အဲ့တော့ နှိုင်းယှဉ်နေမဲ့အစား ကြင်နာသနားစိတ်နဲ့ အကုန်လုံးက မတူညီတဲ့ လမ်းကြောင်းတွေပေါ် ရုန်းကန်းနေရတဲ့ လောကရဲ့အစိတ်အပိုင်းတွေဆိုတာကို မြင်တတ်ပြီး တစ်ယောက်နဲ့တစ်ယောက် မေတ္တာထား၍ မိမိ၏ငြိမ်းချမ်းခြင်းကိုရှာဖွေကြပါစို့ 🤍


Address

Singapore

Website

Alerts

Be the first to know and let us send you an email when EIS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EIS:

Share