Cooking Together with Poe

เส้นทาง

Cooking Together with Poe ပိုးတို့အိမ်မှာ ချက်စားဖြစ်တဲ့ ဟင်းချက်နည်းလေးတွေ၊ မုန့်လုပ်နည်းလေးတွေ မျှဝေပေးနေပါတယ် 🧑‍🍳 ❤️

တူတူချက်စားကြည့်ကြမယ်နော် 🥰

ပျားရည်ကြက်ကြော်ကြက်ကြော်ကြော်တဲ့အခါ အရသာအပြောင်းအလဲလေးဖြစ်အောင် ဒီ Honey garlic chicken လို့ခေါ်တဲ့ ကြက်သွန်ဖြူအနံ့မွှေ...
18/10/2026

ပျားရည်ကြက်ကြော်

ကြက်ကြော်ကြော်တဲ့အခါ အရသာအပြောင်းအလဲလေးဖြစ်အောင် ဒီ Honey garlic chicken လို့ခေါ်တဲ့ ကြက်သွန်ဖြူအနံ့မွှေးမွှေးလေးနဲ့ ပျားရည်ကြက်ကြော်လေး ကြော်စားကြည့်ကြရအောင်နော်

ဆောစ့်အရသာစပ်နည်းလေးလည်း လုပ်ရလွယ်အောင် ပိုး‌ပုံအောက်မှာ ရေးပေးထားပါတယ်ရှင် ❤️

ပူပူစပ်စပ် ကင်မ်ချီဟင်းရည် 💞ဒီနေ့ ကင်မ်ချီသိပ်ထားတာလေး ရှိနေတာနဲ့ အရည်သောက်လေးတစ်ခွက်ရအောင် ကင်မ်ချီဟင်းရည်လေး ချက်ဖြစ်ပ...
12/10/2026

ပူပူစပ်စပ် ကင်မ်ချီဟင်းရည် 💞

ဒီနေ့ ကင်မ်ချီသိပ်ထားတာလေး ရှိနေတာနဲ့ အရည်သောက်လေးတစ်ခွက်ရအောင် ကင်မ်ချီဟင်းရည်လေး ချက်ဖြစ်ပါတယ်ရှင်

ဒီဟင်းရည်လေးက ပူပူစပ်စပ်လေးနဲ့ အအီပြေပြီး အရမ်းသောက်လို့ကောင်း‌တယ်နော်

ချက်‌နည်းလေးကိုတော့ ပုံအောက်မှာ ရေးပေးထားပါတယ်ရှင်

ကြက်အသည်းအမြစ် ချဥ်ငံစပ်သုပ်ခုလိုပူလာပြီဆိုရင် ဆီပြန်‌ဟင်းတွေထက် ပိုးကတော့ အသုပ်လေးတွေ ပိုသုပ်စားဖြစ်ပါတယ်ရှင်အသည်းအမြစ်...
08/10/2026

ကြက်အသည်းအမြစ် ချဥ်ငံစပ်သုပ်

ခုလိုပူလာပြီဆိုရင် ဆီပြန်‌ဟင်းတွေထက် ပိုးကတော့ အသုပ်လေးတွေ ပိုသုပ်စားဖြစ်ပါတယ်ရှင်

အသည်းအမြစ်ကို ချဉ်ချဉ်ငံငံစပ်စပ်လေး သုပ်လိုက်ရင် အအီပြေပြီး တမျိုးထဲနဲ့ ထမင်းမြိန်စေတာမို့လို့ အသုပ်‌လေး ပြောင်းသုပ်စားကြည့်နော်

ပုံအောက်မှာ သုပ်နည်းလေး ရေးပေးထားပါတယ်ရှင် ❤️

ကီးမားပလာတာ 💞Ready made ပလာတာအရွက်လေးတွေ ဝယ်ထားတာရှိတာနဲ့ ကြက်ကီးမားလေး ချက်ပြီး ကီးမားပလာတာလေး လုပ်စားဖြစ်ပါတယ်ပုံမှန်ဆ...
03/10/2026

ကီးမားပလာတာ 💞

Ready made ပလာတာအရွက်လေးတွေ ဝယ်ထားတာရှိတာနဲ့ ကြက်ကီးမားလေး ချက်ပြီး ကီးမားပလာတာလေး လုပ်စားဖြစ်ပါတယ်

ပုံမှန်ဆို ပလာတာအရွက်ဝယ်ပြီး ကြက်ဥပလာတာတို့၊ ပဲပလာတာတို့ပဲ ကြော်စားဖြစ်ပါတယ်

ဒီနေ့တော့ ကီးမားပလာတာလေး စားချင်လာတာနဲ့ ချက်ရင်းနဲ့ ပိုးချက်ဖြစ်တဲ့နည်းလေးပါ မျှဝေပေးလိုက်ပါတယ်ရှင် ❤️

