27/07/2026
အလုပ်လျှောက်တဲ့အခါမှာ ကိုယ့်ရဲ့ Portfolio က ဘယ်လောက်ထိ အရေးပါကြောင်းနှင့် အင်တာဗျူးမှာပြသရမယ့် မိမိရဲ့ Clear carrier objective & Decision အကြောင်းလေးကို အတွေ့အကြုံလေးမျှဝေပေးပါ့မယ်။
၁။ မိမိလျှောက်တဲ့ Position နဲ့ ကိုက်ညီမယ့် Portfolio ကိုပဲ ချပြပါ။
၂။ အင်တာဗျူးမှာ ပြောဆို ဖြေကြားတဲ့ အခါမှာလည်း မိမိက ဒီ position ကို ဘာကြောင့် ဝါသနာပါပြီး၊ ဘယ်လောက်ထိ passion ရှိရှိနဲ့ စိတ်အားထက်သန်စွာလုပ်ချင်ပါကြောင်းကို Confidence ရှိရှိပြန်ဖြေဆိုပါ။
အဖြစ်အပျက်က ဒီလိုပါ။
လွန်ခဲ့တဲ့ ၂ ပတ်လောက်က မလေးရုံးအတွက် 3D Visualizer အင်တာဗျူးတွေလုပ်တယ်။ Shortlisted Candidates တွေထဲက ကောင်မလေးတစ်ယောက်အကြောင်းကို ပြောပြပေးမယ်။
သူရယ် အခြားအမျိုးသား candidate ကို final interview ခေါ်တယ်။
သူမက Interior Designer အဖြစ်လည်းလုပ်ခဲ့သလို Visualizer အဖြစ်လည်း လုပ်ခဲ့ဖူးတယ်။
အမှန်က သူလျှောက်တဲ့ position ပေါ်မူတည်ပြီး portfolio ကို ခွဲလုပ်ထားခဲ့သင့်တာ။
ဥပမာ ID အတွက်ဆို သူနဲ့ပိုသက်ဆိုင်တဲ့ အချက်အလက်တွေ၊ ပုံတွေ၊ Design development & process တွေကို အလေးပေးထည့်ထားသင့်တယ်။
Visualizer အတွက်သီးသန့်ဆိုရင်လည်း 3D Renders & related data တွေကိုပဲ ဦးစားပေးထည့်ထားသင့်တာ။
အခုက သူက အဲ့ ၂ ခုကိုရောပြီး ထည့်ထားတယ်။
သူ့ portfolio ထဲမှာ Design concepts, Hand Sketches, Finished site photos, Renders , detail drawings တွေကို ပေါင်းထည့်ထားတယ်။ Render ပုံတွေက နည်းနေတယ်။
ဒီလိုအခြေအနေမျိုးမှာ ID position အတွက်သင့်တော်တဲ့ Portfolio မျိုးပါ။
ဒါပေမယ့် Visualizer position အတွက်တော့ မလုံလောက်နေပါဘူး။
ဒါနဲ့ပဲ Interview ရောက်တော့ MD, DD & ကျွန်တော်တို့က မေးကြတာပေါ့။
နင့် portfolio အရတော့ ဒီဇိုင်းပါလုပ်တတ်တယ်။ 3D လည်းရတယ်။
အဲ့တော့ နင်က ဘယ် position ကိုပိုလုပ်ချင်တာလဲပေါ့။
ဒီမှာ သူဖြေတာကအရေးကြီးသွားပါပြီ။
သူက Design အလုပ်ကိုပိုလုပ်ချင်ပေမယ့် Corporate ပိုင်းမှာ အတွေ့အကြုံမရှိသေးလို့ Visualizer ပဲလုပ်ပါ့မယ်လို့ပြောတယ်။ တွေဝေတဲ့ အဖြေမျိုးလေးပေးတယ်။
သူကလည်း ရိုးသားတဲ့အဖြေပေးတာပါ။ သူမမှားနေပါဘူး။
ဒါပေမယ့် တစ်ဖက်က အလုပ်ခန့်မယ့်သူဘက်က ပြန်စဉ်းစားစရာတစ်ခုရှိလာတယ်။
