01/06/2026
English Version Below
ပွင့်ပွင့်လင်းလင်း ပြောရရင် အခု ရန်ကုန်က ဆိုင်တွေ၊ မုန့်တွေကို မြင်တိုင်း အရမ်းအရမ်း စားချင်တာပါ ၊ ငယ်ငယ်တုန်းက မုန့်ဖိုးနဲ့လဲ ကြိုက်သလို ဝယ်စားလို့ မရခဲ့ပါဘူး အလုပ်လုပ်ပြီး လစာရတဲ့အချိန်မှာလည်း စိတ်တိုင်းကျ စားနိုင်တဲ့ အခြေအနေ မဟုတ်ခဲ့ပြန်ဘူး …
အခုတော့ ကြိုက်တဲ့အစားအစာကို ကြိုက်သလို စားနိုင်တဲ့ အခြေအနေ ရောက်လာပေမယ့် လူလဲ ရန်ကုန်မှာ မရှိတော့ပါဘူး ပြန်လို့လဲ အဆင်မပြေတော့ပါဘူး … အဲ့ဒီလို အတွေးတွေ ဝင်လာတိုင်း ကိုယ့်ကိုယ်ကို ပြန်ပြောမိတာ တစ်ခုရှိတာက
“အခု လက်ရှိရှိနေတဲ့ အချိန်ကို အကောင်းဆုံး အသုံးချပြီး ပျော်အောင်နေပါ”
ကိုယ်ခန္ဓာ နဲ့ ပတ်သက်ရင်လည်း အတူတူပါပဲ ကျမ ငယ်ငယ်တုန်းကလို အထိုင်အထ၊ လှုပ်ရှားမှုတွေ မလွယ်တော့တာတွေ သတိထားမိလာတယ် ၊ ၃၂ လေ ဒီလောက် ရှိလာတာတော့ မဆန်းပါဘူး 😌 အဓိကက ပိုဆိုးမသွားအောင်ရယ် ကောင်းနေတာလေး ဆက်ထိန်းသိမ်းပေးဖို့ပါပဲ … နေ့တိုင်း လှုပ်ရှားမှူ လုပ်ပေးပါ တစ်နာရီလောက်, Gym သွားမှ လေ့ကျင့်ခန်း မဟုတ်ပါဘူးနော် လှုပ်နေရင်ကို ရပါပြီ
၂၀၂၆ မှာ ကျမ Self Awareness နဲ့ Self Centered ရယ်ကို အသေ ဖတ်တွယ်ထားတာပါ
အရင်က ဘဝထဲက အရေးမပါတဲ့ ကိစ္စတွေ စိတ်ရှုပ်စရာတွေ အရေးကြီးတယ် ထင်ပြီး နေခဲ့ရတော့ ဒီလို အသေးစိတ် အတွေးတွေ Grateful အခိုက်အတန့်လေးတွေကို သတိမထားမိခဲ့ဘူး …
မြတ်စွာဘုရား ဟောကြားခဲ့တဲ့ စား သတိ သွားသတိ လာသတိ ဆိုတာကြီးက နေ့စဉ်ဘဝမှာ သုံးလို့ ရပါတယ်နော် … တရားစခန်း ၁၀ ရက်ဝင်မှ မဟုတ်ပါဘူး … အသက်လေး မှန်မှန်ရှူပြီး လုပ်တဲ့ အရာတိုင်း သတိကပ်နေတာကလဲ အမှားတွေ မလုပ်မိအောင် ဘဝမှာ တရားနဲ့ အတူ နေခြင်း တစ်မျိုးပါပဲရှင်
အားလုံးပဲ နေ့စဉ် အလုပ်လေးတွေမှာ သတိကပ်ပြီး မုန့်ငတ်နိုင်ကြပါစေရှင် 😂
To be completely honest, these days whenever I see photos of food shops and snacks from Yangon, I really crave them.
When I was younger, I couldn’t just buy whatever I wanted with my pocket money. Even after I started working and earning a salary, I still wasn’t in a position where I could freely enjoy all the food I wanted.
Now, I finally have the means to enjoy those things, but I’m no longer living in Yangon, and going back isn’t as simple as it once was.
Whenever these thoughts come up, I remind myself of one thing:
“Make the most of the present moment and enjoy the life you have today.”
The same applies to my physical health. I’ve started noticing that getting up, sitting down, and moving around isn’t quite as effortless as it was when I was younger. Well, I’m 32 now, so I suppose that’s not too surprising. 😌
The important thing isn’t trying to stay young forever, it’s making sure I don’t get worse and taking care of the health I still have. That’s why I try to move my body every day, even if it’s just for an hour. You don’t need to go to the gym to do exercises. Just simply staying active is already a great start.
In 2026, I’ve been holding tightly to two things: self-awareness and being self-centered.
For a long time, I spent my energy on things that weren’t truly important, over explaining and try to correct the things like other people wanted. So I never really noticed the small moments, the little blessings, and the things worth being grateful for.
One teaching of the Buddha that resonates with me more and more is mindfulness in everyday life such as being aware when you eat, aware when you walk, aware when you come and go.
You don’t have to spend ten days in a meditation retreat to practice mindfulness 😂 and back to normal life.
Sometimes it’s as simple as taking a steady breath and paying attention to whatever you’re doing in that moment. Living with awareness helps us make fewer mistakes, and in its own way, it allows us to carry the Dhamma with us through everyday life.
Love,
Josie