မုန်ညှင်းထုပ်ကင်မ်ချီ အလွယ်လုပ်နည်းကင်မ်ချီကြိုက်တယ်ဆိုရင် ပိုးလိုမျိုး အိမ်မှာကိုယ်တိုင်လုပ်စားကြည့်နော် အရမ်းကြီးအလုပ်...
01/10/2026

မုန်ညှင်းထုပ်ကင်မ်ချီ အလွယ်လုပ်နည်း

ကင်မ်ချီကြိုက်တယ်ဆိုရင် ပိုးလိုမျိုး အိမ်မှာကိုယ်တိုင်လုပ်စားကြည့်နော်

အရမ်းကြီးအလုပ်မရှုတ်ဘဲ လွယ်လွယ်ကူကူလုပ်စားလို့ရတဲ့နည်းလေးမို့ ကင်မ်ချီလေးသိပ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားမယ်ဆိုရင် စားချင်တဲ့အခါ ထုတ်စားရုံပါပဲနော်

နှစ်ပတ်၊ သုံးပတ်လောက်အထိ ရေခဲသေတ္တာထဲ ထည့်ပြီး စားလို့ရတာမို့လို့ အရမ်းကို အဆင်ပြေသောပါပဲရှင်

လုပ်နည်းလေးကို ပုံအောက်မှာ ရေးပေးထားပါတယ်ရှင် ❤️

အလုပ်မအားတဲ့ရက်တွေဆို ဒီငါးသေတ္တာဘူးလေး‌တွေက အရမ်းအဆင်ပြေသောပါပဲနော် ဒီနေ့တော့ ငါးသေတ္တာကို ချဉ်စပ်လေး ပြန်ချက်လိုက်ပါတယ...
09/08/2026

အလုပ်မအားတဲ့ရက်တွေဆို ဒီငါးသေတ္တာဘူးလေး‌တွေက အရမ်းအဆင်ပြေသောပါပဲနော်

ဒီနေ့တော့ ငါးသေတ္တာကို ချဉ်စပ်လေး ပြန်ချက်လိုက်ပါတယ်

ဒီရက်ပိုင်း အလုပ်မအားတာနဲ့ လွယ်ကူရိုးရှင်းတဲ့ဟင်းလေးတွေ ပိုချက်ဖြစ်တာမို့ နောက်ရက်တွေမှာလည်း မြန်မြန်ဆန်ဆန်နဲ့ အလွယ်ချက်လို့ရမယ့် ဟင်းချက်နည်းလေးတွေ ပိုးပြန်တင်သွားပေးမယ်နော် ❤️

မရမ်းသီးငပိကြော် စိုစိုအိအိလေးဒီနေ့‌ကတော့ အိမ်မှာ ကြက်ကြော်လေး ကြော်ဖြစ်တာနဲ့ အအီပြေအောင် ဒီမရမ်းသီးငပိကြော်လေးပါ ချက်ဖြ...
23/07/2026

မရမ်းသီးငပိကြော် စိုစိုအိအိလေး

ဒီနေ့‌ကတော့ အိမ်မှာ ကြက်ကြော်လေး ကြော်ဖြစ်တာနဲ့ အအီပြေအောင် ဒီမရမ်းသီးငပိကြော်လေးပါ ချက်ဖြစ်ပါတယ်

ဒီငပိကြော်လေးကလေ အအီပြေပြီး ထမင်းမြိန်စေတာမို့လို့ လိုက်ချက်စားကြည့်ကြအုံးနော် ❤️

20/07/2026

အကုန်အကျသက်သာပြီး ထမင်းမြိန်စေတဲ့ ချဉ်ငံစပ် ဟင်းနုနွယ်သုပ် 🧑‍🍳❤️

ဒီကြက်သားငပိချက်နဲ့ဆို ထမင်းမြိန်မှာ အသေချာပါပဲရှင်ကြက်သားကို ရိုးရိုးဆီပြန်ဟင်းတွေပဲ ချက်စားဖြစ်နေတာနဲ့ ဒီနေ့တော့ အပြော...
19/07/2026

ဒီကြက်သားငပိချက်နဲ့ဆို ထမင်းမြိန်မှာ အသေချာပါပဲရှင်

ကြက်သားကို ရိုးရိုးဆီပြန်ဟင်းတွေပဲ ချက်စားဖြစ်နေတာနဲ့ ဒီနေ့တော့ အပြောင်းအလဲလေးဖြစ်အောင် ငပိချက်ပုံစံလေး ချက်စားဖြစ်ပါတယ်

ချက်နည်းလေးကို ပုံအောက်မှာ ရေးထားပေးပါတယ်ရှင် ❤️

16/07/2026

ရခိုင်မုန့်တီ ကြိုက်ကြလားရှင့် 😋

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Cooking Together with Poe โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

บริการตกแต่งภายในใกล้เคียง