သူသည် Visualization ကို တကယ်ချစ်မြတ်နိုးပြီး နှစ်နှစ်ကာကာလုပ်ချင်တာ ဟုတ်ပါ့မလားဆိုတာကို တွေးရပါတယ်။
ဘာလို့လဲဆိုတော့ ခန့်ပြီးမှ သူက ကိုယ်သွားချင်တဲ့လမ်းကို သေချာမသိဘဲ ဖြောင့်ဖြောင့်လျှောက်ပါ့မလား။
သိပ်မကြာခင်ပဲ အလုပ်ပြန်ပြောင်းပြီး မလုပ်တော့ဘူးဆိုပြီး designer အဖြစ်ပြန်ပြောင်းသွားမလားဆိုတဲ့ သံသယအတွေးမျိုးကို ဖြစ်စေပါတယ််။
ဒီလို ဒွိဟအတွေးမျိုးက ( သို့ ) ခေါင်းစဉ် ၂ ခုထဲက ဘာရရလုပ်မယ်လို့ တွေးထားတဲ့အခြေအနေက
Fresher or အတွေ့အကြုံမရှိသေးတဲ့ လူငယ်လိုမျိုးအခြေအနေမျိုးမှာရှိတာကို လက်ခံလို့ရပေမယ့် ၊ အတွေ့အကြုံ ၅ နှစ်နဲ့အထက်ရှိနေတဲ့သူမျိုးတွေမှာ ဒါမျိုး မရေရာတဲ့ ဆုံးဖြတ်ချက်မျိုး၊ ဦးတည်ချက်မျိုးမရှိသင့်တော့ပါဘူး။
ကိုယ်ပိုင်နိုင်ရာ၊ ကျွမ်းကျင်ရာလိုင်းတစ်ခုပေါ်မှာ စောက်ချလုပ်ကိုင် လျှောက်လှမ်းသင့်နေပါပြီ။
သို့အတွက်ကြောင့် နောက်ဆုံးမှာ အခြားသူ့ထက် လက်ရာရောပိုကောင်းပြီး၊ ဦးတည်ချက်ခိုင်မာပြတ်သားတဲ့ ကောင်လေးကိုပဲ ရွေးချယ်ခဲ့ပါတယ်။
အခုအဖြစ်အပျက်မှာ ဘယ်သူ မှန်တာ မှားတာဆိုတာထက် ၊ ကိုယ်တွေ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုခံယူချက်နဲ့ ဘယ်လိုအဖြေမျိုးက ပိုသင့်တော်တယ်ဆိုတာကို ကြိုတွေးပြီး ပြင်ဆင်နိုင်ကြဖို့ ပြောပြခြင်းဖြစ်ပါတယ်။
❗️Company တိုင်းမှာ သူ့ policy နှင့် သူခန့်ရမယ့် candidate ရဲ့ expectation ကို သူတို့သက်မှတ်ပြီးသားဖြစ်တဲ့အတွက် company တိုင်းတော့ ဆုံးဖြတ်ချက်တွေက တူနေမှာမဟုတ်ပါဘူး။
❗️ID position အတွက်ဆို သူ့အတွက် သီးသန့် portfolio ကို လုပ်ထားပါ။
❗️Visualizer position ဆိုလည်း သူနဲ့ကိုက်မယ့် portfolio ကို ပြင်ဆင်ထားပါ။ Detail & design concept တွေကိုအသားပေးမကြည့်ချင်ပါဘူး။ Render quality & technical knowledge ကိုပဲ ဦးစားပေးကြည့်ပါတယ်။
❗️၂ ခုပေါင်းအတွက်လည်း သီးသန့်တစ်ခုပြင်ဆင်ထားပါ။
ပြီးလျှင် interview မှာလည်း ကိုယ်အခုလက်ရှိလာလျှောက်တဲ့ position ကိုပဲ ဦးတည်ပြီးဖြေဆိုပါ။ ကိုယ်တိုင်လည်း ဖြေဆိုတဲ့အတိုင်း လုပ်ဆောင်ဖို့ကို ခေါင်းထဲထည့်ထားပါ။
ဒါဆိုရင် ကိုယ့် portfolio, ကိုယ့်အဖြေကြောင့် အခွင့်အရေးလက်လွှတ်သွားရတာမျိုးတွေ အဖြစ်နည်းသွားနိုင်ပါတယ်။
ကိုယ်ကြုံခဲ့ဖူးတဲ့ အခက်အခဲ၊ အတွေ့အကြုံလေးတွေကိုလည်း comment မှာ ရေးသွားပေးလို့ရပါတယ်။ ✌️
အားလုံးအဆင်ပြေကြပါစေ။ ✌️💪😇