10/02/2026
ဒီပွဲမှာမမမေရဲ့ တို့ဟူးသုပ် နဲ့ Cranberry အားပေးလို့ရပါမယ်နော်
ကမ္ဘာတစ်လွှားက မြို့ကြီးတွေမှာ ပရိသတ်တွေရဲ့ မျက်ရည်၊ ခွန်အားတွေနဲ့အတူ အားပေးမှုကို တစ်ခဲနက် ရရှိထားတဲ့ တကယ့်ဖြစ်ရပ်မှန် based on true story ရုပ်ရှင်ဇာတ်ကားကြီး "RAY" ဟာ လာမယ့် အောက်တိုဘာလ (၃) ရက်နေ့စနေနေ့မှာ နယူးယောက်မြို့ဆီကို ရောက်ရှိလို့ လာတော့မှာပါ။
ခေတ်ဆိုးကြီးကို ရင်ကော့ပြီး ဖြတ်သန်းခဲ့ကြတဲ့ မြေပြင်က သူရဲကောင်းတွေရဲ့ အစစ်အမှန် ဇာတ်လမ်းကို ဒါရိုက်တာ သည်ခေတ်နေက ပီပြင်စွာ ပုံဖော်ထားပြီး၊ ထားထက်ထက်၊ ဒေါင်း နဲ့ မင်းမော်ကွန်း တို့ရဲ့ အသက်ပါတဲ့ သရုပ်ဆောင်မှုတွေကို ပိတ်ကားထက်မှာ မျက်ဝါးထင်ထင် ခံစားကြရမှာ ဖြစ်ပါတယ်။
အမိမြေနဲ့ ဝေးကွာနေပေမယ့် ကိုယ်ကျရာ ကဏ္ဍကနေ သမိုင်းပေးတာဝန်ကို ဆက်လက် ထမ်းရွက်ရင်း၊ ငွေရောင်ပိတ်ကားထက်က ရဲဘော်တွေရဲ့ ခံစားချက်တွေကို အတူတကွ မျှဝေခံစားဖို့ အတွက်လက်မှတ်လေးတွေကို ကြိုတင်ဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါတယ်။
နေ့စွဲ - အောက်တိုဘာ (၃) ရက်၊ စနေနေ့
ပထမပွဲ - ၁၂၃၀ နာရီ
ဒုတိယပွဲ - ၃ နာရီ
လက်မှတ်ဈေး - USD 30
ရုပ်ရှင်ပြသမည့်နေရာ - 540, East 76 Street, New York City (Upper East side), NY 10021
https://maps.apple/p/w4Vmyo-16~t3Pd
Zelle နဲ့ ပေးချေဖို့အတွက် H2B ရဲ့ Zelle [email protected] ကိုပေးပို့လို့ရပါတယ်။ အကယ်၍ Venmo, PayPal, SDB တို့နဲ့ပေးချေလိုပါကလည်းအဆင်ပြေအောင်စီစဥ်ပေးလို့ရပါတယ်။
👉👉👉လက်မှတ်ဝယ်ယူလိုပါက H2B chat box ကိုလာခဲ့ပေးပါ။ ဝယ်ယူလိုတဲ့ပွဲချိန်၊ နံမည် နဲ့ အီးမေးပေးဖို့လိုပါမယ်။ H2B chat box see below 👇
https://www.facebook.com/share/1BNVPZWhxN/?mibextid=wwXIfr
ဖုန်းနဲ့ဝယ်ယူလိုပါက အောက်ပါ H2B အဖွဲ့ဝင်များကိုဆက်သွယ်လို့ရပါတယ်။
(347) 765-6903
(646) 553-0101
(917) 363-6978
H2B မိသားစု